မီဒီယာသတင်းထုတ်ပြန်ချက်များ

UPR လုပ်ငန်းစဥ်သို့အရပ်ဖက်အဖွဲ့အစည်းများအစီရင်ခံစာတင်သွင်းခြင်း

ကမ္ဘာကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ UPR လုပ်ငန်းစဉ်သို့ တင်သွင်းမည့် မြန်မာနိုင်ငံ အရပ်ဖက်အဖွဲ့အစည်းများ၏အစီရင်ခံစာများအနက် Burma/Myanmar UPR ဖိုရမ်၏ အစီရင်ခံစာနှင့် Myanmar Child Rights Coalition အဖွဲ့တို့၏ အစီရင်ခံစာအကြောင်း မီဒီယာများအား တင်ပြသည့် အခမ်းအနားကို၂၀၂၀ ြပည့်နှစ်၊ ဩဂုတ်လ (၃၀) ရက်တွင် ကျင်းပခဲ့ပါသည်။

UPR လုပ်ငန်းစဉ်ဆိုသည်မှာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအားလုံးက လေးနှစ်လျှင်တစ်ကြိမ် လူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံစာများတင်သွင်းပြီး သုံးသပ်မှု ခံယူရသော လုပ်ငန်းစဉ်ဖြစ်သည်။ မြန်မာနိုင်ငံသည် လာမည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတွင် သုံးသပ်မှု ခံယူရမည်ဖြစ်ပြီး ယခုအကြိမ်သည် တတိယအကြိမ်မြောက် ဖြစ်သည်။ ထိုလုပ်ငန်းစဉ်တွင် အစိုးရအစီရင်ခံစာများသာမက အရပ်ဖက်အဖွဲ့အစည်းများ၏ အစီရင်ခံစာများကို အခြေခံ၍ သက်ဆိုင်ရာ နိုင်ငံအပေါ် နိုင်ငံတကာက အကြံပြုချက်များ တင်ပြခြင်း၊ သက်ဆိုင်ရာ နိုင်ငံက လက်ခံလိုက်နာမည့် အကြံပြုချက်များကို ရွေးချယ်ပြီး နိုင်ငံအတွင်း ပြန်လည်အကောင်အထည်ဖော်ရခြင်း စသည်တို့ပါဝင်သည်။

ယခုအစီရင်ခံစာများသည် အရပ်ဖက်အဖွဲ့အစည်း (၂၉) ဖွဲ့ ပါဝင်သည့် Burma/Myanmar UPR Forum နှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း (၁၅)ဖွဲ့ပါဝင်သည့် Myanmar Child Rights Coalition တို့၏ အစီရင်ခံစာများဖြစ်သည်။  လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာပေါင်း (၁၁) ခုနှင့် ကလေး သူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းအရာ (၃)ခုတို့အပေါ် သု တေသန ပြုလုပ်ထားသော အချက်များအပြင် မြန်မာနိုင်ငံအစိုးရအပေါ် အကြံပြုချက်များလည်း ပါဝင်သည်။ ထိုအကြောင်းအရာများမှာ

  • နိုင်ငံတကာလူ့အခွင့်အရေးယန္တရားများအား အတည်ပြုခြင်းနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းအခြေအနေ
  • လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးစီတန်းခွင့်
  • ဘာသာရေးနှင့် သက်ဝင်ယုံကြည်မှု လွတ်လပ်ခွင့်
  • နိုင်ငံသားဖြစ်မှု
  • လက်နက်ကိုင် ပဋိပက္ခနှင့် ငြိမ်းချမ်းရေး
  • ကျား/မ/အခြား စသည့် ဂျဲန်ဒါရေးရာနှင့် လိင်စိတ်တိမ်းညွတ်မှု/ လိင်ဝိသေသခံယူဖော်ပြမှု ကွဲပြားသူဆိုင်ရာ ပြဿနာများ
  • လူကုန်ကူးမှု
  • မြေယာပြဿနာ
  • နိုင်ငံရေးအကျဉ်းသားများ၊ မတရားဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း
  • အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် တရားစီရင်ရေးစနစ်
  • မသန်စွမ်းသူများ အခွင့်အရေး နှင့်
  • ကလေးသူငယ်ဆိုင်ရာအခွင့်အရေး တို့ဖြစ်သည်။

ထိုအစီရင်ခံစာများကို လူ့အခွင့်အရေးကောင်စီသို့ ပြီးခဲ့သည့် ဇူလိုင်လတွင် တင်သွင်းခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံအစိုးရအပေါ် Burma/Myanmar UPR ဖိုရမ်နှင့် Myanmar Child Rights Coalition အဖွဲ့တို့က အောက်ပါအချက်များအပါအဝင် အခြားသောအချက်များစွာကို လေးစားလိုက်နာဆောင်ရွက်ရန် အကြံပြု ထားသည်။ မြန်မာနိုင်ငံအား သုံးသပ်မှုလုပ်ဆောင်မည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင်လည်း အရပ်ဖက် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များက လူ့အခွင့်အရေးကောင်စီတွင် သွားရောက်လှုံ့ဆော်ကြမည်ဖြစ်သည်။

