လူ့အခွင့်အရေးကစားသံ အပိုင်း(၁၃၈) မနက်ဖြန်တိုင်းလှပါစေ
မနက်ဖြန်တိုင်းလှပါစေ (ကလေးအခွင့်အရေးပညာပေးပြဇာတ်)
မင်္ဂလာပါလို့ လူ့အခွင့်အရေးစကားသံမှ ပြန်လည် ကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်။
ယခုလာမည့်တနင်္လာနဲ့ သောကြာနေ့မှာ မနက်ဖြန်တိုင်းလှပါစေ ဆိုတဲ့ ကလေးအခွင့်အရေး ပညာပေးပြဇာတ်ကို DVB ရုပ်သံမှ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
ဒီပြဇာတ်ဟာဆိုလို့ရှိရင် လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ ကလေးစစ်သား လေးတယောက်အကြောင်း၊ အရွယ်မရောက်ခင် အဓမ္မပြုကျင့်ခံလိုက်ရတဲ့ မိန်းကလေးငယ် တယောက်အကြောင်းနဲ့ စီးပွားရေး အဆင်မပြေတဲ့ မိသားစုက ကလေးအလုပ်သမားလေး တယောက်တို့ အကြောင်းကို ပြဇာတ်အဖြစ် တင်ပြထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်းက ကလေးများရင်ဆိုင်နေရတဲ့ အကြမ်းဖတ်ခံရမှုတွေ၊ အမြတ်ထုတ် ခေါင်းပုံဖြတ်ခံရမှုတွေကို ထင်ဟပ်စေမည့် ပြဇာတ်လေး ဖြစ်ပါတယ်။
ပြဇာတ်ကို မြန်မာနိုင်ငံမှာ ကလေးသူငယ်အခွင့်အရေးများအကြောင်း သိရှိစေရန်ရည်ရွယ်ပြီး ညီမျှခြင်းမြန်မာအဖွဲ့နှင့် DVB ရုပ်သံ သတင်း ဌာနမှ ပူးပေါင်းတင်ဆက်ထားခြင်းဖြစ်ပါတယ်။
UNITED ACT (ကလေးသူငယ်ပညာပေးပြဇာတ်အဖွဲ့)က ပါဝင်သရုပ်ဆောင်ထားသော ပြဇာတ်လေးဖြစ်ပါတယ်။






ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
