ရုပ်သံ သတင်းအချက်အလက်

၇၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အကြိုအထိမ်းအမှတ်အနေဖြင့် လူ့အခွင့်အရေးဆွေးနွေးပွဲစကားဝိုင်းအစီအစဉ်ကို ညီမျှခြင်းမြန်မာနှင့် MCN သတင်းဌာနတို့က ပူးပေါင်းတင်ဆက်ပေးသွားဖို့ ၂၉ ရက်၊ နိုဝင်ဘာလ ၂၀၁၉ ခုနှစ်တွင် ရိုက်ကူးခဲ့ပါတယ်။

ယခု ၂၀၁၉ ခုနှစ်အတွက် ရွေးချယ်ထားသော ဆောင်ပုဒ်မှာ “လူသားအားလုံး အခွင့်အရေး လူငယ်များက ရပ်တည်ပေး” ၊“ Youth Standing Up for Human Rights” ဖြစ်ပါသည်။

၇၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ကို ကြိုဆိုတဲ့အနေနဲ့
“တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး” ‌ဆွေးနွေးပွဲစကားဝိုင်းအစီအစဉ်ကို ညီမျှခြင်း မြန်မာအဖွဲ့နဲ့ MCN သတင်းဌာနတို့က ပူးပေါင်း ထုတ်လွှင့်ခြင်းဖြစ်ပါတယ်။

“ တရားဥပဒေ စိုးမိုးရေး” ဆိုတာ “နိုင်ငံတွင် စိုးမိုးထားတဲ့ ဥပဒေတွေက တရားမျှတမှု ရှိရမယ်” လို့ ဆိုလိုကြောင်း၊ “ ပြည်သူလူထုအနေနဲ့ ရရှိခံစားခွင့်ရှိတဲ့ လူ့အခွင့်အရေး၊ ဥပဒေအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေကို ပြည်သူလူထုကိုယ်တိုင် သိထားရမယ်” ဆိုတဲ့အကြောင်း‌တွေနဲ့အတူ လူ့အခွင့်အရေးနဲ့ တရားစီရင်ရေးက ဘယ်လိုဆက်စပ်နေလဲ၊ လူ့အခွင့်အရေးကို လေးစားတဲ့ တရားရေးမဏ္ဍိုင်ဖြစ်အောင် ဘာတွေပြောင်းလဲသင့်လဲ၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးလေးစားတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ဘာတာဝန်တွေ လိုက်နာသင့်သလဲ စတဲ့အကြောင်းအရာတွေကို ‌ဆွေးနွေးပေးထားပါတယ်။

ရုပ်သံ သတင်းအချက်
ဒီနေ့မှာတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၂ ကို ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဖွေးဖွေး က ဖတ်ပေးမှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးနေ့ကို ပါဝင်ဆင်နွှဲချင်သူများအနေဖြင့် ကိုယ်နှစ်သက်ရာအပိုဒ်ကို ဗီဒီယိုရိုက်ပြီး page ကို ပေးပို့နိုင်ပါတယ်။ အခု အပိုဒ် ၁၂ ကို ဖတ်ရှုချင်ပါက အောက်မှာ ရေးပေးထားမယ်။ ဖတ်ပြီး ဗီဒီယိုရိုက်ကာ page ရဲ့ message box လေးကို ပေးပို့ပေးနိုင်ပါတယ်။ page တွင် ပြန်လည် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Q&A“ဥပဒေမဲ့ လက်စားချေတာ၊လက်တုန့်ပြန်ဖြေရှင်းတဲ့ ရာဇဝတ်မှုတွေ အဖြစ်များ လာတာဘာကြောင့်လဲဖြေကြားပေးပါ” ဆိုတဲ့အမေးနဲ့ ညီမျှခြင်းမြန်မာ၊ဒါရိုက်တာဦးအောင်မျိုးမင်းရဲ့အဖြေ။

Q&A-“လူမှုကွန်ရက်စာမျက်နှာတွေပေါ် မှာမြင်တွေ့နေရတဲ့နိုင်ငံတော်အလံကို ရုပ်ရှင်ရုံထဲမှာအလေးပြုခြင်း၊ မပြုခြင်းဟာအရေးယူခံရနိုင်တယ် ဆိုတာဟုတ်ပါသလား။ ဥပဒေမှာဘယ်လိုပြဌာန်းထားလဲဆိုတာမေးမြန်းပေးပါ”ဆိုတဲ့ အမေးနဲ့ တရားလွှတ်တော်ရှေ့နေဒေါ်နီလာအေးရဲ့အဖြေ။

