လူ့အခွင့်အရေး အသိမြင်ဖွင့် သင်တန်း
လူ့အခွင့်အရေးအသိမြင်ဖွင့်သင်တန်း (၆) ရက်တာ ဆွေးနွေးမှုသင်တန်း ကို မေလ ၂၂ ရက်မှ ၂၈ ရက်နေ့အထိ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ၊(ရွှေခြင်္သေ့ဘုန်းတော်ကြီးကျောင်း) တွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။
သင်တန်းသို့ ရွှေဘို၊ ကန့်ဘလူ၊ ဘုတလင်၊ ကသာမှ သင်တန်းသား စုစုပေါင်း (၂၀)ဦးရေ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။
“အရင်တုန်းကတော့ လူ့အခွင့်အရေးလို့ပြောလို့ရှိလို့ရှိရင် အပေါ်ယံ လောက်ပဲသိခဲ့တယ်။ အားလုံးတန်းတူအခွင့်အရေး ရှိတယ်ဆိုတာ သိလာတယ်။ နောက်တခုက အရင်ကဆိုရင် ကျမတို့ LGBTတွေဘဲ အခွင့်အရေးချိုး ဖောက်ခံရတယ်ဘဲထင်နေတာ၊ အပြန်လှန်ဆွေးနွေးမှု တွေနားထောင်လိုက်တော့ မှ အခွင့်အရေးချိုးဖောက်ခံရတာ ကိုယ့်အုပ် စုတခုထဲတင်မဟုတ်ဘူးဆိုတာသိလိုက်ရတယ်။ အခွင့်အရေးရှိသလို တာဝန်ယူမှု၊တာဝန်ခံမှု တာဝန်လည်းရှိတယ် ဆိုတာသိလာတယ်” ငယ်ငယ် – သပြေညိုရွှေဘိုပန်းအဖွဲ့ မှ ပြောခဲ့ပါသည်။
လူ့အခွင့်အရေးအဓိပ္ပါယ်နှင့်အယူအဆ၊ လူ့အခွင့်အရေး ပေါ်ပေါက် လာပုံ သမိုင်းကြောင်း၊ လူ့အခွင့်အရေး အပိုဒ် များ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအခန်း(၈)၊လူ့အခွင့်အရေး အမျိုး အစား များနှင့် အုပ်စုလိုက် အခွင့်အရေး ပေါ်ပေါက်လာပုံ၊ အစိုးရတာဝန်နှင့် လူ့အခွင့်အရေး လုပ်ငန်းစဉ်၊ တိုင်ကြားမှု ယန္တရား တို့ကိုဆွေး နွေး ခဲ့ကြပါသည်။
အမှန်တိုင်းပြောရရင်အခုသင်တန်းမှာဆွေးနွေးတဲ့အကြောင်းအရာတွေကို အရင်က မသိရှိခဲ့ဘူး အခုတော့ ၅၀ %ကျော်လောက်သိလာတယ်။ သိသလောက်လဲ ကိုယ့်အဖွဲ့တွင်းမှာပြန်လည်မျှဝေမယ်။ ဖွဲ့စည်းပုံ အကြောင်းကိုလေ့လာတဲ့အခါမှာ နိုင်ငံသားတွေ ရဲ့ အခွင့်အရေး တော်တော်များများကိုကာကွယ်ပေးထားခြင်းမရှိဘူးဆိုတာလေ့လာခဲ့ရတယ်”လို့ ကိုဘိုလင်း – တံခွန်လယ်ယလုပ်သား အဖွဲ့မှ ပြောခဲ့ပါသည်။
အရင်တုန်းက လူ့အခွင့်အရေးဆိုတာ အခွင့်ထူးခံလူတွေဘဲ ခံစားရရှိရ လို့ဘဲသိထားတာ။ အခုတော့ လူတိုင်းဆီမှာ အခွင့်အရေးခံစား ရမယ်ဆို တာသိရှိလာခဲ့တယ်။ အစိုးရကို ကိုယ်တိုင်မဲပေးရွေးခြယ်လို့ရသလို၊ ကိုယ်တိုင်ပါဝင်လို့ရ တယ်ဆိုတဲ့ နိုင်ငံရေးအခွင့်အရေးကြောင်း ကိုသိရှိ လိုက်တယ်။ LGBT တွေအပေါ်ကို နားမလည်ခဲ့ဘူး။ အခုတော့ သူတို့မှာလည်း တန်းတူအခွင့် အရေးရှိတယ်ဆို တာသိရှိလာတယ်။ အရင်တုန်းက အမြင်မျိုးတွေလည်းမရှိတော့ဘူး”လို့ မခိုင်သီရိ- ကျောင်းသူ(ဒုတိယနှစ်) ပြောခဲ့ပါသည်။
အဆိုပါ သင်တန်းကို ညီမျှခြင်းမြန်မာအဖွဲ့နှင့် လူ့အခွင့်အရေးပညပေး သူများ ကွန်ယက်မှ ဆရာ ကိုကျော်ဆန်း နှင့်၊ ဆရာကိုတင့်နိုင်တို့မှ ပူးပေါင်း၍ ဦးဆောင်ဆွေးနွေးခဲ့ကြသည်။








ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
