Nothing Found
Sorry, no posts matched your criteria




Sorry, no posts matched your criteria
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed

လူ့အခွင့်အရေးအသိပညာပေးသင်တန်း
သတင်းမတ်လ၊ ၁၆ ရက်မှ ၂၁ ရက်အထိ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဘုန်းကြီးကျောင်းတွင် DanChurchAid ၏ ထောက်ပံ့မှူဖြင့် (၅) ရက်တာ လူ့အခွင့်အရေးအသိပညာပေးသင်တန်းကို ညီမျှခြင်းမြန်မာအဖွဲ့က ဦးဆောင်ကာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းသို့ တက်ရောက်လာသော ဦးသိန်းဇော်ဦးက “ ကျွန်တော်က ဒီသင်တန်းလိုမျိုး တခါမှ မတက်ဖူးဘူး။ ကျွန်တော်က ကျွန်တော့ရွာမှာ ရပ်ရေးရွာရေးမှာ တာဝန်ခံလိုမျိူး လုပ်ရတာတွေ ရှိတယ်။ ဒီသင်တန်းမှာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်း တော်တော်များများ သိရတယ်။ နောက်ဆိုရင် စကားပြောရာမှာ အချက်အလက် ကျကျ ပြောဖို့အတွက် လိုအပ်တယ်ဆိုတာ သိလာတယ်” ဟုပြောကြားခဲ့ ပါသည်။ သင်တန်းတွင် အစုအဖွဲ့ဖြင့် လုပ်ဆောင်ခြင်း၊ လူ့အခွင့်အရေးအယူအဆနှင့် အဓိပါ္ပယ်၊ လူ့အခွင့်အရေး အယူအဆသမိုင်းကြောင်းနှင့်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းတွင် ပါဝင်သော အခွင့်အရေး အပိုဒ်များ၊ […]
တနင်္သာရီမြို့တွင် လူ့အခွင့်အရေး အသိပညာ ဟောပြောပွဲ ကျင်းပ
သတင်းလူ့အခွင့်အရေး အသိပညာပေးဟောပြောပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့တွင် မတ်လ၊ ၁၇ ရက် နေ့ က ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲ တက်ရောက်လာသူ မောင်ဂျေကေထူးက “တိုင်ကြားမှု ယန္တရားပိုင်းတွင် လယ်ယာမြေများ သိမ်းဆည်းခံရမှုနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားနိုင်ဖို့အတွက် အသိပညာများ ၊ ဗဟုသုတများ ရရှိခဲ့ပါတယ်” လို့ ဆိုပါသည်။ လူ့အခွင့်အရေး အသိပညာ ဟောပြောပွဲတွင် လူ့အခွင့်အရေးအခြေခံဗဟုသုတများ သိရှိစေလာရန်နှင့် ဒေသအတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများသိရှိလာကာ တိုင်ကြားတတ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပ ခဲ့ခြင်းဖြစ်သည်။ မောင်အောင်ပြည့်စိုးက သင်းတန်းနှင့်ပတ်သက်ပြီး အခုလို “အရင်က လူ့အခွင့်အရေးအကြောင်း မသိခဲ့လို့ ကိုယ်တိုင်ချိုးဖောက်ခံရမှုတွေလည်းရှိတယ်။ နောက်လဲ အခွင့်အရေးရှိမယ်ဆိုရင်တော့ လူ့အခွင့်အရေး အကြောင်း ပိုပြီးလေ့လာချင်ပါသေးတယ်”။ ဟောပြောပွဲတွင် လူ့အခွင့်အရေး၏ အယူအဆနှင့် သဘောတရားများ၊ […]