Entries by Equality Myanmar

,

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအခြေအနေ

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ “Human Rights Defender” တွေကို အစိုးရက ရန်သူလိုသဘောထားလာတဲ့အပြင် အမြင်မတူသူတွေရဲ့ အသက်အန္တရာယ်အထိ ခြိမ်းခြောက်မှုတွေကိုပါ ခံလာရတဲ့ အခြေအနေတွေနဲ့ ကြုံတွေနေကြရပါတယ်။ ဒီ “လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ” အကြောင်းကိုတော့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဖိုရမ်က ဦးအောင်ဇော်ဦး၊ အသံ အဖွဲ့အစည်းက မောင်ဆောင်းခနှင့် လူ့အခွင့်အရေးနည်းပြကွန်ရက်က မသင်ဉ္ဇာခိုင်တို့ ဆွေးနွေးခဲ့ပါတယ်။

,

လူသားအားလုံး အခွင့်အရေး လူငယ်များက ရပ်တည်ပေ

၇၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အကြိုအထိမ်းအမှတ်အနေဖြင့် လူ့အခွင့်အရေးဆွေးနွေးပွဲစကားဝိုင်းအစီအစဉ်ကို ညီမျှခြင်းမြန်မာနှင့် MCN သတင်းဌာနတို့က ပူးပေါင်းတင်ဆက်ပေးသွားဖို့ ၂၉ ရက်၊ နိုဝင်ဘာလ ၂၀၁၉ ခုနှစ်တွင် ရိုက်ကူးခဲ့ပါတယ်။ ယခု ၂၀၁၉ ခုနှစ်အတွက် ရွေးချယ်ထားသော ဆောင်ပုဒ်မှာ “လူသားအားလုံး အခွင့်အရေး လူငယ်များက ရပ်တည်ပေး” ၊“ Youth Standing Up for Human Rights” ဖြစ်ပါသည်။

,

တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး ‌ဆွေးနွေးပွဲစကားဝိုင်

၇၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ကို ကြိုဆိုတဲ့အနေနဲ့ “တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး” ‌ဆွေးနွေးပွဲစကားဝိုင်းအစီအစဉ်ကို ညီမျှခြင်း မြန်မာအဖွဲ့နဲ့ MCN သတင်းဌာနတို့က ပူးပေါင်း ထုတ်လွှင့်ခြင်းဖြစ်ပါတယ်။ “ တရားဥပဒေ စိုးမိုးရေး” ဆိုတာ “နိုင်ငံတွင် စိုးမိုးထားတဲ့ ဥပဒေတွေက တရားမျှတမှု ရှိရမယ်” လို့ ဆိုလိုကြောင်း၊ “ ပြည်သူလူထုအနေနဲ့ ရရှိခံစားခွင့်ရှိတဲ့ လူ့အခွင့်အရေး၊ ဥပဒေအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေကို ပြည်သူလူထုကိုယ်တိုင် သိထားရမယ်” ဆိုတဲ့အကြောင်း‌တွေနဲ့အတူ လူ့အခွင့်အရေးနဲ့ တရားစီရင်ရေးက ဘယ်လိုဆက်စပ်နေလဲ၊ လူ့အခွင့်အရေးကို လေးစားတဲ့ တရားရေးမဏ္ဍိုင်ဖြစ်အောင် ဘာတွေပြောင်းလဲသင့်လဲ၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးလေးစားတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ဘာတာဝန်တွေ လိုက်နာသင့်သလဲ စတဲ့အကြောင်းအရာတွေကို ‌ဆွေးနွေးပေးထားပါတယ်။