အမုန်းစကားမပြန့်ပွားရေး လူထုအကြား အသိပညာပေးကမ်ပိန်းပြုလုပ်

မေလ ၂၇ ရက်မှ ဇွန်လ ၆ ရက်အထိ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နှင့် မုံရွာမြို့များရှိ ကျေးရွာပေါင်း ၂၅၆ ရွာသို့ ကိုဗစ်ကပ်ရောဂါကို အကြောက်လွန်ပြီး ခွဲခြားဆက်ဆံခြင်းနှင့် အကြမ်းဖက်မှုကို ဦးတည်စေသော အမုန်းစကား လျှော့စေရေး၊ သတင်းမှားကို သတိပြုရှောင်ကြဉ်စေရေး လူထုလှုပ်ရှားမှုကမ်ပိန်း လုပ်ဆောင်ခဲ့ပါသည်။

မြောင်မြို့နယ် ထွေအုပ်ရုံး အုပ်ချုပ်ရေးမှူးက “ဒီအစီအစဉ်က  အလွန်ကောင်းပါတယ်။ ဒီမြို့နယ်မှာ အခုလို အသိပညာပေး အစီအစဉ်တွေမရှိသည့်အတွက် အမုန်းစကားနှင့် ပက်သက်ပြီး ပိုမို သိလာဖို့ ပညာပေးအစီအစဉ် တွေလာမယ်ဆိုရင် ကြိုဆိုပါတယ်”    လို့ ဖိတ်ခေါ်ခဲ့သည်။

ရွှေဘိုမြို့နယ် အမုန်းစကားပညာပေး အစီအစဉ်များလုပ်ဆောင်ရာတွင် ပြင်ပနိုင်ငံများမှ ပြန်လာသူများကို ရောဂါပိုးပါလာမည်ကို စိုးရိမ်ကာ ခွဲခြားဆက်ဆံကြပြီး ခိုက်ရန်ဖြစ်ပွားသည့်အထိ ဖြစ်ကြသည်။

ယခုလို “ကိုဗစ်ကို အတူတကွကာကွယ်ပါ လူအချင်းချင်း မမုန်းကြပါနဲ့”ဆိုသည့် အသိပညာပေး အကြောင်းအရာ များကို ကျေးရွာလူထုအကြား လုပ်ဆောင်ခဲ့သည်။

မြောင်မြို့နယ် ကျန်းမာရေးဝန်ထမ်း သူနာပြု ဒေါ်ခင်နှင်းရီက “ ညီမျှခြင်းမြန်မာ အနေနဲ့ ကျန်းမာရေး ပညာပေးတာ၊ အထူးသဖြင့် ကိုဗစ်ရောဂါ ပိုးနဲ့ နွယ်ပြီးဖြစ်လာတဲ့  အမုန်းစကား၊  သတင်းမှား ဖြန့်ဝေမှုတွေကို ကာကွယ်တားဆီးနိုင်ဖို့ ပညာပေးတာကို  အထူးပင် ကျေနပ်မိပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေနှင့်  တာဝန်ရှိသူတွေ  လုပ်အားပေးသူတွေကို ဒီကာလမှာ ကျန်းမာရေးအရာ ကန့်သတ်ထားရှိမှုများနဲ့ပက်သက်ပြီး အမြင်မကြည်လင်ကြတာတွေ၊ အမုန်းစကားတွေ ပြောဆိုတုံ့ပြန်တာခံရ ကြုံနေရချိန်မှာ အခုလို ပညာပေးခြင်းကို ကျေးဇူး တင်ပါတယ်” လို့ ပြောကြားခဲ့ပါသည်။

LGBT များကို ခွဲ့ခြားပြောဆိုခြင်းများရှိသည့်အတွက် အမုန်းစကားမပြန့်ပွားရေး ပညာပေး အစီအစဉ်များရှိလျှင် အုပ်ချုပ်ရေးမှူးများကလည်း ကူညီဆောင်ရွက်ပေးပါမည်ဟု ပြောကြားခဲ့သည်။

အဆိုပါကမ်ပိန်းကို အမျိုးသား ၁၃ဦး၊ အမျိုးသမီး ၁၀ ဦး၊ LGBT ၂ ဦး စုစုပေါင်း ၂၅ဦးက ဦးဆောင်ခဲ့ပါသည်။ ကမ်ပိန်းဖြစ်မြောက်ရေးတွင် ပါဝင်ခဲ့သော မြောင်းမြို့နယ်ထွေအုပ် ဥက္ကဌနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ ရွှေဘိုမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ အရပ်ဘက်အဖွဲ့အစည်း များဖြစ်သည့် လူ့အခွင့်အရေး ပညာပေးကွန်ရက်၊ ရွှေခြင်္သေ့လူမူရေးအဖွဲ့ ၊ သပြေညို ရွှေဘိုပန်းအဖွဲ့ ၊ သီရိရတနာ လူမူရေး အဖွဲ့ ၊ မုံရွာမြို့နယ် NLD အမျိုးသမီးအဖွဲ့ ၊ ခိုင်နှင်းဆီ LGBT အဖွဲ့ ၊ Myanmar Youth Star အဖွဲ့ ၊ အနာဂတ်အလင်းရောင်အဖွဲ့ ၊ ဒေါင်းမျိုးဆက်အဖွဲ့ ၊ 88 မျိုးဆက်သစ် အဖွဲ့တို့ကို  ညီမျှခြင်းမြန်မာက ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။