UPR Report Drafting Workshop ကို Burma/Myanmar UPR Forum ကျင်းပ

Equality Myanmar March 20, 2018
UPR Report Drafting Workshop ကို Burma/Myanmar UPR Forum မှ အဖွဲ့ဝင်များနှင့်အတူ ရန်ကုန်မြို့ရှိ Esperado ဟိုတယ်တွင် မတ်လ (၁၅)ရက်နေ့မှ (၁၇) နေ့အထိ (၃) ရက်တိုင် ညီမျှခြင်း မြန်မာမှ ဦးဆာင်
ကျင်းပခဲ့ပါသည်။

၎င်းအစည်းအဝေးတွင် အဖွဲ့အစည်းများမှ Thematic issues အလိုက် ရေးသားထားသည့် အစီရင်ခံစာများကို မချယ်ရီ (Researcher) မှ ပြန်လည်စီစစ်ပြီး၊ လိုအပ်သည့်အချက်အလက်များကို ပြန်လည်ထည့်သွင်းရေးသား နိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။ ညီမျှခြင်းမြန်မာ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းမှလည်း ရှေ့ဆက်လုပ်ငန်းစဉ်များ အနေဖြင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံပြီး၊ UPR Midterm Report နှင့် ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ခြင်းနှင့် Media Report Launch လုပ်မည့် ကိစ္စရပ်များကို ဦးဆောင်ဆွေးနွေးခဲ့ ပါသည်။