TOT သင်တန်းဒုတိယပတ်တွင် အမျိုးသမီး၊ ကလေးအခွင့်အရေး ဆိုင်ရာများကို Legal Clinic Myanmar ၊NCRWG တို့နှင့်အတူ လေ့လာ
သင်တန်းကာလ (၉)ရက်နေ့မှ စတင်၍ (၁၄)ရက်နေ့အထိ သင်တန်းသားများကို အမျိုးသမီး အခွင့်အရေး နှင့် ကလေးအခွင့်အရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြပါသည်
အမျိုးသမီးအခွင့်အရေးဆွေးနွေးမှုတွင် လိင်နှင့် လိင်ကွဲပြားမှုအပေါ် သတ်မှတ်ချက်များ၊ ကျားမရေးရာအခန်းကဏ္ဍ၊ ပုံစံခွက်သွတ်သွင်း မှုများ၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုများ ပပျောက်ရေး သဘောတူစာချုပ် (CEDAW)၏ ပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ အခွင့်အရေးအပိုဒ်များနှင့် စာချုပ်ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များ၊ လိင်ကွဲပြားမှုအပေါ် အခြေပြုသော ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများ စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ကာကွယ်ပေးခြင်းနှင့် သက်ဆိုင်သော ပြည်တွင်း ဥပဒေများကို ဥပဒေကုစားရေးမြန်မာ( Legal Clinic Myanmar) မှ တရားလွှတ်တော်ရှေ့နေ ဆရာမဒေါ်လှလှရီမှ လာရောက်ဆွေးနွေးပေးခဲ့ပါသည်။
ကလေးအခွင့်အရေးဆွေးနွေးမှုတွင် ကလေးသဘောသဘာဝ၊ ကလေးအခွင့်အရေး စာချုပ် (CRC)ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ စာချုပ်ပါ အပိုဒ်များ၊ ကလေးအခွင့်အရေးစာချုပ် ကော်မတီ အကြောင်း၊ မြန်မာနိုင်ငံတွင်းရှိ ကလေးများ၏ အခြေအနေ၊ ကလေးအခွင့်အရေးစာချုပ်၏ နောက်ဆက်တွဲစာချုပ်(၁) (OP 1) လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးများကို အသုံးချခြင်းနှင့် ကလေးများပေါ် ကြီးလေးသော ချိုးဖောက်မှု (၆)မျိုး စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
သင်တန်းသို့ အမျိုးသားလွှတ်တော်တွင် ဆွေးနွေးလျက်ရှိသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်း အကြောင်းကို NCRWG မှ ဆရာ ဦးဖြိုးသူစိုး မှ လာရောက်ဆွေးနွေးပေးခဲ့ပါသည်။
ဆက်လက်ပြီး စေ့စပ်ဆော်သြခြင်းနှင့် သက်ဆိုင်သော သင်ခန်းစာ များကို ဆွေးနွေးသွားကြ မည်ဖြစ်ပါသည်။
(၁၉)ကြိမ်မြောက် လူ့အခွင့်အရေး နည်းပြသင်တန်း၏ (၁၄)ရက်တာ ကာလရောက်ရှိနေပြီဖြစ် ပါသည်။ သင်တန်းကို ၁ရက်၊မတ်လ၊ ၂၀၁၉ ခုနှစ်မှ စတင်၍ Beauty Land Hotel ၊ ဗိုလ်ချိုလမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိနေပါသည်။
သင်တန်းကို Diakonia (People Change the World) နှင့် Stefanus Alliansen တို့၏ ထောက်ပံ့ ပေးမှုဖြင့် ညီမျှခြင်းမြန်မာအဖွဲ့မှ ဦးစီးကျင်းပနေပါသည်။



ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
