Entries by equalityMM

မကြာမီကျင်းပတော့မင့်အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်းများ၏သဘောထားထုန်ပြန်ချက်

(၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ၊ ၁၈ ရက်) ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးအလွန် ၁၉၉၀ ပြည်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး၏ ရလဒ်ကို တစ်ဖက်သက်မျက်ကွယ်ပြုခဲ့ပြီးနောက် (၂၅)နှစ်အကြာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် တိုက်အခံနိုင်ငံရေးပါတီများ ပါဝင်ယှဉ်ပြိုင်မည့် ပါတီစုံအထွေထွေရေးကောက်ပါပွဲ ကိုကျင်းပတော့မည်ဖြစ်ပါသည်။ ပြည့်အစုံကိုရယူနိုင်ရန်

ပိုမိုဆိုးရွားလာသော လူ့အခွင့်အရေးအခြေအနေမှန်ကို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ် ဆွေးနွေးပွဲတွင် ဆွေးနွေးဖြေရှင်းပါ

မြန်မာUPRဖိုရမ်နှင့် (ဂျနီဗာ – ၈ ရက် အောက်တိုဘာ ၂၀၁၅) မြန်မာUPRဖိုရမ် အဖွဲ့ဝင် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် အခြား မိတ်ဖက်အဖွဲ့အစည်း စုစုပေါင်း (၁၄) ဖွဲ့သည် ၂၀၁၁ ခုနှစ် ပထမအကြိမ် အပြည်အပြည်ဆိုင်ရာလူ့အခွင့်အရေး အခြေအနေပုံမှန်သုံးသပ်ဆွေးနွေးပွဲ (UPR) တွင် ပေးထားခဲ့သော လူ့အခွင့်အရေးဆိုင်ရာ ကတိပြုချက်များကို အကောင်အထည်ဖော်ရန်နှင့် လူ့အခွင့်အရေးဆိုင်ရာ ဝတ္တရားများကို ဖြည့်ဆည်းဆောင်ရွက်ရန် မြန်မာနိုင်ငံအစိုးရအား တိုက်တွန်းတောင်းဆိုခဲ့ကြသည်။ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် UPR Info မှ ပြုလုပ်ခဲ့သော တွေ့ဆုံဆွေးနွေးပွဲတွင် သံတမန်များနှင့်တွေ့ဆုံခဲ့ပြီး ဒေသခံပြည်သူများ၏အသံသည် လူ့အခွင့်အရေးများကို လေးစားလိုက်နာမှုရှိသည့် စစ်မှန်သောဒီမိုကရေစီသို့ တွန်းပို့ရာတွင် အလွန်အရေးကြီးသောကြောင့် ယခုနှစ် UPR တွင် ဒေသခံပြည်သူများ၏အသံများကို ထင်ဟပ်ပေးနိုင်သော အကြံပြုချက်များ မြန်မာအစိုးရထံပေးရန် တောင်းဆို […]

လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံတွင်းရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အရပ်ဖက်လထုအဖွဲ့အစည်းများ၏ ထုတ်ပြန်ကြေညာချက်

သြဂုတ်လ (၂) ရက် ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်း (၁၁) ခုတွင် လက်ရှိ ရေကြီးရေလျှံမှုများ ကြုံတွေ့နေပြီး ပြည်သူပေါင်းများစွာ ရေဘေးဒုက္ခများရင်ဆိုင်နေရလျက်ရှိသည်။ လွန်ခဲ့သော သတ္တပတ်နှစ်ပတ်က စတင်ခဲ့သော ရေဘေးဒဏ် ကြောင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်တို့ရှိ ပြည်သူ လူထုသိန်းနှင့်ချီ၍ ဒုက္ခရောက်ခဲ့ရပြီး အရေးပေါ်အကူအညီများ လိုနေလျက်ရှိသည်။ ရေဘေးဒဏ်ကြောင့် ဒါဇင်နှင့် ချီသောလူများ သေဆုံးပျောက်ဆုံးခဲ့ပြီး မြေယာဧက ရှစ်သိန်းကျော် ထိခိုက်ပျက်စီးနေကြောင်း သတင်းများရရှိသည်။ ထိုသို့သောအရေးပေါ်အခြေအနေများဖြစ်ပွားနေလျက်ရှိသော်လည်း အစိုးရအနေဖြင့် ရေဘေးအန္တရာယ် အကြောင်း အချိန်မီသတင်းထုတ်ပြန်ချက်အားနည်းခဲ့သလို အချိန်မှီကြိုတင်ကာကွယ်နိုင် သော စီမံမှုများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် နှောင့်နှေးခဲ့သည်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်များကို လွန်ခဲ့သည့် ဇူလိုင်လ […]

