လူ့အခွင့်အရေးပညာပေးမှု သင်တန်းများကျင်ပ
အောက်တိုဘာလအတွင်း မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်အသီသီးက လူငယ်များကို အွန်လိုင်းမှတဆင့် အခြေခံလူ့အခွင့်အရေးသင်တန်းများကို ကျင်းပပြုလုပ်ခဲ့ပါသည်။
လူ့အခွင့်အရေး နည်းပြ ကိုအောင်ခန့် HRENအဖွဲ့ဝင်က“အခုလို Covid ကာလမှာ အားလုံးအနေနဲ့ အိမ်မှာနေရင်း လူ့အခွင့်အရေးကို စိတ်ဝင်တစား လေ့လာသင်ယူပြီး အချိန်ကို အကျိုးရှိရှိအသုံးချတာ တွေ့ရတဲ့ အတွက် ဝမ်းသာတယ်။ နောက် တစ်ခုက အဆိုးထဲက အကောင်း လို့ပြောရမလား အခုလို Covid ကာလမှာ နယ်ပယ်အစုံက လူတွေ ကဏ္ဍအသီးသီးမှာ အလုပ် လုပ်နေ ကြတဲ့လူတွေအားလုံးနဲ့ လည်း တွေ့ရတယ်။”
ပိုမိုဖတ်ရှုရန် အောက်တွင် ဒေါင်းလုတ်ရယူနိုင်ပါတယ်။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။