ပြည်တက္ကသိုလ်၌ အခြေခံလူ့အခွင့်အရေး အမြင်ဖွင့်သင်တန်းကျင်းပ
Equality Myanmar June 14, 2019
ဇွန်လ ၅ ရက်မှ ၇ ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ပြည်တက္ကသိုလ်တွင် Diakonia (People Change The World) ၏ ထောက်ပံ့မှုဖြင့် (၃)ရက်တာ “အခြေခံ လူ့အခွင့်အရေး အမြင်ဖွင့် သင်တန်း” ကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
တောင်ငူနည်း ပညာတက္ကသိုလ်၏ ဌာန(၁၃)ခုမှ စိတ်ပါဝင်စားသူ ဆရာ/ဆရာမပေါင်း (၂၅)ဦး တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
လူ့အခွင့်အရေးအယူအဆနှင့် အဓိပ္ပါယ်၊ လူ့အခွင့်အရေး အယူ အဆ သမိုင်းကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာ စာတမ်း ပေါ်ပေါက်လာပုံသမိုင်း ကြောင်းများ၊ အခွင့်အရေး အပိုဒ်များ အသေး စိတ်၊ လူ့အခွင့် အရေးအမျိုးအစားများ၊ အုပ်စုလိုက်အခွင့်အရေး၊ ပညာရေး အခွင့်အရေး(Right to Education) နှင့် ပညာရေး၏ အရည်အသွေး စံသတ်မှတ်ချက်များ၊ လူ့အခွင့်အရေးနှင့် ပတ်သက်၍ အစိုးရ၏ တာဝန်ရှိမှုများ၊ လူ့အခွင့်အရေး လုပ်ငန်းစဉ်များ စသည့် သင်ခန်းစာ ခေါင်းစဉ်များကို (၃)ရက်တာအတွင်း ဆွေးနွေးခဲ့ကြပါ သည်။
“ ဒီသင်တန်းကနေပြီးတော့ လူ့အခွင့်အရေးအကြောင်းကို သေသေ ချာချာသိခဲ့ရတယ်။ ဗဟုသုတအနေနဲ့လည်း သမိုင်းကြောင်းတွေ သိခဲ့ ရတယ်။ လူ့အခွင့်အရေးဆိုတာ လူတိုင်း သိသင့်တယ်၊ နားလည်သင့် တယ် လိုက်နာသင့်ပါတယ်”ဟု ဦးစိုးပိုင် (ရူပဗေဒဌာန) မှ ပြောကြား ခဲ့သည်။
ဓာတုဗေဒဌာနမှ တက်ရောက်လာသော ဒေါ်ယဉ်နွယ်စန်းကလည်း အခုလို“ လူ့အခွင့်အရေး အပိုဒ်(၃၀)အကြောင်းကို လေ့လာခဲ့ရတယ်။ ဒီရောက်မှ တချို့အရာလေးတွေက ကိုယ်နေထိုင်နေတဲ့ ပုံစံနဲ့ လွဲနေ တာလေးတွေ ရှိတယ်ဆိုတာကို သိလာခဲ့ရတယ်။ ဒီသင်တန်းက ရလိုက် တဲ့ သင်ခန်းစာတွေကို ကျောင်းသား ကျောင်းသူတွေကို စာသင်ချိန် အစ မှာဖြစ်ဖြစ် အဆုံးမှာဖြစ်ဖြစ် ပြန်မျှဝေသွား ဖို့ရှိတယ်” လို့ဆိုပါသည်။
အဆိုပါ သင်တန်းကို ညီမျှခြင်းမြန်မာမှ သင်တန်းနည်းပြများဖြစ်သော ကိုပိုင်ဆက်နှင့် မဒီနင်ဘောက်မော် တို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြသည်။








ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
