Nothing Found
Sorry, no posts matched your criteria
Sorry, no posts matched your criteria
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed

ကလေးများတွေ့ဆုံပွဲကို ပြည်သူ့ရင်ပြင်တွင် မတ်လ ၂ ရက်နေ့က ကျင်းပပြုလုပ်
သတင်းEquality Myanmar March 3, 2018 ညီမျှခြင်းမြန်မာအဖွဲ့၏ ကလေးသူငယ် အခွင့်အရေး ပရိုဂရမ်(United ACT)မှ ဦးစီးပြီး ကလေးများနှင့်အတူ ကလေးများတွေ့ဆုံပွဲကို ပြည်သူ့ရင်ပြင်တွင် မတ်လ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ တွေ့ဆုံပွဲတွင် စီမံကိန်းနေရာများဖြစ်ကြသည့် လှိုင်သာယာ(၇) ရပ်ကွက်နှင့် ကျုံစုရွာမှ ကလေး များပါဝင်ခဲ့ကြသည်။ အဆိုပါကလေးများကိုယ်တိုင် ဦးဆောင်ပြီး ကလေးများအကြား၌ ကလေးအခွင့်အရေးနှင့်ပတ်သက်ပြီး အသိပညာပေးဆွေးနွေးမှု စကားဝိုင်းပြုလုပ်မည့် အစီစဉ်များဆွေးနွေးခြင်း၊ ၎င်းတို့ပါဝင် စေချင်သည့် ကလေးများ၏ အမည်စာရင်းများပြုစုခြင်း၊ ရှေ့လုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်မှုအားကောင်းစေရန် နှင့် ရပ်ကွက်များတွင် ကလေးများအသင်းအဖွဲ့(Child Club)များ ဖွဲ့စည်းနိုင်ရန် အစီစဉ်များ ချမှတ်ခဲ့ကြသည်။
ပထမအကြိမ် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအတွက် နည်းပြသင်တန်းဖွင့်ပွဲကျင်းပ
သတင်းEquality Myanmar March 1, 2018 မတ်လ၊ ၁ရက်နေ့တွင် အားလုံးအတွက်လူ့အခွင့်အရေး စီမံကိန်းမှ ပထမအကြိမ် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအတွက် တစ်လကြာ “လူ့အခွင့်အရေးနှင့် ဥပဒေအသိပညာပေး နည်းပြသင်တန်း” ကို သန်လျင်မြို့ရှိ WH ဟိုတယ်၌ ဖွင့်လှစ်ကျင်းပခဲ့ ပါသည်။ သင်တန်းဖွင့်ပွဲသို့ သန်လျင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်မှ တက်ရောက်အဖွင့် အမှာစကားပြောကြားခဲ့စဉ် “လူ့အခွင့်အရေးဟာ တကယ်အရေးကြီးတဲ့ လုပ်ငန်းစဉ်တခုပါ၊ လူ့အခွင့်အရေးဆိုတာ တိုင်းပြည်ပြုပြင်ပြောင်းလဲမှုအတွက်ဆိုရင် လူ့အခွင့်အရေးက တိုင်းတာဖို့ အတွက် စံသတ်မှတ်ချက်တခုဖြစ်တယ်”လို့ ပြောပါသည်။ ညီမျှခြင်းမြန်မာအဖွဲ့သည် နှစ်စဉ် လူ့အခွင့်အရေးနည်းပြများကို မွေးထုတ်ပေးခဲ့ရာ ယခုနည်းပြ သင်တန်း၏ ထူးခြားချက်မှာ လူ့အခွင့်အရေးနည်းပြများဖြစ်ရုံမကပဲ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများဖြစ်ဖို့ ရည်ရွယ်ကြောင်းနှင့် “ဘယ်သူ့ကို ထိထိ၊ ငါတို့လူသားအားလုံး ဝိုင်းဝန်း ကာကွယ်ရမယ် ၊ ကူညီရမယ်၊ […]