မာတီမီဒီယာ
လူငယ်တွေဟာ ခေတ်၀န်ကိုထမ်းရင်း ခေတ်လမ်းကို လျှောက်ရင်း စစ်အာဏာရှင်ကို ကဏ္ဍပေါင်းစုံကနေ ပါ၀င်တွန်းလှန်နေကြတာကြောင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရ ပေမယ့်လည်း လူ့အခွင့်အရေးရရှိဖို့၊ ဖယ်ဒရယ် ဒီမိုကရေစီရရှိဖို့အတွက် ရဲရင့်တဲ့သတ္တိ၊ မလျော့တဲ့ဇွဲနဲ့ ခိုင်မာတဲ့ ယုံကြည်ချက် တွေနဲ့ ရှေ့ခရီးဆက် နေကြဆဲပါ။ လွတ်လပ်ခြင်း၊ ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူ ဖြစ်ခြင်း၊ လူဂုဏ်သိက္ခာ အတိုင်းနေထိုင်ပိုင်ခွင့်ရှိခြင်းနဲ့ လေးစားခြင်း ဆိုတဲ့ လူ့အခွင့်အရေး အနှစ်သာရတွေရရှိဖို့ လူငယ်တွေ ဆက်လက်တိုက် ပွဲ၀င် နေကြရဆဲပါ။
#PVTV
#Youth&HumanRights
#EqualityMyanmar
#HRETV
#Youth
အာဏာရှင်နတ်ဆိုးနှင်တဲ့ပွဲမှာ ဒီတခါနောက်ဆုံး ဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက် နှင့်အတူ လိင်စိတ်ခံယူမှု ကွဲပြားသူများအနေဖြင့် နွေဦးတော်လှန်ရေးကာလမှာ ဘယ်လိုအခန်း ကဏ္ဏမျိုးစုံကနေ ပါဝင်လုပ်ဆောင်နေလဲဆိုတာ ဒီဗီဒီယိုကနေ ကြည့်လိုက်ကြရအောင်။
#LGBT
#PVTV
#EQMM
#HRETV
#HumanRights
မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ၊ လက်စဖျောက်မှုတွေ၊ ရိုဟင်ဂျာ အမျိုးသမီးများနှင့် မိန်းကလေးတွေအပေါ်မှာ အုပ်စုလိုက် အဓမ္မပြုကျင့်တာတွေအပါအ၀င် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စနစ်တကျလုပ် ဆောင် ခဲ့ကြပါတယ်။ ဒါတွေအပြင် ရွာပေါင်း (၁၀၀) ခန့် ပျက်စီးခဲ့ရပြီး ဘ၀ပေါင်း များ စွာလည်း ပျက်စီးခဲ့ကြရပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ အမေရိကန်အစိုးရက ဒီရာဇ၀တ် မှုတွေဟာ Genocide လူမျိုးသုဥ်း သတ်ဖြတ်မှု မြောက်တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။
ယနေ့အချိန်ထိ ရိုဟင်ဂျာတစ်ထောင်ကျော်ဟာ သူတို့ရဲ့ အိမ်၊ ရွာ၊ နိုင်ငံကနေ ရွှေ့ပြောင်း နေထိုင်ကြရဆဲ ဖြစ်ပါတယ်၊ အချို့တွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စစ်ဘေးရှောင်စခန်း တွေမှာ ဆင်းရဲပင်ပန်းစွာ နေထိုင်ကြရဆဲပါ။
အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုအမျိုးအစားတွေထဲက တစ်ခုဖြစ်တဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှု ဆိုတာကတော့“နိုင်ငံသား၊ လူမျိုးနွယ်စု၊ လူမျိုးစု(သို့) ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့များ အားလုံးကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ကျူးလွန်မှုများ (သို့) အချို့အစိတ်အပိုင်းများကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ကျူးလွန်မှုများ” လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။
လက်ရှိမြန်မာနိုင်ငံအနေနဲ့ ICJ မှာတရားရင်ဆိုင်နေရတာဟာ ဘာကြောင့်ဘာလဲ။
လူမျိုးသုဥ်းသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာမှာဘယ်လိုစာချုပ်တွေရှိလဲ။
မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေရှိလား။
စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ဘယ်လိုသဘောထားရှိလဲ။ ဘာတွေလုပ်ဆောင်နေလဲ။
#Genocide
#PVTV
#Equality Myanmar
#HRETV
#MoHR
#6thmemorial
#Rohingya
#HumanRights
#Infosheet4HumanRights
စစ်ပွဲဆိုင်ရာ ရာဇ၀တ်မှု (War Crime) ဆိုတာက ဘာလဲ??
