Nothing Found
Sorry, no posts matched your criteria
Sorry, no posts matched your criteria
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed

အခြေခံလူ့အခွင့်အရေးအမြင်ဖွင့်သင်တန်းကိုရှားတောမြို့ ကယားပြည်နယ်တွင် ကျင်းပပြီးစီး
သတင်းEquality Myanmar June 13, 2017 Equality Myanmar မန္တလေးရုံးမှ အခြေခံလူ့အခွင့်အရေးသင်တန်းကို ရှားတောမြို့ NLD ရုံးတွင် အောင်မြင် စွာကျင်းပပြီးစီးခဲ့ပါသည်။ ၃.၆.၂၀၁၇ မှ ၅.၆.၂၀၁၇ ထိ (၃ )ရက်တာသင်တန်းကို ရှားတောမြို့တွင်းရှိ ရပ်ကွက် အသီးသီးမှ သင်တန်းသား (၄) ဦးသင်တန်းသူ (၁၃) ယောက် စုစုပေါင်း (၁၇)ဦး ပါဝင်ခဲ့ကြပါသည်။ အခြေခံလူ့အခွင့်အရေးသဘောတရာများကိုနားလည်လာစေရန်၊ မိမိတို့အဖွဲ့အစည်းနှင့် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများချိတ်ဆက်အားကောင်းလာစေရန်၊ ၎င်းတို့ အချင်းချင်းကြားလူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ပူးပေါင်းဆောင်ရွက်မှုများရှိလာစေရန် တို့ကိုရည် ရွယ်ြ ပီးပို့ချခဲ့ခြင်းဖြစ်ပါသည်။ သင်တန်းသားသင်တန်းသူများမှ ၎င်းတို့ အမြင်များကိုအပြန် အလှန် ဆွေးနွေးမျှဝေကြရင်း အချင်းချင်းကြား ရင်းနှီးမှုများပိုမိုရရှိကြပါသည်။ အချင်းချင်းစိတ်ခံစားမှုများအတွေ့အကြုံများ ဖလှယ်ချင်းဖြင့် ၎င်းတို့၏ အပြန် အလှန် သင်ယူမှုများသည် […]
အစွန်းရောက်အတွေးအခေါ်များ ပြောင်းလဲလာခဲ့သည်ဟု ဆိုလာခဲ့သော အောက်မှော်ဖောင်းမှ လူ့အခွင့်အရေးသင်တန်း
သတင်းEquality Myanmar June 11, 2017 “ သင်တန်းတတ်ရောက်ပြီးနောက်မှာ ကိုယ့်မှာရှိတဲ့ အစွန်းရောက်အတွေးအခေါ်တွေ ပြောင်းလဲခဲ့ပါတယ်…..” “ ဒီသင်တန်းက ကျွန်တော်တို့ လူငယ်များအတွက် အလွန်သိထား၊ တတ်ထားသင့်တဲ့ အကြောင်းအရာကို ပို့ချတဲ့ သင်တန်းဖြစ်ပါတယ်…”စသည်ဖြင့် တတ်ရောက်ပါဝင်ခဲ့သူများမှ ပြောကြားခဲ့သည်မှာ ကချင်ပြည်နယ် အော်မှော်ဖောင်း ဒေသတွင် ပြုလုပ်ခဲ့သော လူ့အခွင့်အရေးအသိအမြင်ဖွင့်သင် တန်းပင်ဖြစ်သည်။ ထိုသင်တန်းအား ညီမျှခြင်း မြန်မာ (မန္တလေး) နှင့် လူ့ အခွင့်အရေးအသိပညာပေးသူများကွန်ယက်တို့ပူးပေါင်း စီစဉ်ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။ သင်တန်းတစ်လျှောက်တွင် လူ့အခွင့်အရေးအယူ အဆနှင့် အဓိပ္ပါယ်များ၊ သမိုင်းကြောင်းများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါအပိုင်များ၊ လူ့အခွင့်အရေး အမျိုး အစားများအပြင် အစိုးရတာဝန်ရှိမှုများ၊ လူ့အခွင့်အရေး လုပ်ငန်းစဉ်များနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့်နေရာများကို သင်တန်းသားဗဟိုပြု နည်းစနစ်များဖြင့် လေ့လာသင်ကြားခဲ့ကြသည်။ အဆိုပါသင်တန်းကို […]