  • ICCPR, CAT နှင့် CERD တို့ကို အမြန်ဆုံးအတည်ပြု လက်မှတ်ရေးထိုးရန်၊
  • လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် ပြစ်ဒဏ်ကင်းလွတ်မှုများကို အမြန်ဆုံး ရပ်ဆိုင်းရန်၊ အပြစ်ရှိကြောင်းတွေ့ရသည့် တပ်မတော်သားများအား တရားရင်ဆိုင်ရန်နှင့် ပြစ်မှုစစ်ဆေးရန်အတွက် အရပ်ဖက်တရားရုံးများကို လွတ်လပ်စွာ ကိုင်တွယ်ခွင့်ပေးရန်၊
  • တရားရုံးအမှု စီရင်ရေးများအား ပြည်တွင်းနှင့် နိုင်ငံတကာ မျှတသော တရားခွင်ကြားနာရေး စံချိန်စံနှုန်းဆိုင်ရာ ကျွမ်းကျင်သူများမှ ပုံမှန်အချိန်ဖြစ်သော၊ ပွင့်လင်းမြင်သာသောနှင့် လွတ်လပ်သော လေ့လာစောင့်ကြည့်ခြင်းအတွက် ယန္တရားများ ဖော်ဆောင်ရန်၊
  • သင်ထောက်ကူပစ္စည်းများနှင့် ကျောင်းစာသင်ခန်းများသည် မသန်စွမ်းသူကလေးများအတွက် ကိုက်ညီအောင်ပြင်ဆင်ထားကြောင်း သေချာအောင်လုပ်ဆောင်ရန်၊ မသန်စွမ်းသူများအား နည်းပညာ နှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုစွမ်းရည်များရရှိအောင် အထောက်အကူ ပြုမည့် သင်တန်းကျောင်းများနှင့် အသက်မွေးဝမ်းကျောင်း စင်တာများကို တိုးမြှင့်ဖွင့်လှစ်ရန်၊
  • လုံလောက်သော အရင်းအမြစ်များခွဲဝေချထားခြင်းနှင့် ဆန်းစစ်လေ့လာခြင်း လုပ်ငန်းစဉ်များ ပါဝင်သည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်ပါ အခွင့်အရေးအားလုံးကို လွှမ်းခြုံ သော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အမျိုးသား‌လုပ်ငန်းအစီအစဉ် (National Plan of Action for Children)ကို ရေးဆွဲအတည်ပြု၊ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊
  • တိုင်းရင်းသားပညာရေးကျောင်းများကို အသိအမှတ်ပြုပေးရန်နှင့် အခြေခံပညာရေးဥပဒေတွင် သတ်မှတ်ထားသော ကျောင်းများအနက် အဓိပ္ပာယ်ဖွင့်ဆိုရန် ကျန်နေသည့် ကျောင်းအမျိုးအစား (၆) မျိုးအား သေချာရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုပေးရန်၊
  • မည်သည့်နေရာတွင်မဆို ကလေးသူငယ်များအပေါ် ရိုက်နှက်ပြစ်ဒဏ်ပေးခြင်းအား တားမြစ်ခြင်းနှင့် ပတ်သက်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အပိုဒ် (၅၆) ပါ ပြဌာန်းချက်အား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊

အထက်ပါအစီရင်ခံစာများကို အောက်ပါလင့်များတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

http://equalitymyanmar.org/book/archives/2905

http://equalitymyanmar.org/book/archives/2899

 

အသေးစိတ်သိရှိလိုပါက-

– ဦးအောင်မျိုးမင်း                                              myominburma@gmail.com     09 448 015 306

– ဒေါ်ဝင်းပပသန်း (ကလေးအခွင့်အရေး) winpapa.than@savethechildren.org    09 960 545 611

– လွေးပိုးငယ်                                        secretariat@womenofburma.org         09 781 329 742

(လက်နက်ပဋိပက္ခနှင့် ငြိမ်းချမ်းရေး)

-ဦးမြင့်အောင်                                        myintaung88generation@gmail.com   09 798 473 032

(အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တရားစီရင်ရေးစနစ်)

-ဦးအောင်ဖြူဇင် (မသန်စွမ်းအခွင့်အရေး)             aungzin.pwd@gmail.com        09 440 470 752

 

 

 

 

 

 

 

BY EQUALITY MYANMAR ON JULY 23, 2019
ဇူလိုင်လ ၂၂ ရက် ၂၀၁၉ ခုနှစ်

သို့
အုပ်ချုပ်ရေးအဖွဲ့

Myanmar Imperial University

No.1, Zay Mauk Street, Dagon Township, Yangon

အကြောင်းအရာ။ ကျောင်း၏ဝန်ထမ်းတဦးဖြစ်သော ကိုကျော်ဇင်ဝင်း အဆုံးစီရင်မှုအတွက် နောက်ဆက်တွဲ စုံစမ်းလုပ်ဆောင်ချက်များကို အများသိစေရန်အတွက် ထုတ်ပြန်ပေးရန် ပန်ကြားခြင်း