- စစ်ပွဲဆိုင်ရာ ရာဇ၀တ်မှု (War Crime) ဆိုတာကတော့ စစ်ပွဲ (သို့မဟုတ်) လက်နက်ကိုင်ပဋိပက္ခကာလ အတွင်းမှာ စစ်ရေးဗျူဟာ၊ စီမံကိန်းတခုအနေဖြင့်ရည်ရွယ်ပြီး အရပ်သားတွေအပေါ်၊ သုံ့ပန်းတွေအပေါ်၊ စစ်ပွဲအတွင်းဖမ်းဆီးခံရသူတွေအပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှုပါ။
စစ်ပွဲဆိုင်ရာ ရာဇ၀တ်မှု (War Crime) မြောက်တဲ့ အမှုတွေက ဘာတွေလဲ??
- စစ်ပွဲဆိုင်ရာ ရာဇ၀တ်မှု(War Crime) မြောက်တဲ့ ပြစ်မှုအမျိုးအစား (၁၂) မျိုးရှိပါတယ်။
(၁) စိတ်ပါလက်ပါ သတ်ဖြတ်ခြင်း၊ မျိုးသုဉ်းစေခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် ရက်ရက်စက်စက် ဆက်ဆံခြင်း၊
(၂) လူတယောက်၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းအောင် ဆက်ဆံခြင်း၊ ဓားစာခံအဖြစ် ခေါ်ဆောင်ခြင်း၊
(၃) ရည်ရွယ်ချက်ရှိရှိဖြင့်အရပ်သားများကိုပစ်မှတ်ထား တိုက်ခိုက်ခြင်း၊
(၄) ဂျီနီဗာသဘောတူစာချုပ်က သတ်မှတ်ထားသည့် သင်္ကေတများပါရှိသည့် အဆောက်အဦများ၊ ပစ္စည်းများ၊ ဆေးဝါးဌာနများနှင့် ယာဉ်များကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးခြင်း၊
(၅) လူသားချင်းဆိုင်ရာ စာနာမှုဝန်ထမ်းများနှင့် ငြိမ်းချမ်းရေးတပ်ဖွဲ့များကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊
(၆) ဘာသာရေး၊ ယဉ်ကျေးမှု၊ အထိမ်းအမှတ်များ၊ ဆေးရုံများနှင့် လူနာများထားရှိသည့်နေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊
(၇) လိင်စော်ကားခြင်း၊ အတင်းအကျပ် ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်း၊ ကိုယ်ဝန်ရစေခြင်း၊ သားကြောဖြတ်ခြင်းနှင့် အခြားပုံစံများဖြင့်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊
(၈) အသက်(၁၅) နှစ်အောက်ကလေးများကို စစ်ပွဲများတွင်ပါဝင်စေခိုင်းခြင်း၊
(၉) ရပ်ရွာလူထုများကိုလုံခြုံရေးအကြောင်းကြောင့်မဟုတ်ဘဲ ရွှေ့ပြောင်းခြင်း၊
(၁၀) ဒဏ်ရာရသည့်တစ်ဖက်တပ်သားများကိုရက်ရက်စက်စက်သတ်ဖြတ်ခြင်း၊
(၁၁) စစ်သုံ့ပန်းများကို တယောက်မကျန် သတ်ဖြတ်ခြင်း၊ ၎င်းတို့၏ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဖြတ်တောက်ခြင်း၊ ဆေး (သို့မဟုတ်) သိပ္ပံပညာ စမ်းသပ်မှုများကို လုပ်ဆောင်ခြင်း၊
(၁၂) လိုအပ်ချက်အရမဟုတ်ဘဲ လူထု၏ ကိုယ်ပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ သိမ်းပိုက်ခြင်း။
အသေးစိတ်ဆွေးနွေးပို့ချချက်ကို ဗီဒီယိုတွင် ကြည့်ရှုနိုင်ပါတယ်။
#WarCrime
#PVTV
#Equality Myanmar
#HRETV
#HumanRights
