မင်္ဂလာပါ “လူ့အခွင့်အရေးနှင့် ကျောင်းသင်ရိုးညွှန်းတမ်း” ဒုတိယပိုင်းကို လာမည့်အပတ်တွင် ထုတ်လွှင့်ပေး သွားမှာဖြစ်ပါသည်။ ဇာတ်လမ်းကို ကျောင်းသင်ရိုးညွှန်းတမ်းများတွင် လူ့အခွင့်အရေး အယူအဆသဘောတရားများ ပါဝင်ရေးနှင့် လူ့အခွင့်အရေး ပညာပေးခြင်းများအကြောင်းသိရှိစေရန်ရည်ရွယ်၍ ထုတ်လွှင့် ပြသ ခြင်းဖြစ်ပါသည်။ ဆရာအောင်ဇော်ထွေးမှ ကျောင်းသင်ခန်းစာများထဲမှ လူ့အခွင့်အရေးအကြောင်းအရာများကို လေ့လာခိုင်းရာ ထူးဝဏ္ဏရှိန်မှ သမိုင်းသင်ရိုးညွှန်တမ်းမှ တွေ့ရှိချက်ကိုဆွေးနွေးပြီး၊ နှင်းသီတာလှိုင် သည် မြန်မာစာသင်ရိုးညွှန်းတမ်းမှ တွေ့ရှိချက်ကို ဆွေးနွေးတင်ပြခဲ့ကြသည်။
မာတီမီဒီယာ
မင်္ဂလာပါလို့ လူ့အခွင့်အရေး စကားသံမှ ပြန်လည် ကြိုဆိုပါသည်။
ယခုလာမည့် အပတ်တွင် “လူ့အခွင့်အရေးနှင့် ကျောင်းသင်ရိုး ညွှန်းတမ်း” ပညာပေး ဇာတ်လမ်းလေး ထုတ်လွှင့်ပေးသွား မှာဖြစ်ပါသည်။
ဇာတ်လမ်းကို ကျောင်းသင်ရိုးညွှန်းတမ်းများတွင် လူ့အခွင့်အရေး အယူအဆသဘောတရားများပါဝင်ရေးနှင့် လူ့အခွင့်အရေး ပညာပေးခြင်းများအကြောင်းသိရှိစေရန်ရည်ရွယ်၍ ထုတ်လွှင့် ပြသခြင်းဖြစ်ပါသည်။
မင်္ဂလာပါလို့ လူ့အခွင့်အရေး စကားသံမှ ပြန်လည် ကြိုဆိုပါသည်။
ထပ်မံထုတ်လွှင့်ပေးမည့်ခေါင်းစဉ်လေးက“စွန့်ပစ်ခံကလေးသူငယ်များ” ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ စွန့်ပစ်ခံကလေးငယ်များ၏ အခြေအနေ၊ အကြောင်းကို သိရှိစေရန် ရည်ရွယ်ပါသည်။
ဇာတ်လမ်းကို ပိုမိုနားလည်လွယ်ကူစေရန် အမှန်တကယ် မွေးကင်းစစွန့်ပစ်ကလေးငယ်များ ပြုစုစောင့်ရှောက် ပေးနေသူ ကိုဖိုးဇော်နှင့်တွေ့ဆုံကာ မေးမြန်းတင်ပြပေးထားပါသည်။
ဇာတ်လမ်းထဲမှ ကိုနေလသည် ဂျာနယ်ထဲတွင် ကလေးငယ်ကို စွန့်ပစ်ခဲ့သောသတင်းကို ကြားပြီး ဒေါသထွက် ခဲ့ရသည်။ ထိုအချိန်မှာ သူငယ်ချင်းဖြစ်သူ လွှမ်းမိုးအောင်မှ အကြောင်းစုံ သိရှိစေရန် ဆရာအောင်မျိုးမင်းထံ သွားရောက် မေးမြန်းဖို့ အကြံပြုခဲ့သည်။
ထိုမှတဆင့် ဆရာအောင်မျိုးမင်းနှင့်အတူ ကိုနေလ၊ ကိုလွှမ်းမိုးအောင်၊ မဖွေးဖွေးဝင်းတို့သည် မွေးကင်းစ စွန့်ပစ်ကလေးငယ်များ ပြုစုစောင့်ရှောက် သူထံသွားပြီးမေးမြန်းခဲ့ကြသည်။ ကိုဖိုးဇော်အား မည်သည့်အချိန် ကစပြီး ထိုအလုပ်ကို စလုပ်ဖြစ်ခဲ့ပုံ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ မည်သို့ပြုစုစောင့်ရှောက်ရပုံ၊ အမှတ်ရ စရာအဖြစ်အပျက် စသည်တို့ကိုမေးမြန်းခဲ့သည်။
