Entries by Equality Myanmar

လူ့အခွင့်အရေးနည်းပြသင်တန်း (လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်) ကို အွန်လိုင်းက တဆင့်ပြုလုပ်ကျင်းပပြီးစီး

ညီမျှခြင်းမြန်မာသည် လူ့အခွင့်အရေးနည်းပြ (လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်) online သင်တန်းကို မေလ ၁၀ ရက် မှ မေလ၂၂ ရက်အထိ ပြုလုပ်ခဲ့ပါသည်။ လူ့အခွင့်အရေးနည်းပြသင်တန်းကို ယခင်နှစ် များနှင့်မတူပဲ သင်တန်းကို ၂ ကြိမ်ခွဲပြီး ပြုလုပ်ခဲ့ပါသည်။ ပထမ အကြိမ်ကို မတ်လတွင် ပြုလုပ်ခဲ့ရာ COVID 19 ရောဂါကြောင့် သင်တန်းကို ပြီးစီးအောင်မလုပ်နိုင်ခဲ့၍ ဒုတိယအကြိမ် အွန်လိုင်ကတဆင့် ထပ်မံပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ လူ့အခွင့်အရေးနည်းပြ သင်တန်းကို အွန်လိုင်းကတဆင့် ပြုလုပ်ခဲ့ခြင်းကြောင့် သင်တန်းသားများသည် မိမိတို့ နေအိမ်ကပဲ သင်တန်းပြီးဆုံးသည်အထိ လေ့လာနိုင်ခဲ့ပါသည်။ အွန်လိုင်ကတဆင့် ဤသင်တန်းကို နေ့စဉ် နံနက် ၁၀ နာရီမှ ၁၁ နာရီ ခွဲ အထိ တစ်ကြိမ်နှင့် ညနေ ၃ […]

,

ကိုဗစ်ရောဂါနဲ့ LGBT လူမှုဆက်ဆံရေး( Covid-19 & LGBT Social)

ကိုဗစ်ရောဂါဆိုးဝါးနေတဲ့ကာလအတွင်းမှာ LGBT လို့ခေါ်တဲ့ လိင်စိတ်ကွဲပြားတဲ့သူတွေအနေနဲ့ လူမှုဆက်ဆံရေး(Social relation)တွေကို ဘယ်လိုမျိုး တည်ဆောက်မလဲ။ ဘာတွေသတိထားသင့်သလဲဆိုတဲ့အချက်တွေကို အဓိကထား တင်ပြပေးထားပါတယ်။

,

ဗွီဒီယိုများ အသုံးပြုခြင်း သင်ခန်းစာ

ဗွီဒီယိုများ အသုံးပြုခြင်း သင်ခန်းစာ မင်္ဂလာပါ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ စာသင်ကြားရေးမှာလည်း ဆရာက မြေဖြူ၊ ကျောက်သင်ပုန်း၊ စာအုပ်နဲ့ ရေးပြ၊ ဖတ်ပြတာကိုပဲ နားထောင်ပြီးလေ့လာရတဲ့ ခေတ်မဟုတ်တော့ပါဘူး။ သင်ကြားမှုအပိုင်းမှာလည်း တပည့်တွေ၊ လေ့လာသူတွေက ပိုမိုစိတ်ဝင်စားမှုရှိလာအောင်၊ သင်ခန်းစာ၊ လေ့လာမှုတွေကို လက်တွေ့ဘဝနဲ့ ချိတ်ဆက်တတ်လာအောင် ဖြစ်ရပ်မှန် ဇာတ်လမ်း၊ ဗွီဒီယိုမှတ်တမ်းတွေကို ပြသပြီးသင်ကြားလာနေကြပါပြီ။ ဒါကတော့ သင်ထောက်ကူနည်းမျိုးစုံရှိတဲ့အထဲက ဗွီဒီယိုတွေကို သင်ထောက်ကူအဖြစ်သုံးတဲ့ နည်းတစ်မျိုးဖြစ်ပါတယ်။ ဗွီဒီယိုကို သင်ထောက်ကူအဖြစ်အသုံးပြုမယ်ဆိုရင် ဘယ်လိုတွေ လုပ်ဆောင်ရမလဲ။ ဖျော်ဖြေရေးဘက်ရောက်မသွားအောင် ဘယ်လိုသတိထားရမလဲ၊ သင်ခန်းစာနဲ့ချိတ်ဆက်အောင် ဘယ်လို လမ်းကြောင်းပေးရမလဲ ဆိုတဲ့အကြောင်းကို ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ရှင်းလင်းပေထားတဲ့ ဗွီဒီယိုလေး ထပ်တင်ပေးလိုက်ပါတယ်နော်။

