Nothing Found
Sorry, no posts matched your criteria




Sorry, no posts matched your criteria
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed

လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီးစီးခြင်း
သတင်းEquality Myanmar December 22, 2017 လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ ညီမျှခြင်းမြန်မာမှ လောကအလင်း သင်တန်းခမ်းမ၊ ထားဝယ်မြို့ ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်ပြီးစီးခဲ့ပြီဖြစ်သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသမီး(၁၃)ဦး၊ အမျိုးသား(၉)ဦး စုစုပေါင်း (၂၂) ဦးတက်ရောက်ဆွေးနွေးခဲ့ကြသည်။ သင်တန်းသားအများစုမှာ လူ့အခွင့်အရေး အခြေခံသင်တန်း တက် ရောက်ပြီးသော သူများဖြစ်ပြီး အချို့မှာ အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု သင်တန်းဆင်းများ ဖြစ်ကြသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါ အပိုဒ်(၁၈) အရ (Freedom of Religion and Belief- FoRB) လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် သက်ဆိုင်သော အကြောင်းအရာများကို အဓိကထားဆွေးနွေးခဲ့ကြသည်။ လွတ်လပ်စွာ […]
လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ
သတင်းEquality Myanmar December 5, 2017 “ မိမိတို့လက်တွေ့လုပ်ဆောင်နေသော လုပ်ငန်းများအား ပြန်လည်သုံးသပ်မိသွားသည်ဟု ဆိုလာခဲ့သော လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကုသိုလ်ဖြစ်အခြေပြုချဉ်းကပ်မှု၊ လိုအပ်မှုအခြေပြုချဉ်းကပ်မှု၊ အခွင့်အရေး အခြေပြု ချဉ်းကပ်မှုဆိုင်ရာများ နှင့် ဖွံ့ဖြိုးတိုးတက်မှု နှင့် လူ့အခွင့်အရေး အကြောင်းများ ဆွေးနွေးခဲ့ကြသည့် လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ညီမျှခြင်းမြန်မာ အဖွဲ့မှ မန္တလေးမြို့တွင်ပြုလုပ်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲအား ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိပြုလုပ်ခဲ့ရာ အထက် မြန်မာ ပြည်တစ်ဝှမ်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း ၂၀ ဦးခန့်တတ်ရောက်ပါဝင် ခဲ့ကြသည်။ ဆွေးနွေးပွဲတစ်လျှောက် ဆွေးနွေးလေ့လာခဲ့ရမှုများကြောင့် မိမိတို့၏ လုပ်ငန်းများအား ပြန်လည်သုံးသပ်မိ ကြောင်း တတ်ရောက်ပါဝင်ခဲ့သူများမှ […]