ကလေးငယ်များအား စွန့်ပစ်ခြင်းမရှိစေရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်း၊ မည်သူတွေမှာ တာဝန်ရှိသည်ကို ရှင်းလင်းပေးထားသည့် ဇာတ်လမ်းဖြစ်ပါသည်။
ညီမျှခြင်း မြန်မာအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဆရာဦးအောင်မျိုးမင်း၊ ကိုနေလ၊ မဖွေးဖွေးဝင်း၊ ကိုလွှမ်းမိုးအောင်နှင့် မွေးကင်းစစွန့်ပစ်ကလေး ငယ်များ ပြုစုစောင့်ရှောက် ပေးနေသူ ကိုဖိုးဇော်တို့က ပါဝင် သရုပ်ဆောင်ထားပါသည်။
မင်္ဂလာပါလို့ လူ့အခွင့်အရေး စကားသံမှ ပြန်လည် ကြိုဆိုပါသည်။ ယခုပြန်လည်ထုတ်လွှင့်ပေးမည့် ဇာတ်လမ်းလေးက “ကလေးများကို ရိုက်နှက်ဆုံးမခြင်း” ဖြစ်ပါသည်။
ဇာတ်လမ်း၌ လမ်းတွင် မိခင်တဦးက သူမသားဖြစ်သူကို ရိုက်နှက်ဆုံးမနေသည်ကို နိုင်တံခွန်က သွားရောက် တားမြစ်ပြီး၊ ကလေးများကို ကြမ်းတမ်းစွာ ရိုက်နှက်ကာ မဆုံးမပဲ မေတ္တာရှေ့ထားလျက် ချိုသာစွာ ဆုံးမရန် ပြောပြခဲ့သည်။
ထို့အပြင် ညီမျှခြင်းမြန်မာအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဆရာဦးအောင်မျိုးမင်းမှ မြန်မာနိုင်ငံတွင် ကလေးများကို ရိုက်နှက်ဆုံးနေခြင်းသည် ရိုးရာဓလေ့သဖွယ်ဖြစ်နေကြောင်း၊ ကလေးများကို ရိုက်နှက် မဆုံးမဘဲ အခြားနည်းဖြင့် ဆုံးမလို့ရကြောင်း၊ ရိုက်နှက်ဆုံးမခြင်းသည် ကလေး၏ ရုပ်ပိုင်းဆိုင်ရာ နာကျင်စေသည်သာမက စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာလည်းရရှိစေသွားကြောင်း ရှင်လင်းပြောပြပေးထားသည်။
ထိုအကြောင်အရာများကို ကိုနိုင်တံခွန်မှ ကလေး၏မိခင်ကို ပြန်လည်ရှင်ပြပေးသည့်အပြင်၊ ကမ္ဘာပေါ်တွင် ကလေးများကို ရိုက်နှက်ဆုံးမခြင်းကို တားဆီးရန် အစိုးရများနှင့် လူမှုအဖွဲ့ အစည်းများပူးပေါင်းကြိုးပမ်းမှုများရှိလာကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးများကို ရိုက်နှက်ဆုံးမမှု အတွက် လူထုလှုပ်ရှားမှု စစ်တမ်းကောက်ယူ၍ ရလာသောရလဒ်များနှင့် တေးကဗျာတပုဒ်ကိုလည်း တင်ဆက်ပေးထားပါသည်။