, ,

ကိုဗစ်နှင့် LGBTIQ ကျန်းမာရေး

လိင်စိတ်သဘောကွဲပြားသောသူတွေကလဲ လူတွေထဲကလူ၊ ပြည်သူတွေထဲက ပြည်သူတွေဖြစ်တဲ့အတွက်ကြောင့်မို့ ကိုဗစ်နဲ့ဆိုင်တဲ့ ကျန်းမာရေးအကူအညီ၊ သတင်းအချက်အလက် ရရှိခွင့်တွေမှာ ခွဲခြာမှုမရှိပဲ တန်းတူရရှိရမှာဖြစ်ပါတယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူရာမှာ ခွဲခြားခြင်း မရှိစေရဘူး။ LGBTIQ တွေကကော ဒီကာလမှာ ကိုယ့်ကိုယ်ကို ကျန်းမာအောင် ဘယ်လို သွားလာနေထိုင်ရမလဲ၊ သတိထားရမလဲ ဆိုတဲ့အကြောင်းကို ရှင်းလင်းပြောပြပေးထားတဲ့ ဗွီဒီယိုလေး တင်ပေးလိုက်ပါတယ်။

, ,

Small group discussion – အုပ်စုငယ်များ ခွဲ၍ဆွေးနွေးခြင်း သင်ခန်းစာ

အစည်းအဝေး ဆွေးနွေးဝိုင်းတွေ၊ သင်တန်းတွေကို ပိုပြီး ထိရောက်အောင်၊ အစည်းအဝေး တက်ရောက်သူတွေ(သို့မဟုတ်) ပါဝင်သူတွေအားလုံး ပြောဆိုဆွေးနွေးနိုင်အောင် ဘယ်လိုဦးဆောင် စီမံမလဲဆိုတဲ့ ဗွီဒီယိုကို တင်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီကနေ့တင်မဲ့ ဗွီဒီယိုလေးမှာတော့ လူအများနဲ့ပြုလုပ်တဲ့ အစည်းအဝေး ကြီးကြီး(သို့မဟုတ်) သင်တန်းတွေကို အတန်းလိုက်ထိုင်စေပြီး ဆွေးနွေးစေတဲ့ လုပ်ဆောင်မှုမျိုးမဟုတ်ပဲ အားလုံး တစ်ယောက်နဲ့ တစ်ယောက်မြင်နိုင်အောင် ဝိုင်းဖွဲ့ထိုင်ကာ ဆွေးနွေးစေတဲ့အကြောင်း၊ ဒီထက်ပိုပြီး အသေးစိတ်ဆွေးနွေးမှုတွေ ပြုလုပ်သွားနိုင်အောင် အုပ်စုငယ်လေးတွေ ထပ်ခွဲပြီး ဆွေးနွေးစေရတဲ့ အကြောင်းကို ရှင်းလင်းပေးထားပါတယ်။ တစ်ဦးတစ်ယောက်ကပဲ ပြောဆိုသွားတာမျိုးမဖြစ်အောင်၊ အုပ်စုမှာ ပါဝင်တဲ့သူတွေ အားလုံးရဲ့ အမြင်တွေ၊ အသံတွေ ပါဝင်ဆွေးနွေး လာအောင် ဘယ်လိုအုပ်စုဖွဲ့ပေးရမလဲ၊ သတိထား လုပ်ဆောင်ရမလဲ ဆိုတဲ့ အချက်တွေကို ဆရာဦးအောင်မျိုးမင်းက တင်ပြပေးထား ပါတယ်နော်။

ရွှေဘိုမြို့တွင် လိင်စိတ်တိမ်းညွတ်မှုကွဲပြားသူများမုန်းတီးမှုလျော့ကျစေရေးနှင့် လူသားချင်း မခွဲခြားရေးအတွက် ပညာပေး စည်းရုံးမှုများ ပြုလုပ်

ရွှေဘိုမြို့တွင် လိင်စိတ်တိမ်းညွတ်မှုကွဲပြားသူများ မုန်းတီးမှုလျော့ကျစေရေးနှင့် လူသားချင်း မခွဲခြားရေးအတွက် ပညာပေးစည်းရုံးမှုများ ပြုလုပ် ရွှေဘိုမြို့၊ သပြေညို ၊ ရွှေဘိုပန်း လိင်စိတ်တိမ်းညွတ်မှုကွဲပြားသူများအဖွဲ့က ကိုအီးတီ ဦးဆောင်၍ ‘ကိုဗစ်ပိုးသည် လူတိုင်းရဲ့ အန္တရာယ်ပါ၊ သူငါမခွဲခြား လူတိုင်းကာကွယ်ပါ’ ဟူသော ပညာပေး သတင်းစကားဖြင့် လူသားအချင်းချင်းခွဲခြားဆက်ဆံခြင်းမပြုလုပ်စေရန် နှင့် လိင်စိတ်ခံယူမှု ကွဲပြားသူများကို မုန်းတီးမှုလျော့ကျ စေရေးအတွက်ရည်ရွယ်၍ ပညာပေးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြပါသည်။   ကုန်းဘောင်ဈေး စည်ပင်အရာရှိက “အခုလိုအချိန်မှာလူတွေက ဂရုစိုက်ဖို့လိုတယ်၊ ဒါကြောင့် များများ ပညာပေးပါ” လို့ ပညာပေး လုပ်ဆောင်မှုကို အားပေးစကားဆိုပါသည်။     မေလ၊ ၂၊ ၁၁ ၊ ၁၃ ရက်များတွင် ရွှေဘိုမြို့မဈေး၊ ကုန်းဘောင်ဈေး၊ တောင်တံခါးဈေးတို့၌ လူထုပညာပေးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ပါသည်။ […]