Q&A-“အမှိုးသားတှမှောဖှဈတတတွဲ့ လိငတွံတိုဝငခွှငွးရောဂါ(တိုနာ)ဆိုတာဟာ တကယရွှိတာပါလား။ အဲ့လိုရောဂါမှိုးဖှဈရငဆွေးကုသလို့ရပါသလား ဆိုတာကို သိခငှပွါတယွ”ဆိုတဲ့အမေးနဲ့Hello ဆရာဝနရွဲ့ အယဒွီတာခှုပနွှင့ွ Head of Operations မှ ဒေါကတွာ သူရိနလွှိုငဝွငွး ရဲ့ အဖှစတေဲ့ အမေး၊ အဖှေ အ ပှည့အွစုံကိုဒီတဈ ပတွ Question & Answer အစီအစဉမွှာစောင့မွှှောကွှည့ွ ရှု့နိုငပွါပှီ။
ဒီအစီအစဉကွိုတော့အငွဂြါနေ့(၆.၁၁.၂၀၁၈)ရကွ၊နံနကွ(၈း၀၀နာရီနှင့ွ၉း၀၀နာရီ)ကှား၊နေ့လယွ(၃း၀၀နာရီနှင့ွ၄း၀၀နာရီ)ကှား၊ ည(ရး၀၀နာရီနှင့ွ၉း၀၀နာရီ)ကှား၊ ကှာသာပတေးနေ့(၈.၁၁.၂၀၁၈)ရကွ၊နံနကွ(၈း၀၀နာရီနှင့ွ၉း၀၀နာရီ)ကှား၊
နေ့လယွ(၃း၀၀နာရီနှင့ွ၄း၀၀နာရီ)ကှား၊ည(ရး၀၀နာရီ နှင့ွ၉း၀၀နာရီ)ကှား အခှိနတွှမှောSKYNET UpToDate Channel တှငစွောင့မွှှောကွှည့ရွှု့နိုငပွှီဖှဈ ပါတယွ။

ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေတွေကို နိုင်ငံတကာက စိတ်ဝင်တစား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးချက်တွေ၊ မြန်မာနိုင်ငံရဲ့ တုန့်ပြန် လုပ်ဆောင်ချက်တွေအပေါ် မူတည်ပြီး လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ထပ်ပြီး ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ ဇွန်လ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ “ညီမျှခြင်းမြန်မာ” အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကို RFA ဝိုင်းတော်သူ မခက်မာက ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသောတိုက်ပွဲများရပ်တန့်ရေးနှင့် စစ်ဘေးသင့်ပြည်သူများအား လွတ်လပ်စွာကူညီခွင့်ရရေး အတွက် ဆန္ဒထုတ်ဖော်မည့် တက်ပြွလှုပ်ရှားသူများကို တာမွေအဝိုင်းထိပ်တွင် ရဲတပ်ဖွဲ့ဝင်များကဖမ်းဆီးရိုက်နှက်ခဲ့ပြီး တက်ကြွလှုပ်ရှားသူအချို့ ဖမ်းဆီးခံခဲ့ရသည်။ ဆန္ဒဖော်ထုတ်မည့် သူများသည် တာမွေမြို့နယ်၊ ပန်းပဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်အပါအဝင် မြို့နယ် ငါးမြို့နယ်ကို လှည့်လည်သွားရန် စီစဉ်ထားခြင်းဖြစ်ပြီး လမ်းကြောင်းစတင်မည့် တာမွေအဝိုင်းထိပ်တွင်ပင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ်၊ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး Ursula Mueller ဟာ ဧပြီလ ၂ ရက်နေ့ကနေ ၈ ရက်နေ့အထိ မြန်မာနိုင်ငံကို ခြောက်ရက်ကြာခရီးစဉ် လာရောက်ခဲ့ပြီး စစ်တွေမြို့နယ်က ဒုက္ခသည်စခန်းတွေနဲ့၊ မောင်တောမြို့နယ်မှာ ဆောက်လုပ်နေတဲ့ ပြန်လည် နေရာချထားရေး လုပ်ငန်းတွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုရဲမွန်တင်ပြထားပါတယ်။

(ဗီဒီယို- OHCHA/Reuters/RFA)

မြန်မာနိုင်ငံဟာ အာရှနဲ့ ပစိဖိတ်ဒေသတွင်းက ကလေးလုပ်သား အများဆုံးရှိတဲ့ ဒေသတွေထဲက တစ်ခု အပါအဝင်ပါ။
အဲဒီထဲမှာ အသက် ၁၄ နှစ်အောက် ကလေးငယ်တွေကို မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ အများအပြားတွေ့နိုင်ပါတယ်။
SBS

https://audiomedia-sbs.akamaized.net/burmese_60d78109-abd0-4db7-bd5a-269156209bee.mp3

Equality Myanmar January 19, 2018
&မောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်နှိမ်နှင်းမှုအပေါ် Equality Myanmar ဦးအောင်မျိုးမင်း ရဲ့ ပြောဆိုချက်အပြည့်အစုံ