UPR နှစ်လည်အစီရင်ခံစာ ပြင်ဆင်ရေးသားရန်အတွက် အစည်းအဝေးကျင်းပ

Equality Myanmar February 17, 2018
UPR နှစ်လည်အစီရင်ခံစာ ပြင်ဆင်ရေးသားရန်အတွက် အစည်းအဝေးကို Burma/Myanmar UPR Forum မှ အဖွဲ့ဝင်များနှင့်အတူ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှ (၁၅) ရက်နေ့အထိ (၃)တာ ရန်ကုန်မြို့ Central ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဖွဲ့ဝင် စုစုပေါင်း (၃၀) ဦး တက်ရောက်ပြီး UPR နှစ်လည် အစီရင်ခံစာရေးသားရန်အတွက် စုပေါင်းဆွေးနွေးခဲ့ကြပါသည်။ ၎င်းအစည်းအဝေးတွင် ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းမှ ဦးဆောင်ဆွေးနွေးခဲ့ပြီး၊ မချယ်ရီဇာဟောင်မှလည်း အခြားသော နိုင်ငံများမှ Midterm အစီရင်ခံစာတင်သွင်းသော ပုံစံများကို ရှင်းလင်း တင်ပြခဲ့ပါသည်။

အစည်းအဝေးကာလ အတွင်း တက်ရောက်သူများက လူ့အခွင့်အရေးကောင်စီမှ အကြံပြု ထားချက်များမှ မြန်မာအစိုးရ သဘောတူ လက်ခံထားသော အချက်များကို လေ့လာကြပြီး၊ Midterm အစီရင်ခံစာတွင် မည်သည့်အကြောင်းအရာများကို ထည့်သွင်းရေးသားကြမည်ကို ဆွေးနွေးခဲ့ကြပါသည်။

UPR (Universal Periodic Review) Midterm Planning Meeting