“ညီမျှခြင်း–မြန်မာ” (ယခင်–လူ့အခွင့်အရေးပညာပေးဌာန-(မြန်မာနိုင်ငံ) HREIB)” သည် အမြတ်အစွန်းအတွက် မရည်ရွယ်သည့် အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည်။ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် အခြေခံပြည်သူ လူထုများအတွက်ဦးတည်၍ လူ့အခွင့်အရေးပညာပေးခြင်း အစီအစဉ်များ၊ စည်းရုံးလှုံ့ဆော်ခြင်းအစီအစဉ်များနှင့် သုတေသနအစီအစဉ်များကို လုပ်ဆောင် နေလျက်ရှိသည်။

ညီမွှခှငြး-မှနမြာ သညြ လူ့အခှင့အြရေးနညြးပှသငတြနြးမွား၊ အခှခေံလူ့အခှငြ့အရေးနှငြ့၊ သီးခှားခေါငြးစဉအြလိုကြ လူ့အခှင့အြရေးသငတြနြးမွား၊ အမွားပှညသြူပါဝငနြိုငသြည့ြ အခမြးအနားပှပှဲမွားနှငြ့ လူ့အခှငြ့အရေးနှငြ့ပတသြကြ၍ အသေးစိတလြေ့လာနိုငမြညြ့ အလုပရြုံဆှေးနှေးပှဲမွားကို ရနကြုနမြှို့နှငြ့ မနျတလေးမှို့ရှိ သငတြနြးမွားတှငသြာမက မှနမြာပှညအြနှံတှငြ ကယွကြယွပြှနြ့ပှန့ြ လုပဆြောငနြလြကေရြှိသညြ။ ထို့အပှငြ မှနမြာနိုငငြံအတှငြး ကဏျဍအသီးသီးကို လုပဆြောငနြသညေ့ြ အဖှဲ့အစညမြွားက ဖိတကြှားသောသငတြနြးမွားသို့လညြး နညြးပှမွားစလှေှတြ၍ လူ့အခှငြ့အရေးပညာပေးလွှကြ ရှိပါသညြ။

“ညီမျှခြင်း – မြန်မာ” ကို စတင်တည်ထောင်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်မှစ၍ အမျိုးသမီးများ၊ လူငယ်များ၊ သံဃာတော်များ နှင့်သင်းအုပ်ဆရာများ၊ လိင်တူချစ်သူများ၊ တက်ကြွလှုပ်ရှားသူများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ရပ်ရွာလူထု ခေါင်းဆောင်များ အပါအဝင်လူဦးရေ စုစုပေါင်း လူဦးရေ (၂၀၀၀)ကျော်အား လေ့ကျင့်ပညာပေးနိုင်ခဲ့သည်။ ထို့ပြင် မြန်မာပြည်အနှံ့အပြားနှင့် နယ်စပ်ဒေသတလျှောက်တို့တွင် အားကောင်းသောလူ့အခွင့်အရေးနည်းပြများနှင့် လူ့အခွင့်အရေးစည်းရုံးလှုံ့ဆော်သူများ ကွန်ယက် များကို တည်ဆောက်နိုင်ခဲ့ပါသည်။

“ညီမျှခြင်း–မြန်မာ” သည် လွန်ခဲ့သောနှစ်များအတွင်းမှစ၍ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်ပြီး ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာအကြား သိရှိလာစေရန် လုပ်ဆောင်သည့်စည်းရုံးလှုံ့ဆော်ခြင်း ကမ်ပိန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ဦးဆောင်ပါဝင် လုပ်ဆောင်ခဲ့ပါသည်။

ထို့အပြင် လူ့အခွင့်အရေးဆိုင်ရာ သတင်းအချက်အလက်များ နည်းပါးနေခြင်းကို ဖြည့်ဆည်းသည့်အနေဖြင့် လူ့အခွင့်အရေး ပညာပေးဆိုင်ရာ အထောက်ကူပစ္စည်းများ၊ အသံနှင့်ရုပ်မြင် ထုတ်လုပ်မှုများနှင့် အခြား မာတီမီဒီယာပိုင်းဆိုင်ရာ တင်ဆက်မှုများကို မြန်မာဘာသာနှင့် တိုင်းရင်းသားဘာသာစကားများဖြင့် ထုတ်လုပ်နေပါသည်။ ထိုထုတ်လုပ်မှုများမှာ ရုပ်မြင်သံကြား ပညာပေး အစီအစဉ်တွဲများ၊ ပညာပေးပို့စတာများ၊ တေးသီချင်းများ၊ တေးဂီတ ရုပ်သံသီချင်းများ၊ မဂ္ဂဇင်းများဖြစ်သည်။ ထိုအရာများကို လူ့အခွင့်အရေးသင်တန်းများသို့ ကိုယ်တိုင် ပါဝင်တက်ရောက်နိုင်ခြင်းမရှိသူများ လေ့လာနိုင်ရန်အတွက် အခွင့်အလမ်းများ ဖန်တီးပေးသည့်အနေဖြင့် ထုတ်ဝေခြင်း ဖြစ်ပါသည်။

