(၁၉) ကြိမ်မြောက် လူ့အခွင့်အရေးနည်းပြသင်တန်း စတင်ဖွင့်လှစ်ကျင်းပ
Diakonia (People Change the World) နှင့် Stefanus alliansen တို့၏ ထောက်ပံ့မှုဖြင့် မတ်လ၊ ၁ရက်နေ့တွင် ဗိုလ်ချိုလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ Beauty Land Hotel ၌ (၁၉) ကြိမ်မြောက် လူ့အခွင့်အရေးနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားအစီအစဉ်ဖြင့် စတင်နေပြီ ဖြစ်ပါသည်။
အဆိုပါ အခမ်းအနားသို့ ညီမျှခြင်းမြန်မာမှ လက်ထောက် ဒါရိုက်တာ Mr.Juan Miguel Sanchez ၊ (Diakonia) မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဒေါ်မင်းနွယ်နီ နှင့် ညီမျှခြင်းမြန်မာမှ အစီအစဉ် မန်နေဂျာ ကိုနေဦးလွင်တို့တက်ရောက် အဖွင့်မှာစကားပြောကြားခဲ့ပါသည်။
ယခု သင်တန်းသည် ညီမျှခြင်းမြန်မာ အဖွဲ့မှ ဦးစီးကျင်းပပြုလုပ်သည့် (၁၉) ကြိမ်မြောက် နည်းပြသင်တန်းဖြစ်ပါသည်။ အချိန်(၁)လ ကြာမြင့်မည်ဖြစ်ပါသည်။
ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် ၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ် စသည့် တိုင်းနှင့် ပြည်နယ် အသီးသီးမှ အထူးရွေးချယ်ခြင်းခံရသော သင်တန်းသား၊ သင်တန်း သူ (၂၃)ဦးနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ သင်တန်းသား (၂) ဦး စုစုပေါင်း(၂၅)ဦးတို့ လေ့လာသင်ယူ သွားကြ မည်ဖြစ်ပါသည်။
သင်တန်းကာလတစ်လျှောက် လူ့အခွင့်အရေးအကြောင်းအရာ များလေ့လာခြင်း၊ စေ့စပ်ဆော်သြသူ တစ်ယောက်၏ အရည်အချင်း များလေ့ကျင့်ခြင်းနှင့် ကိုယ်တိုင်သင်ခန်းစာရေးဆွဲခြင်းများကို လက်တွေ့ လုပ်ဆောင်သွား ကြရမှာဖြစ်ပါသည်။



ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
