မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေကို ကုလသမဂ္ဂမှာ သုံးသပ်ဆွေးနွေး
မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေကို ကုလသမဂ္ဂမှာ သုံးသပ်ဆွေးနွေး
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေက လေးနှစ်တစ်ကြိမ်ပြုလုပ်တဲ့ Universal Periodic Review UPR ခေါ် မြန်မာနိုင်ငံ့ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံးသပ်ဆွေးနွေးမှုကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က လူ့အခွင့်အရေးကောင်စီမှာ ပြုလုပ်နေကြပါတယ်။
ဇန်နဝါရီလ ၂၅ရက်နေ့က ပြုလုပ်တဲ့ အဲဒီပွဲကို မြန်မာအစိုးရ ကိုယ်စားလှယ်တွေ အွန်လိုင်းကနေ တက်ရောက် တင်ပြခဲ့ပြီး နိုင်ငံတကာက ပါဝင်ဆွေးနွေးနေကြပါတယ်။ ဇန်နဝါရီ ၊၂၉ ရက်နေ့အထိကျင်းပမှာဖြစ်ပါတယ်။
ဒီကြားနာမှုအတွက် Burma/Myanmar UPR Forumလို့ ခေါ်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အရပ်ဖက်အဖွဲ့အစည်း ၂၉ဖွဲ့ စုပေါင်းထားတဲ့ ကွန်ရက်က တွေ့ရှိတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက အစီရင်ခံစာ တင်သွင်းထားခဲ့ပြီးဖြစ်ပါတယ်။
အဲဒီကွန်ရက်တာဝန်ခံ ဦးအောင်မျိုးမင်းကို ဆွေးနွေးပွဲအကြောင်း ဘီဘီစီသတင်းထောက် မရီရီအောင်က မေးကြည့်ထားပါတယ်။








ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