, ,

မေးခွန်းမေးခြင်း အတတ်ပညာ

လူတွေကပြောပါလိမ့်မယ် မေးခွန်းမေးတာ ဘာခက်လို့လဲပေါ့။ တကယ်တမ်းကိုယ်သွားချင်တဲ့ ခေါင်းစဉ်ကို ရောက်အောင်သွားနိုင်ဖို့၊ အဆင့်ဆင့်သွားနိုင်ဖို့၊ လူတွေရဲ့ ခံယူချက်၊ အတွေးအခေါ်တွေကို မြင်ဖို့အတွက်က မေးခွန်းမေးခြင်း အတတ်ပညာဟာ လွယ်မလိုနဲ့ ခက်ခဲပါတယ်။ ဒါဆို ဘယ်လိုမေးရသလဲဆိုတာ သိချင်ရင်တော့ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကိုယ်တိုင် ရှင်းလင်းတင်ပြပေး ထားတဲ့ ဗွီဒီယိုလေးကို အတူလေ့လိုက်ကြရအောင်နော်….  

, ,

ကိုဗစ်(Covid-19)နှင့် ကလေးသူငယ်အခွင့်အရေး

ကိုဗစ်ရောဂါပြန့်ပွားနေတဲ့ကာလအတွင်း ကလေးတွေရဲ့အခွင့်အရေး ဘာတွေထိခိုက်သွားနိုင်သလဲ။ ဒါတွေကြောင့်မို့လို့ အစိုးရတွေနဲ့ မိဘပြည်သူတွေက ဘာလုပ်သင့်သလဲဆိုတဲ့ အကြောင်းအရာကို တင်ပြပေးထားပါတယ်။  

, ,

ပို့ချခြင်း အတတ်ပညာ(Facilitation)

လူ့အခွင့်အရေးပညာပေးသူတွေနဲ့ သင်တန်းနည်းပြတွေ မသိမဖြစ်လေ့လာသိရှိထားရမဲ့ ပို့ချခြင်း အတတ်ပညာအကြောင်းကို ရှင်းလင်းပို့ချပေးထားတဲ့  ဗီဒီယိုဖိုင်လေး တင်ပေးလိုက်ပါတယ်။ လူ့အခွင့်အရေးပညာပေးသူ(သို့) နည်းပြကောင်း တစ်ယောက်၊ စေ့စပ်ဆော်သြသူ(Facilitator) ကောင်း တစ်ယောက်တွင် ရှိရမဲ့ အရည်အချင်း၊ သတိထား ဂရုပြုရမဲ့အချက်တွေကို ညီမျှခြင်းမြန်မာအဖွဲ့ရဲ့  အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကိုယ်တိုင် ရှင်းလင်း တင်ပြ ပေးထားပါတယ်။ သင်တန်းနည်းပြမဟုတ်ပေမဲ့ အစည်းအဝေးတွေ၊ ရပ်ရေး၊ ရွာရေး ဆွေးနွေးပွဲတွေကို ဦးဆောင်ဆွေးနွေးပေး နေသူတွေအဖို့လည်း  လေ့လာထားရင် အကျိုးရှိစေမယ့် ဗီဒီယိုဖိုင်လေးပါ။ အိမ်မှာနေပြီး မိမိတို့အချိန်တွေကို အကျိုးရှိရှိအသုံးချလိုက်ကြရအောင်လို့ ဖိတ်ခေါ်လိုက်ပါတယ်။ နောက်ရက်တွေမှာလည်း ပညာပေးဗီဒီယိုဖိုင်လေးတွေကို ထပ်ပြီး တင်ပေးသွားပါအုံးမယ်ဆိုတဲ့ သတင်းကောင်းလေးပါ တစ်ခါတည်း ပါးလိုက်ပါတယ်နော်…

, ,

Covid & Child – ကိုဗစ်နဲ့ ကလေး

ကိုဗစ်ကာလအတွင်း အိမ်မှာနေတဲ့အခါမှာ ကလေးတွေကို ဘယ်လိုမျိုး ပြုစုပျိုးထောင်သင့်သလဲဆိုတဲ့ အချက်ကို အဓိက တင်ပြပေးထားပါတယ်။