HRETV epi – 157 (Universal Periodic Review- UPR)
မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်အားလုံး (၄) နှစ်ကို တစ်ကြိမ် လူ့အခွင့်အရေးကောင်စီသို့ မပျက်မကွက် တင်သွင်းရတဲ့ နိုင်ငံအားလုံးအလှည့်ကျ သုံးသပ်ခြင်း (Universal Periodic Review- UPR) လုပ်ငန်းစဉ်အကြောင်းကို လွယ်လွယ်ကူကူနားလည်နိုင်ဖို့ ပုံစံတစ်မျိုးနဲ့တင်ဆက်ထားပါတယ်။
ကုလသမဂ္ဂအကြောင်း၊ လူ့အခွင့်အရေးကောင်စီ၊ အထူးလုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်အကြောင်းတွေကို မိတ်ဆက်ထားတဲ့အပြင် နိုင်ငံအားလုံးအလှည့်ကျ သုံးသပ်ခြင်း (Universal Periodic Review- UPR) လုပ်ငန်းစဉ်အကြောင်းကိုအသေးစိတ်ရှင်းပြထားပါတယ်။ ဒီဗွီဒီယိုလေးကို ညီမျှခြင်းမြန်မာအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ရှင်းလင်းတင်ပြပေးထားပါတယ်။








ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
