လူ့အခွင့်အရေးစကားသံ အပိုင်း(၁၂၅) နေအိမ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းမှု အခွင့်အရေး
ဒီရက်သတ္တပတ်မှာတော့ နေအိမ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုအခွင့်အရေး ဆိုတဲ့ဇာတ်လမ်းလေးကို တင်ပြပေးသွားမှာဖြစ်ပါတယ်။
ဇာတ်လမ်းကို လူနေအိမ်များနှင့် ရပ်ကွက်ပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးများသိရှိစေရန် ရည်ရွယ်ပြီး ညီမျှခြင်းမြန်မာအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းနှင့် ဧဒင်၊ နှင်းသီတာလှိုင်၊ လွှမ်းမိုးအောင်၊ အတူးလေးတို့က ရန်ကုန်မြို့စွန်ရှိ ရပ်ကွက်တခုသို့ သွားရောက်လည်ပတ်ရင်း ဆွေးနွေးကြပုံကို ဇာတ်လမ်းအဖြစ် ရိုက်ကူးတင်ဆက်းထားပါတယ်။
ဆရာနှင့် သူ၏တပည့်များက ရန်ကုန်မြို့စွန်ရပ်ကွက်တခုရှိ မိတ်ဆွေတဦးထံ ဝင်ရောက်လည်ပတ်ရာမှ ဖွံ့ဖြိုးမှုနောက်ကျတဲ့ ရပ်ကွက်ရဲ့ အနေအထားကိုမြင်တွေ့သွားကြပြီး၊ ထိုအကြောင်း
အရာနှင့် ဆက်နွယ် ပြီးတပည့်များက ဆရာဦးအောင်မျိုးမင်းအား သိလိုတဲ့အကြောင်းအရာတွေကို မေးမြန်းခဲ့ကြတယ်။
ဆရာမျိုးမှ နေအိမ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ အချက် ၇ ချက်ကိုရှင်းပြပေးခဲ့ပြီး နောက်ရပ်ကွက်တွင်းနေထိုင်သူတဦးကို ရပ်ကွက်အကြောင်း၊ လိုအပ်ချက်များအကြောင်း မေးမြန်းခဲ့တယ်။








ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
