မာတီမီဒီယာ

The Universal Periodic Review (UPR) is a unique process which involves a periodic review of the human rights records of all 193 UN Member States.

မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်အားလုံး (၄) နှစ်ကို တစ်ကြိမ် လူ့အခွင့်အရေးကောင်စီသို့ မပျက်မကွက် တင်သွင်းရတဲ့ နိုင်ငံအားလုံးအလှည့်ကျ သုံးသပ်ခြင်း (Universal Periodic Review- UPR) လုပ်ငန်းစဉ်အကြောင်းကို လွယ်လွယ်ကူကူနားလည်နိုင်ဖို့ ပုံစံတစ်မျိုးနဲ့တင်ဆက်ထားပါတယ်။

ကုလသမဂ္ဂအကြောင်း၊ လူ့အခွင့်အရေးကောင်စီ၊ အထူးလုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်အကြောင်းတွေကို မိတ်ဆက်ထားတဲ့အပြင်  နိုင်ငံအားလုံးအလှည့်ကျ သုံးသပ်ခြင်း (Universal Periodic Review- UPR) လုပ်ငန်းစဉ်အကြောင်းကိုအသေးစိတ်ရှင်းပြထားပါတယ်။ ဒီဗွီဒီယိုလေးကို ညီမျှခြင်းမြန်မာအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ရှင်းလင်းတင်ပြပေးထားပါတယ်။

ပြည်သူများ ရွေးကောက်ပွဲ အကြောင်းသိရှိလာစေရန် ရည်ရွယ် ပြီးတော့ ရိုက်ကူး တင်းဆက်ထားပါတယ်။

NLD အစိုးရနဲ့ လွှတ်တော်က ပြဌာန်းလိုက်တဲ့ ဥပဒေတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ဝန်ကြီးဌာနတွေရဲ့ ဘဏ္ဍာငွေ အသုံးစရိတ် ဘတ်ဂျက်တွေ ပိုမိုချထားပေးဖို့ အရေးတကြီးလိုအပ်နေတယ်လို ကလေးသူငယ် အခွင့်အရေး ဆောင်ရွက်နေသူတွေက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

အသစ်ပြင်ဆင်ပြဌာန်းလိုက်တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဦဆောင်ရမယ့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ဘဏ္ဍာငွေ လိုအပ်ချက်ရှိနေတဲ့အပေါ် ကလေးသူငယ် အခွင့်အရေး ဆောင်ရွက်နေသူတွေက ပြောကြားလိုက်တာပါ။

(၇၁) မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထူးအစီအစဉ်မှာ “ကလေးသူငယ်များ အပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး” “Violence Against Children” ဆိုင်ရာ အကြောင်းအရာတွေကို ဆွေးနွေးစဉ် NCRWG (NGO Child Rights Working Group) က စီမံခန့်ခွဲရေးအဖွဲ့ဝင် ဦးပီတာ၊ ကလေးသူငယ် လူကုန်းမှုတားဆီးကာကွယ်ရေး သံတမန် သရုပ်ဆောင် ခိုင်နှင်းဝေနဲ့အတူ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လူငယ်သံတမန် ကိုလွှမ်းမိုးအောင်တို့က အဲ့ဒီလို တိုက်တွန်းပြောကြားခဲ့ကြတာပါ။

ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ သက်ငယ်အဓ္ဓမပြုကျင့်မှု၊ ကလေးခိုးမှုတွေအပြင် ကလေးငယ်တွေ အပေါ် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို တားဆီးကာကွယ်နိုင်ဖို့ လူ့အဖွဲ့အစည်း အနေနဲ့ မဖြစ်မနေ ပြုပြင်ပြောင်းလဲသင့်တဲ့ အရာတွေကိုလည်း ဆွေးနွေးပေးထားကြတာပါ။

(၇၁) မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထူးအစီအစဉ်ကိုတော့ MCN TV NEWS ရုပ်/သံ သတင်းဌာနနဲ့ Equlity Myanmar တို့ ပူးပေါင်းစီစဉ် တင်ဆက်ပေးထားပြီး Mizzima ရုပ်/သံလိုင်းကနေလည်း ထုတ်လွှင့် ပေးနေတာ ဖြစ်ပါတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ပပျောက်ဖို့ ဆိုးရွားတဲ့ အမျိုးသားဖိုဝါဒတွေ လျှော့ချကြဖို့လိုတယ်လို့ အမျိုးသမီးအခွင့်အရေးဆောင်ရွက်နေသူတွေက တိုက်တွန်းလိုက်ပါတယ်။

၇၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထူးအစီအစဉ်မှာ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး” ဆိုင်ရာ အကြောင်းအရာတွေအပေါ် Equality Myanmar ရဲ့ Founder နဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်၊ Triangle Women’s Support Group ရဲ့ အမှုဆောင် ဒါရိုက်တာ ဒေါ်ခင်လေးနဲ့အတူ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးသံတမန် တေးသံရှင် ရေဗက္ကာဝင်းတို့က ပါဝင်ဆွေးနွေးတင်ဆက်ပေးထားကြပါတယ်။

အပြည့်အစုံကိုတော့ MCN ရုပ်/သံ သတင်းဌာနနဲ့ Equality Myanmar တို့ ပူးပေါင်းစီစဉ်တင်ဆက်ပြီး Mizzima ရုပ်/သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ (၇၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထူးအစီအစဉ်မှာ ရှုစားနိုင်ကြမှာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ၌တွင် ကျရောက်သည့် (၇၁) ကြိမ်မြောက် လူ့အခွင့်အရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ သခင်မြပန်းခြံ၌ အရပ်ဖက်အဖွဲ့အစည်းပေါင်း ၄၃ ဖွဲ့ဦးစီးကာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်မြ “လူသားအားလုံးအခွင့်အရေး လူငယ်များက ရပ်တည်ပေး”အခမ်းအနားတွင် နိုင်ငံကျော်တေးသံရှင်များဖြစ်သည့် ထွန်းအိန္ဒြာဗိုလ်၊ စောဖိုးခွား၊ ဖြိုးပြည့်စုံ၊ ဂျူဝယ်လ်၊ မေသူကျော်၊ စောစဖောင်၊ ဇွဲသက်ပိုင်၊ မြတ်သစ္စာ တို့၏ သီဆိုဖျော်ဖြေမှုများနှင့်အတူ ပြဇာတ်များ၊ အမေးအဖြေကဏ္ဍ နှင့် လူ့အခွင့်အရေး ပညာပေးပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

(၇၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “လူသားအားလုံးအခွင့်အရေး လူငယ်များက ရပ်တည်ပေး”အကြောင်းရိုက်ကူးတင်ဆက်ထားပါသည်။