Nothing Found
Sorry, no posts matched your criteria




Sorry, no posts matched your criteria
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Mo-Fr: 8:00-19:00
Sa: 8:00-14:00
So: closed

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့တွင် ရပ်ရွာလူထုအကြား လူ့အခွင့်အရေးအသိပညာ ဟောပြောပွဲကျင်းပခြင်း
သတင်း၇ ရက်၊ ဧပရယ်လ၊ ၂၀၁၉ ခုနှစ်တွင် လူ့အခွင့်အရေး အသိပညာပေး ဟောပြောပွဲကို Equality Myanmar နှင့် Human Rights Educator Network မှ ကန့်ဘလူမြို့၊ ကန့်ဘလူခရိုင်၊ စစ်ကိုင်းတိုင်း တွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။ “အရင်တုန်းက သတင်းရယူပိုင်ခွင့်ဆိုတာ ကိုယ့်ရဲ့အခွင့်အရေးမှန်း အမှန်တကယ်မသိရှိခဲ့ တာပါ။ အခုတော့ ကိုယ့်မှာသတင်းရရှိပိုင် ခွင့်တွေရှိတယ်ဆိုတာသိရှိလာခဲ့တယ်။ မြန်မာအစိုးရက နိုင်ငံတကာ စာချုပ်တွေ လက်မှတ်ထိုးတာတာကိုလည်းသိရှိခဲ့တယ်။ အခွင့် အရေး အကြောင်းအရာတွေ ကိုသိရှိလာတဲ့တွက် ပြောရဲဆို ရဲရှိ လာတယ်။ ကိုယ့်မှာအခွင့် အရေးရှိသလို တပါး သူရဲ့အခွင့်အရေး ကိုလည်း လေးစားလိုက်နာရမယ် ဆိုတာ သိရှိလာတယ်” လို့ ဦးသန်းဝင်း လယ်စစ်ကော်မတီဝင် (ကန့်ဘလူ) ပြောကြားခဲ့ပါ တယ်။ […]
လူ့အခွင့်အရေးအမြင်ဖွင့် ဟောပြောဆွေးနွေးပွဲကျင်းပပြီးစီးခြင်း
သတင်း၂၀၁၉ ခုနှစ်၊ဧပြီလ၊ ၅ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၌ ညီမျှခြင်းမြန်မာနှင့် လူ့အခွင့်အရေးပညာပေးသူများ ကွန်ယက်တို့ ပူးပေါင်းပြီး လူ့အခွင့် အရေးအမြင်ဖွင့် ဟောပြောဆွေးနွေးပွဲကျင်း ပပြုလုပ်ခဲ့ပါသည်။ ကျေးရွာ ဆယ်အိမ်မှုးတဦးဖြစ်သူ ဦးစိုးသိန်းမြင့်မှ “ခရမ်းမြို့မှာ အခုလို ဆွေးနွေးပွဲသင်တန်းတွေ တခါမှမရှိဖူးဘူး၊ အခုဆွေးနွေး မှုပုံစံတွေက အပြောကြီးသက်သက်မဟုတ်ဘဲ အားလုံးနဲ့ အပြန် အလှန် ဆွေးနွေးမှုကြောင့် ဒေသခံလူတွေကလည်း ဆွေးနွေးပွဲကို လိုလိုလားလားနဲ့ စိတ်ဝင်စားမှုရှိကြတယ်” လို့ ပြောပါသည်။ ဟောပြောဆွေးနွေးပွဲတွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အခြေခံသဘောတရားများ၊ သမိုင်းကြောင်း များနှင့် လူ့အခွင့်အရေး အပိုဒ်များ၊ အစိုးရ၏တာဝန်ရှိမှုနှင့် တိုင်ကြားနိုင်သည့် အကြောင်း အရာများ အကြောင်း ကို ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ဟောပြောပွဲသို့ ဒေသတွင်း တောင်သူများနှင့်ကျောင်းသား လူငယ် (၅၃)ဦးတက်ရောက်ခဲ့ကြပါသည်။ သင်တန်းစီစဉ်သူ […]