စဈကောငစြီရဲ့ စဈကှောငြးထိုး တိုကခြိုကမြှုတှကှေောင့ြ အသကဘြေးစိုးရိမကြှောကရြှံ့ရတဲ့အတှကြ အခှား တိုငြးပှညြ နယစြပတြှမှော နထေိုငနြကှပှေီး ကိုယ့နြရပေကြို ပှနဖြို့ကှောကရြှံ့နကှရေတဲ့ Refugee လို့ခေါတြဲ့ နယစြပဒြသတှေကေ စဈဘေးရှောငတြှဟော လူ့အခှင့အြရေးခွိုးဖောကမြှုတှကေို ကှုံတှေ့ခဲ့ကှရပါတယြ။ လကရြှိမှာလညြး Refugee တှဟော အလုပအြကိုငမြရှိခှငြး၊ စားဝတနြရေေးခကခြဲခှငြး၊ ကွောငြးသုံးပဈစညြးမွားနှင့ြ ကွောငြးအပနြှံရေးအတှကြ ခကခြဲခှငြး၊ လှတလြပစြှာသှားလာလှုပရြှားခှင့မြရှိခှငြး အစရှိတဲ့အခကအြခဲမွိုးစုံကိုရငဆြိုငနြကှရေပါတယြ။ သူတဈပါးတိုငြးပှညတြှမှော ဖှဈသလိုနထေိုငကြှရငြး ဝါးအိမတြဲလေးတှကနေေ –
- လူ့အခှင့အြရေးအပှည့အြဝရရှိခံစားနိုငမြယ့နြေ့
- ဖယဒြရယဒြီမိုကရစေီရရှိပှီး ကိုယ့အြိမမြှာကိုယအြေးအေးခမွြးခမွြးပှနနြိုငမြယ့နြေ့
- ကိုယ့မြှကေိုယ့ယြာမှာလှတလြှတလြပလြပလြုပကြိုငစြားသောကနြိုငမြယ့နြေ့တှကေို မွှောလြင့တြောင့တြနကှပေါတယြ။
အသကရြှငခြှင့ြ၊ လုံခှုံခှင့ြ၊ ပညာသငကြှားခှင့ြ၊ လှတလြပစြှာသှားလာခှင့နြှင့ြ ကိုယ့မြှကေိုယ့ယြာမှာလှတလြှတလြပလြပြ လုပကြိုငစြားသောကခြှင့တြှဟော လူသားတိုငြးရပိုငခြှင့ရြှိတဲ့၊ ရရှိခံစားပိုငခြှင့ရြှိတဲ့ လူ့အခှင့အြရေးတှပေဲဖှဈပါတယြ။
မှနမြာပှညသြူလူထုဟာ လှတလြပမြှု၊ တနြးတူညီမွှမှု၊ လူကိုလူလို တနဖြိုးထား လေးစားခံရမှုနှင့ြ တရားမွှတမှုကို ရရှိခံစးနိုငဖြို့ အတှကြ အာဏာရှငစြနဈကို နညြးလမြးမွိုးစုံသုံးပှီး တိုကထြုတနြကှပေါတယြ။ လူ့အခှင့အြရေးနှင့ြ ဖယဒြရယဒြီမိုကရစေီ ရရှိရေးအတှကြ ပှညသြူ့ဝနထြမြးမွားဟာလညြး စဈ အာဏာရှငကြို ဆန့ကြငွတြှနြးလှနခြဲ့ကှပါတယြ။
ရုံးမတကဘြဲ ရုနြးထှကခြဲ့ကှတဲ့ ပှညသြူ့ဝနထြမြးတှဟော အခကအြခဲမွိုးစုံကို ရငဆြိုငနြကှရေပမယေ့ြ အကှမြးဖကစြဈတပကြို အားမလွော့ဘဲ ဆကလြကြ တိုကပြှဲဝငနြကှဆေဲဖှဈပါတယြ။ ပှညသြူလူထုအနဖှငေ့လြညြး မိမိတို့ တတနြိုငတြဲ့ဘကကြ ဆကလြကတြိုကပြှဲဝငနြကှဖေို့လိုပါတယြ။
အကှမြးမဖကလြူထုလှုပရြှားမှုတှငြ ပါဝငကြှသော ပှညသြူ့ဝနထြမြးမွားသညြ မှနမြာပှညသြူလူထု၏ အခှင့အြရေးနှင့ြ အနာဂတမြွိုးဆကသြဈမွားရဲ့ အခှင့အြရေးမွားအတှကြ ဘဝကို ခကခြဲပငပြနြးစှာ ဖှတသြနြးရငြး တိုကပြှဲဝငပြေးနကှတေဲ့ မမေ့လွော့သင့တြဲ့ သူရဲကောငြးမွားဖှဈပါတယြ။
ညီမျှခြင်းမြန်မာ
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Business Hours
Our support Hotline is available 24 Hours a day: (555) 343 456 7891
- Monday-Friday: 9am to 5pm
- Saturday: 10am to 2pm
- Sunday: Closed
