ရေးမြို့နယ်တွင် Covid-19 နှင့် ပတ်သက်၍ ပညာပေးလှုံ့ဆော်မှုနှင့်အတူ ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများလှူဒါန်း

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁၂) ရက်နေ့တွင် Covid-19 ရောဂါကူးစက်မှုနှင့် ပတ်သက်၍ ထိရောက်သော နည်းဖြင့် ကာကွယ်နိုင်ရေးအတွက် ရေးမြို့နယ်ရှိ Home Quarantine နှင့် Facility Quarantine ဝင်နေသာ သူများကို MWCUC အဖွဲ့ကတာဝန်ရှိသူများသည် ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများ လှူဒါန်း ခြင်းနှင့် ပြည်သူအချင်းချင်း ခွဲခြားဆက်ဆံလိုမှု လျော့ကျလာရေးအတွက် ပညာပေးလှုံ့ဆော်မှုများကို ညီမျှခြင်းမြန်မာအဖွဲ့၏ ထောက်ပံ့မှုဖြင့် လုပ်ဆောင်နိုင်ခဲ့ပါသည်။


ရေးမြို့နယ်၊ ကော့လှိုင်ကျေးရွာသို့ နှာခေါင်းစည်း(Mask)၄၀၀ နှင့် “ကိုဗစ်ပိုးက လူတိုင်းရဲ့ အန္တရာယ်ပါ၊ သူငါ မခွဲခြား လူတိုင်းကာကွယ်ပါ” စာတမ်းပါ စတစ်ကာ ၄၀၀၊ ချောင်းတောင်ကျေးရွာ၊ ခေါစာကျေးရွာနှင့် ဟန်ဂန်ကျေးရွာသို့ နှာခေါင်းစည်း(Mask) ၁၀၀ နှင့် စတစ်ကာ ၉၀၀၊ မော့ကနင် ရွာသစ်ကျေးရွာသို့ နှာခေါင်းစည်း(Mask)၄၀၀ နှင့် စတစ်ကာ ၄၀၀၊ ကမ်းနီကျေးရွာသို့ နှာခေါင်းစည်း ၅၀ နှင့် စတစ်ကာ ၂၀၀ လှူဒါန်းခဲ့ပါသည်။

ရောဂါကူးစက်မှုနှင့် စပ်လျဉ်း၍ ပြည်သူအချင်းချင်း ခွဲခြားဆက်ဆံမှုများ မပြုလုပ်ကြစေရန်၊ အချင်းချင်း ယုံကြည်လေးစားမှုနှင့်အတူ နေထိုင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ပညာပေးလှုံ့ဆော်မှုများ လုပ်ဆောင် ခြင်းဖြစ်ပါသည်။ ထို့အပြင်အပူချိန်တိုင်းပေးခြင်း၊ သတင်းအချက်အလက်များမျှဝေခြင်းနှင့် စနစ်တကျလက်ဆေးနည်းများကို လက်တွေ့ လုပ်ဆောင်ပြခြင်းများဖြင့် ပညာပေးလုပ်ငန်းများ လုပ်ဆောင် ခဲ့ပါသည်။



ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
