အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းနားကို အမျိုးသမီးအဖွဲ့များမှ ဦးစီးကြီးကျင်းပ
Equality Myanmar March 12, 2018
မတ်လ၊ (၁၀)က်နေ့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းနားကို အမျိုးသမီးအဖွဲ့များမှ ဦးစီးကြီးမှူးပြီး မဟာဗန္ဓုလပန်းခြံတွင် ကျင်းပခဲ့သည်။
ထိုနေ့အခမ်းအနားတွင် ဒေါ်ငယ်ငယ်အေးမောင် – ZENITH (Association of Myanmar Disable Women Affairs) နှင့် ဒေါ်မို့မို့ဆွေ (နခံတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ လောင်းလုံးမြို့နယ်၊ ထားဝယ်ခရိုင်) တို့က အမျိုးသမီးကဏ္ဍမြင့်မားရေးအားလုံးဝိုင်းဝန်းတွန်းအားပေး ဆိုသည့်ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပြုလုပ်ခဲ့ရာ ညီမျှခြင်းမြန်မာအဖွဲ့မှ ကိုထိုက်ထိုက်( Advocacy Coordinator) သည်လည်း ဦးဆောင်ဆွေးနွေးသူ (Moderator)အဖြစ် ပါဝင်ခဲ့ပါသည်။
ဆွေးနွေးပွဲ စကားဝိုင်းတွင်
၁- လက်ရှိအချိန်မှာ အမျိုးသမီးများဆုံးဖြတ်ချက်ချနိုင်သော အခန်းကဏ္ဍကိုရောက်ရှိဖို့ရန် မည်သို့သော် အတားအဆီးများ၊ စိန်ခေါ်ချက်များဖြစ်နေသနည်း။
၂- ထိုအတားအဆီးများ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ဖို့ရန် မည်ကဲ့သို့သော် လိုအပ်မှုမျိုးလိုအပ်ပါသနည်း၊ မည်သူများထံမှ ပံ့ပိုးမှုများ၊ တွန်းအားပေး ကူညီမှုများ လိုအပ်သနည်း။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