ဇာတ်လမ်း၌ လမ်းတွင် မိခင်တဦးက သူမသားဖြစ်သူကို ရိုက်နှက်ဆုံးမနေသည်ကို နိုင်တံခွန်က သွားရောက် တားမြစ်ပြီး၊ ကလေးများကို ကြမ်းတမ်းစွာ ရိုက်နှက်ကာ မဆုံးမပဲ မေတ္တာရှေ့ထားလျက် ချိုသာစွာ ဆုံးမရန် ပြောပြခဲ့သည်။
မင်္ဂလာပါ လူ့အခွင့်အရေးစကားသံမှ ပြန်လည်ကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်။
မြန်မာနိုင်ငံ ကလေးအလုပ်သမားတွေထဲက အိမ်အကူကလေးအလုပ်သမားတွေ အကြောင်းသိရှိစေရန် ရည်ရွယ်ပြီး“ကလေးနှင့်အလုပ်” ဇာတ်လမ်းကို DVB ရုပ်သံမှ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
ကလေးအလုပ်သမားအကြောင်းရိုက်ကူးထားတဲ့ သီချင်းလေးကို သင်တန်းတစ်ခုတွင် ပြသပေးတယ်။ သီချင်းမှာပါဝင်သရုပ်ဆောင်နေတဲ့ ကလေးအလုပ်သမားတွေ ဘဝကို ကြည့်ပြီး သင်တန်းသားတွေရဲ့ခံစားချက်နှင့် အကြောင်းအရာတွေကို ညီမျှခြင်းမြန်မာအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဆရာဦးအောင်မျိုးမင်းက မေးမြန်းဆွေးနွေးပေးထားတယ်။
ဆက်ပြီး ကလေးအလုပ်သမားတွေထဲက အိမ်အကူ ကလေးအလုပ်သမားတွေအကြောင်း အဓိက ဆွေးနွေးထားပြီး၊ ကလေးအလုပ်သမားဘာကြာင့်များပြားနေရလဲဆိုတာကို ဆရာအောင်မျိုးမင်းက အကြောင်းအရင်းလေးတွေကို တင်ပြပေးထားတဲ့ ပညာပေး ဇာတ်လမ်းလေးဖြစ်ပါတယ်။
မနက်ဖြန်တိုင်းလှပါစေ (ကလေးအခွင့်အရေးပညာပေးပြဇာတ်)
မင်္ဂလာပါလို့ လူ့အခွင့်အရေးစကားသံမှ ပြန်လည် ကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်။
ယခုလာမည့်တနင်္လာနဲ့ သောကြာနေ့မှာ မနက်ဖြန်တိုင်းလှပါစေ ဆိုတဲ့ ကလေးအခွင့်အရေး ပညာပေးပြဇာတ်ကို DVB ရုပ်သံမှ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
ဒီပြဇာတ်ဟာဆိုလို့ရှိရင် လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ ကလေးစစ်သား လေးတယောက်အကြောင်း၊ အရွယ်မရောက်ခင် အဓမ္မပြုကျင့်ခံလိုက်ရတဲ့ မိန်းကလေးငယ် တယောက်အကြောင်းနဲ့ စီးပွားရေး အဆင်မပြေတဲ့ မိသားစုက ကလေးအလုပ်သမားလေး တယောက်တို့ အကြောင်းကို ပြဇာတ်အဖြစ် တင်ပြထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်းက ကလေးများရင်ဆိုင်နေရတဲ့ အကြမ်းဖတ်ခံရမှုတွေ၊ အမြတ်ထုတ် ခေါင်းပုံဖြတ်ခံရမှုတွေကို ထင်ဟပ်စေမည့် ပြဇာတ်လေး ဖြစ်ပါတယ်။
ပြဇာတ်ကို မြန်မာနိုင်ငံမှာ ကလေးသူငယ်အခွင့်အရေးများအကြောင်း သိရှိစေရန်ရည်ရွယ်ပြီး ညီမျှခြင်းမြန်မာအဖွဲ့နှင့် DVB ရုပ်သံ သတင်း ဌာနမှ ပူးပေါင်းတင်ဆက်ထားခြင်းဖြစ်ပါတယ်။
