မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ သထုံမြို့ နှင့် ရေးမြို့ရှိ ရေဘေးသင့်ပြည်သူများ၊ ကျောင်းသူ၊ ကျောင်းသားများ အတွက် လှူဒါန်းခြင်း
Equality MyanmarSeptember 2, 2019
စက်တင်ဘာလ၊ ၁ရက်နေ့တွင် Mon Youth Progressive Organization (MYPO), Human Rights Educator’s Network (HREN), Equality Myanmar and Burmese People in Ireland မွန်လူငယ်ပညာပေးအဖွဲ့တို့ ပူးပေါင်းပြီး ရေးမြို့ရှိ ရေဘေးသင့်ကျောင်းသူ၊ ကျောင်းသားများအတွက် သွားရောက် လှူဒါန်းနိုင်ခဲ့ပါသည်။
ရေဘေးသင့် အထက ၂၊ မူလွန် ၅ အောင်မင်္ဂလာ၊ ရေးမြို့၊ မူလွန် ၉ အောင်သုခ၊ ရေးမြို့နှင့် အမက ၂ ချောင်းတောင်ရှိ ကျောင်းသူ ကျောင်းသား အယောက် ၉၇၀ ခန့်အတွက် ထီး၊ ကျောပိုးအိတ်၊ ပန်းချီးဆွဲစာအုပ်၊ ရောင်စုံခဲတံ၊ သွားတိုက်တံနှင့် သွားတိုက်ဆေးများ စုစုပေါင်း ကျပ် ၆၀ ခန့် သွားရောက်လှူဒါန်းခဲ့ပါသည်။ ရေးမြို့ရှိ ရေဘေးသင့်ကျောင်းသူ၊ ကျောင်းသားများအတွက် ညီမျှခြင်း မြန်မာအဖွဲ့မှ လေးဆယ့်တစ်သိန်း သုံးသာင်း ကိုးထောင်(၄၁၃၉၀၀၀)ကျပ် လှူဒါန်းခဲ့ပါသည်။
ဆက်လက်ပြီး ရေးမြို့နယ် ရေဘေးသင့်ပြည်သူများအား အလှူငွေဆယ်သိန်းကျပ်ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်း မှတဆင့်လှူဒါန်းခဲ့ပါသည်။
“ကျိုက်မရောမြို့နယ် ရေဘေးသင့်ပြည်သူများ အတွက် ဦးအောင်မျိုးမင်း (Equality Myanmar) မှ အလှူငွေ ၁၀ သိန်းကျပ်ကို ကျွန်တော်မှတဆင့် ပေးပို့လှူဒါန်းလာမှုအပေါ် ကျွန်တော်မှ ကျိုက်မရောမြို့နယ် မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ဦးထံ လွှဲပြောင်းလှူဒန်းပေးခဲ့ပါတယ်” လို့ ဦးမျိုးဝင်း၏ လူမှုကွန်ရက်စာ မျက်နှာတွင် ရေးပြပေးထားသည်။
ထို့အပြင် မွန်ပြည်နယ်၊ သထုံမြို့ရှိ ရေဘေးသင့်ပြည်သူများ အတွက် ကျပ်ငွေ ငါသိန်းကို မွန်ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့မှ တဆင့်လှူဒါန်းသွားခဲ့ပါသည်။
ပူးပေါင်းကူညီပေးကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေး ပညာပေးသူများကွန်ယက် (HREN)နှင့် တိုးတက်သော မွန်လူငယ်များအစည်းအရုံး (MYPO)၊ မွန်လူငယ်ပညာပေးရေးအဖွဲ့ တို့အား အထူးပင် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် အပ်ပါသည်။
ညီမျှခြင်းမြန်မာ(EqualityMyanmar)အဖွဲ့ဝန်ထမ်းများ၏ လစဉ်စုဆောင်း လှူဒါန်းငွေစုစုပေါင်း ခြောက်ဆယ့်ခြောက်သိန်းသုံသောင်း ကိုးထောင်(၆၆၃၉၀၀၀)ကျပ်ကို မွန်ပြည်နယ် ရေဘေးသင့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား လှူဒါန်းခဲ့ပါသည်။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