လူ့အခွင့်အရေးပညာပေးသူများကွန်ယက်

နေ့စွဲ ဇူလိုင် ၂၂ ရက် ၂၀၁၅ ခုနှစ် သတင်းထုတ်ပြန်ချက် မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးပညာပေးသူများ စုစည်းညီညွတ်စွာဖြင့် လူ့အခွင့်အရေးပညာပေးလုပ်ငန်း များကို ပိုမိုထိရောက်စွာ လုပ်ဆောင်သွားနိုင်ရန်နှင့် အစိုးရအနေဖြင့် ကျောင်းသင်ခန်းစာများမှတဆင့် လူ့အခွင့် အရေးသင်ကြားမှုများ လုပ်ဆောင်လာအောင် လှုံ့ဆော်သွားနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော “လူ့အခွင့်အရေးပညာပေးသူများကွန်ယက် – Human Rights Educators’ Network (HREN)”ကို ဇူလိုင်လ (၁၆) ၇က်နေ့တွင် ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ ထိုကွန်ယက်ကို ပြည်နယ်နှင့်တိုင်းအသီးသီးရှိ အဖွဲ့ပေါင်း (၄၅) ဖွဲ့မှ လူ့အခွင့်အရေးပညာပေးမှုလုပ်ဆောင်နေ သည့် ပညာပေးသူ (၇၀) ကျော်တက်ရောက်ပါဝင်ဆွေးနွေးခဲ့သော လူ့အခွင့်အရေးပညာပေး ဖိုရမ်အပြီးတွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ညီမျှခြင်းမြန်မာ (Equality Myanmar) က ကြီးမှူးကျင်းပ၍ နှစ်ရက်တာကျင်းပ ခဲ့သော ဖိုရမ်အတွင်း မြန်မာနိုင်ငံအတွင်း […]

“ရန်ကုန်တိုင်း မြို့နယ် ငါးခုမှ ရွေ့ပြောင်းသွားလာနေသော ကလေးများအခြေအနေ”

နေ့စွဲ ဇွန်လ ၂၈ ရက်၊ ၂၀၁၅ ခုနှစ် ရနကြုနတြိုငြးဒသကှေီးအတှငြးရှိ မှို့နယြ ငါးခုဖှဈသော လှိုှုငြသြာယာ၊ ရှှပှညေသြာ၊ ဒေါပုံ၊ မှောကြဥကျကလာနှင့ြ လှိုငမြှို့နယမြွားအတှငြးရှိရှေ့ပှောငြးသှားလာနသေော ကလေးမွားအခှအနေကေို လေ့လာစဈတမြးကောကယြူ ခဲ့သည့ြ “လမြးဆုံးဝဝေါး” ဆိုသည့ြ စာတမြးကို United ACT အဖှဲ့က ယနေ့ထုတပြှနလြိုကသြညြ။ ထိုသုသေသနတွေ့ရှိချက်များအရ ထိုမြို့နယ်ငါးမြို့နယ်အတွင်းတွင် ပြည်တွင်းရွေ့ပြောင်းသွားလာမှုများ အထူးများပြားနေလျက်ရှိသည်ကိုတွေ့ရသည်။ မြို့နယ်ငါးမြို့နယ်သို့ ပြောင်းရွေ့လာသော ကလေးသူငယ်များနှင့် မိဘများသည် ထိုမြို့နယ်များတွင် အခြေချ နေထိုင်ကာ အတည်တကျနေထိုင်လိုသူအများစုဖြစ်သည်ကို တွေ့ရသော်လဲ တချို့သော မိသားစု များသည် နယ်စပ်ဒေသများမှတစ်ဆင့် ထိုင်းနိုင်ငံ၊ စင်္ကာပူနှင့် မလေးရှားနိုင်ငံ သို့ သွားရောက်ရန် ရည်ရွယ်၍ ခရီးတစ်ထောက်နားသည့်ရည်ရွယ်ချက်ဖြင့် လာသည်ကိုတွေ့ရသည်။ ပြောင်းရွေ့လာရသည့်အကြောင်းရင်းများလေ့လာရာတွင် မိသားစု၏ စီးပွားရေးအခက်အခဲကြောင့် ရေကြည်ရာ မြက်နုရာကို ပြောင်းရွေ့လာရသူအများဆုံးဖြစ်သည်ကိုတွေ့ရသည်။ […]