မျှော်မှန်းချက်

“ညီမျှခြင်း–မြန်မာ” သည် မြန်မာနိုင်ငံတွင် လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးကိုလေးစားမှုအပေါ် အခြေခံသည့် ငြိမ်းချမ်းသော၊ သည်းခံစိတ်ရှည်သော၊ ဒီမိုကရေစီထွန်းကားသော လူမှုအသိုက်အဝန်း ပေါ်ထွန်းလာစေရန် မျှော်မှန်းချက်ထား ပါသည်။

ရည်မှန်းချက်

“ညီမျှခြင်း–မြန်မာ” သည် မြန်မာပြည်သူများအား လူမှုပြုပြင်ပြောင်းလဲမှုနှင့် လူ့အခွင့်အရေးယဉ်ကျေးမှု ထွန်းကားအောင် လုပ်ဆောင်ရာတွင် ပါဝင်လာစေရန်အတွက် လူ့အခွင့်အရေးပညာပေးခြင်းမှတဆင့် စွမ်းရည်မြှင့်တင်သွားရန် ရည်မှန်းထား ပါသည်။

ပန်းတိုင်

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးလေးစားလိုက်နာမှုများ တိုးတက်မြင့်မားလာစေရန်။

လုပ်ငန်းစဉ်များ

ရည်ရွယ်ချက်များ

လူ့အခွင့်အရေးပိုင်ဆိုင်သူများနှင့် လူ့အခွင့်အရေးအတွက် တာဝန်ရှိသူများအကြား လူတိုင်းပါဝင်သော ပညာရေး ပုံစံဖြင့် လူ့အခွင့်အရေးအမြင်များ ဖွင့်ပေးရန်။

ရပ်ရွာလူထုနှင့် ကွန်ယက်များက အစပျိုးလုပ်ဆောင်လာသည့် လူ့အခွင့်အရေးအခြေပြုသောလှုပ်ရှားမှုများကို စွမ်းရည်မြှင့် တင်ပေးခြင်းအားဖြင့် ပံ့ပိုးဆောင်ရွက်သွားရန်။

ဦးတည်အုပ်စုများ

မိမိအဖွဲ့အစည်းအတွင်း၊ ရပ်ရွာအသိုင်းအဝိုင်းအတွင်းနှင့် နယ်ပယ်အတွင်း တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်လာအောင် လုပ်ဆောင်နိုင်မည့်သူများကို စွမ်းရည်မြင့်တင်ပေးနိုင်ရန်အတွက် ဦးတည်အုပ်စုများအား မဟာဗျူဟာကျကျ ရွေးချယ် ပါသည်။

ကျွန်ုပ်တို့၏ လူ့အခွင့်အရေး ပညာပေးသင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများကို အရပ်ဖက်လူမှုအဖွဲ့အစည်းများ ကိုယ်စားလှယ်များ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ ရပ်ရွာလူထုခေါင်းဆောင်များနှင့် အမျိုးသမီးအုပ်စုများ၊ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ၊ လိင်တူချစ်သူအရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ တိုင်းရင်းသားများနှင့် ဘာသာရေး လူနည်းစုဝင်များ၊ ကျောင်းဆရာ၊ဆရာမများ၊ လယ်သမားနှင့် အလုပ်သမား သမဂ္ဂဝင် များအားရည်ရွယ်၍ ပြုလုပ်ပါသည်။

အကျိုးခံစားသူများနှင့် လက်တွဲဖော် လုပ်ဖော်ကိုင်ဖက်များကို ရွေးချယ်ရာတွင် လူ့အခွင့်အရေးအခြေပြု ချဉ်းကပ်ခြင်း ရှုထောင့်သည် လူမှုအသိုင်းအဝိုင်းအတွင်းရှိ ကဏ္ဍတိုင်းနှင့် နေရာတိုင်းတွင် အရေးပါသောအရာဖြစ်ပြီး ထိုရူထောင့်သည် တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ တိုးတက်မြင့်မားစေရေးအတွက် လိုအပ်သောအဆင့်တစ်ခုဖြစ်သည်ဟု လက်ခံယုံကြည် သောအချက်အပေါ် အခြေခံထားရွေးချယ်ပါသည်။

