လူ့အခွင့်အရေးစကားသံ အပိုင်း(၁၁၂) ပါပွီးထံမှသင်ယူခြင်း (ဒေါသစိတ်ကိုထိန်းချုပ်ခြင်း) အပိုင်း (၄)
ပါပွီးထံမှ သင်ယူခြင်းဇတ်လမ်းတွဲ၏ “ဒေါသစိတ်ကိုထိန်းချုပ်ခြင်း” စတုတ္ထအပိုင်းအား ပရိတ်သတ်ကြီးကို လာမည့်တနင်္လာနေ့တွင် DVB သတင်းရုပ်သံမှတင်ဆက် ပေးသွားမည်ဖြစ်ပါသည်။
ထိုးအပိုင်းမှာဆိုလျှင် နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေမှ ကလေးများအား ပါပွီးတို့၏ခရီးစဉ်တွင်တွေ့ကြုံခဲ့ရသည့် ဇာတ်လမ်းအကြောင်း ဆက်လက်ပြောပြခဲ့ပြီး၊ ဆရာဦးအောင်မျိုးမင်းမှ ဒေါသစိတ်များ ဖြစ်ပေါ်လာသည့်အခါ ထိန်းချုပ်ရမည့် နည်းလမ်းနှင့် မည်သို့ပြုမူ ရမည်ဆိုသည့်အကြောင်းများကို အပြန်အလှန်မေးခွန်းများ မေးမြန်းပြီး ဆွေးနွေးသည့် အခန်းလေးဖြစ်ပါသည်။
“ကလေးငယ်များကို ငြိမ်းချမ်းရေးဆိုသည့် အကြောင်းအရာကို သိရှိစေရန်” ရည်ရွယ်ပြီး ကလေးများအကြိုက် ဇာတ်လမ်း ပြောပြခြင်းနှင့် ကာတွန်းပုံ motion movie ပြုလုပ်ခြင်းဖြင့် ပြန်လည်ပြီး ဇာတ်လမ်းပုံစံ ရိုက်ကူး တင်ဆက်ထားပါသည်။ သားသား၊ မီးမီးများနှင့် မိဘများ
အသိဗဟုသုတများ ရရှိအောင် အောင်အတူတူစောင့်ကြည့်ဖို့ကောင်းသည့် ဇာတ်လမ်းလေးဖြစ်ကြောင်း သတင်းကောင်းပေးလိုက်ပါသည်။
ဤဇာတ်လမ်းကို TDH-GER အထောက်အပံ့ဖြင့်ထုတ်လုပ်ထားသော ပါပွီး၊ နဂါးလေးနှင့် တစုံတရာ၏ စွန့်စားခန်းများ အမည်ရှိ စာအုပ်ကို ညီမျှခြင်းမြန်မာအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်း၊ နိုင်ငံကျော် သရုပ်ဆောင် ခိုင်နှင်းဝေတို့က ကလေးငယ်များ(United ACT အဖွဲ့သားများ)မှ သရုပ် ဆောင် တင်ဆက်ထားပါသည်။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