UNITED ACT (ကလေးသူငယ်ပညာပေးပြဇာတ်အဖွဲ့)က ပါဝင်သရုပ်ဆောင်ထားသော ပြဇာတ်လေးဖြစ်ပါတယ်။
ဒီအပတ်မှာတော့ အကျဉ်းထောင်မှာ ဘယ်လိုဥပဒေ တွေရှိပြီး၊ အကျဉ်းသားတွေမှာရော ဘယ်လိုအခွင့်အရေးတွေရှိနေသလဲဆိုတာကို ညီမျှခြင်းမြန်မာအဖွဲ့နှင့် DVB ရုပ်သံတို့ပူးပေါင်းပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဒီဇာတ်လမ်းကို မြန်မာနိုင်ငံရှိ အကျဉ်းထောင်ဥပဒေ (မူကြမ်း)နှင့် အကျဉ်းသားအခွင့်အရေးကိုသိရှိစေရန် ရည်ရွယ်ပြီး ထုတ်လွှင့်ပြသခြင်းဖြစ်ပါတယ်။
လွယ်ကူရှင်းလင်း၊ နားလည်သဘောပေါက်စေဖို့ တပည့်များက ဆရာကို မေးမြန်း၊ ဆွေးနွေးရုံသာမက မြန်မာနိုင်ငံက အကျဉ်းသားအခွင့်အရေးတွေနဲ့ပတ်သက်ပြီး ကူညီလုပ်ဆောင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်းသို့ သွားရောက်လေ့လာခဲ့ကြတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၊ မှတ်တမ်းနှင့်သုတေသနတာဝန်ခံ ကိုဇော်မိုးက လွှတ်တော်မှာ တင်သွင်းထားတဲ့ အကျဉ်းထောင်ဥပဒေမူကြမ်းနဲ့ အကျဉ်းသားအခွင့်အရေးတို့ကို ရှင်းလင်းပေးခဲ့ပြီး၊ အပြန်အလှန်မေးမြန်း ဆွေးနွေးကြခဲ့တယ်။
ဆက်ပြီး ဆက်ရန်နိုင်၊ ယွန်းပိုပိုအောင်၊ လွှမ်းမိုးအောင်တို့လည်း အဲဒီအသင်းက နိုင်ငံရေးအကျဉ်းသူဖြစ်သူ မသန်းသန်းဌေးကို သူမထောင်ကျခဲ့တဲ့အဖြစ်အပျက်၊ ထောင်တွင်းမှလူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်းမေးမြန်းခွင့်လည်း ရခဲ့ကြတယ်။
ညီမျှခြင်း မြန်မာအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဆရာဦးအောင်မျိုးမင်း၊ တပည့်များဖြစ်ကြတဲ့ ဆက်ရန်နိုင်၊ ယွန်းပိုပိုအောင်၊ လွှမ်းမိုးအောင်၊ မသန်းသန်းဌေး (နိုင်ငံရေးအကျဉ်းသူဟောင်း)၊ ကိုဇော်မိုး(နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း၊ မှတ်တမ်းနှင့်သုတေသနတာဝန်ခံ)တို့က ပါဝင်သရုပ်ဆောင် ထားပါတယ်။
ညီမျှခြင်းမြန်မာ
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Business Hours
Our support Hotline is available 24 Hours a day: (555) 343 456 7891
- Monday-Friday: 9am to 5pm
- Saturday: 10am to 2pm
- Sunday: Closed