သင်ကြားရေးနည်းနာများ

“ညီမျှခြင်း–မြန်မာ” သင်ယူသူကို ဗဟိုပြုသင်ကြားပြီး သမရိုးကျသင်ကြားမှုပုံစံမဟုတ်သောချဉ်းကပ်မှုများအား အသုံးပြုကာ သင်ယူသူ၏ ကိုယ်ပိုင်အတွေ့အကြုံနှင့် ဗဟုသုတများကို ပိုမိုအားကောင်းစေသည့် နည်းလမ်းများကို စတင်မိတ်ဆက် အသုံးပြုခဲ့သည်။ မိမိတို့အသုံးပြုသော နည်းလမ်းများသည် အသိအမြင်၊ သဘောထားနှင့်အပြုအမူ ဆိုင်ရာအဆင့် သုံးဆင့်စလုံးတွင်ပြောင်းလဲလာအောင် အလေးထားသင်ကြားသောနည်းလည်းဖြစ်ပါသည်။ အချုပ်အားဖြင့် ၎င်းအဆင့်သုံးဆင့် ပြောင်းလဲခြင်းစေကြောင့် မြန်မာပြည်သူများအနေနှင့် လက်ရှိ လူမှုအသိုင်းအဝိုင်းအတွင်း ဖြစ်ပွားနေသော လူမှုပြဿနာများကို ဖော်ထုတ် သုံးသပ်တတ်စေပြီး ထိုမှတဆင့် လူ့အခွင့်အရေးအခြေပြုသော ဖြေရှင်းမှုများဖြင့် တုန့်ပြန်ဖြေရှင်းတတ်လာစေအောင် စွမ်းရည်မြှင့်ပေးနိုင်မည်ဖြစ်သည်။

ကျွန်ုပ်တို့၏ ဆန်းသစ်တီထွငပြီး နှင့် ပူပေါင်းပါဝင်မှုဖြစ်စေသော သင်ရိုးညွန်းတမ်းပုံစံများသည် ပါဝင်သူများကို သူတို့၏ ဗဟုသုတ အတွေ့အကြုံများကို ပြန်လည်သုံးသပ်နိုင်ပြီး အပြန်အလှန်ဆွေးနွေးနိုင်စေမည့် အခွင့်အလမ်းရရှိစေပါသည်။ ဤသင်ကြားမှု လမ်းစဉ်သည် ပါဝင်သူများအပေါ်အခြေပြု၍ လုပ်ဆောင်မည့်လုပ်ငန်းများအပေါ် အဓိကပြုပါသည်။ လေ့လာသူတဦးချင်းစီကို သူတို့၏ကိုယ်ပိုင်လုပ်ငန်းနယ်ပယ်များနှင့် ဘဝအတွေ့အကြုံများဆိုင်ရာ ကျွမ်းကျင်သူများအဖြစ် လက်ခံထားပါသည်။

“ညီမျှခြင်း–မြန်မာ” သည် လူ့အခွင့်အရေးဆိုသည်မှာ ပြောင်းလဲဖြစ်ပေါ်လျက်ရှိပြီး ဆင့်ကဲပြောင်းလဲတတ်ကြောင်းကို အသိအမှတ်ပြုလက်ခံသည်။ သင်တန်းသူသင်တန်းသားများအား လူ့အခွင့်အရေးချိုး ဖောက်မှုများနှင့်ပတ်သက်၍ နောက်ဆက်တွဲလုပ်ဆောင်နိုင်မည့် လက်တွေ့ကျသော နည်းလမ်းများကို ပံ့ပိုးပေးပါသည်။ ထိုနည်းလမ်းများကနေ၍ သူတို့၏ ကိုယ်ပိုင်ရပ်တည်ဆုံးဖြတ်နိုင်မှုများ၊ လူမှုပြုပြင်ပြောင်းလဲမှုနှင့် လူထုနှင့်ထိစပ်နိုင်မှုပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှု များကို အားကောင်းလာစေမည်ဖြစ်သည်။

ကျွန်ုပ်တို့၏ လူ့အခွင့်အရေးပညာပေးအစီအစဉ်သည် သင့်လျော်၍ လက်တွေ့ကျသော လူ့အခွင့်အရေး အခြေခံမူများ အပေါ် ဗဟိုပြီး သင်ယူသူများအား ၎င်းတို့၏ ရပ်ရွာအသိုင်းအဝိုင်းနယ်ပယ်နှင့် လုပ်ငန်းခွင်များတွင် ပြောရေးဆိုခွင့်ရှိ သူများဖြစ်ေစေရန် စွမ်းရည်မြှင့်တင်ပေးပါသည်။ သင်တန်းသူသင်တန်းသားမျာကနေ၍ မြန်မာပြည်အတွင်းရှိ လူ့အခွင့်အရေးတက်ကြွလှုပ်ရှား သူများအကြားကွန်ယက်ကျယ်ပြန့်လာစေရန် အဓိကအခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင် လျက်ရှိသည်။ လူ့အခွင့်အရေးသင်တန်း တခုပြီးတိုင်း မြန်မာပြည်သူလုထုအတွင်း လူ့အခွင့်အရေးကိုသိရှိပြီး လေးစား လာသူဦးရေ တိုးပွားလာလျက်ရှိပါသည်။