မိမိတို့သည် လွန်ခဲ့သော ဇွန်လ (၂၄) ရက် ၂၀၁၉ ခုနှစ်က မိမိကိုယ်ကို မိမိသတ်သေသွားသည့် Myanmar Imperial University မှ စာကြည့်တိုက်မှူးဖြစ်ခဲ့သူ ကိုကျော်ဇင်ဝင်းသေဆုံးမှုအတွက် တရားမှုတရေးကို အစဉ်အဆက်တောင်းဆိုနေသော LGBT အဖွဲ့အစည်းများဖြစ်ပါသည်။ လုပ်ငန်းခွင်အတွင်း လိင်စိတ်ဝိသေသ ကွဲပြားမှုကို[H1] အဓမ္မဖော်ထုတ်ခံခဲ့ရပြီး နိုင်ထက်စီးနင်းပြုကျင့်ခံခဲ့ရသော ကိုကျော်ဇင်ဝင်းအတွက် တရားမျှတမှုကို စုပေါင်းတောင်းဆိုခြင်း ထုတ်ပြန်ကြေညာချက်ကို အဖွဲ့အစည်းပေါင်းတရာကျော်က ဇွန်လ (၂၅) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အဖွဲ့အစည်းများဖြစ်ပါသည်။ ထိုထုတ်ပြန်ကြေညာချက်ထဲတွင် ကိုကျော်ဇင်ဝင်း၏ အဆုံးစီရင် မှုအတွက် လွန်စွာဝမ်းနည်းကြေကွဲရကြောင်းကိုဖော်ပြခဲ့ြ့ပီး အခင်းဖြစ်ပွားအောင် အားပေးအားမြှောက်ပြုခဲ့သူ များနှင့် ၎င်း၏ လိင်စိတ်တိမ်းညွတ်မှုကို ဖွင့်ဟစေရန်နှင့် လုပ်ငန်းခွင်အတွင်းအနိင်ကျင့်ခြင်းဖြင့် အကြမ်းဖက်မှု ကို အခွင့်ပေးထားသော Myanmar Imperial University နှင့် ၎င်း၏ စီမံခန့်ခွဲမှုရေးရာတာဝန်ရှိသူများကို ပြင်းထန်စွာ ရူတ်ချကြောင်း ဖော်ပြထားပါသည်။ ထို့သို့ လုပ်ဆောင်မှုသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ကြောင်း မိမိတို့ ယုံကြည်သည့်အားလျော်စွာ ထိုအခင်းဖြစ်ပွားအောင် အားပေးအားမြှောက်ပြုခဲ့သူများနှင့် ကျူးလွန်ခဲ့သူများကို အရပ်သားဖြစ်စေ နှင့်/သို့မဟုတ် ရာဇဝတ်မှုအားဖြင့်ဖြစ်စေ ချက်ချင်းအရေးယူဆောင် ရွက်ပေးရန်နှင့် တက္ကသိုလ်အနေဖြင့် နောက်နောင်တွင် အလားတူဖြစ်ရပ်မျိုးဖြစ်ပွားခြင်းမှကာကွယ်ရန် လူထုရှေ့မှောက်တွင် တရားဝင်တောင်းပန်ချက်များ၊ ပွင့်လင်းမြင်သာသော အရေးယူဆောင်ရွက်ချက်များ ကို ဆောင်ရွက်သွားရန် အထူးတောင်းဆိုခဲ့ပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ တက္ကသိုလ်ကျောင်းမှ ဇူလိုင်လ (၂) ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် ကိုကျော်ဇင်ဝင်းသေဆုံးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်းနှင့် အမှန်တရားအမြန်ဆုံးပေါ်ပေါက်စေရန်နှင့် ဥပဒေဘောင်အတွင်းမှ တရားစီရင်မှုပြုလုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် မည်သူမဆို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါသည်။

လာမည့် ဇူလိုင်လ (၂၄) ရက်နေ့တွင် ကိုကျော်ဇင်ဝင်းအဆုံးစီရင်ခဲ့သည့်နေ့ တလတိတိပြည့်မြောက်ပြီ ဖြစ်ပါသည်။ အဆုံးစီရင်ခဲ့သည့် တလပြည့်မြောက်ခဲ့သော်လည်း စုံစမ်းစစ်ဆေးအရေးယူမှုများနှင့်ပတ်သက်၍ တိကျခိုင်လုံသော သတင်းအချက်အလက်များကို Myanmar Imperial University မှ တာဝန်ရှိသူများက ဆက်လက်ထုတ်ပြန်ခြင်းမရှိတော့သည်ကို တွေ့ရှိရပါသည်။ ကျူးလွန်ရာတွင် ပါဝင်သည်ဟု ယူဆရသည့် သူများကို မည်ကဲ့သို့အရေးယူထားကြောင်း၊ လက်ရှိ စုံစမ်းစစ်ဆေး မှုများ မည်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း၊ နောက်နောင်တွင် အလားတူဝမ်းနည်းဖွယ်ဖြစ်ရပ်များ ထပ်မံ မဖြစ်ပွားအောင် မည်ကဲ့သို့လုပ်ဆောင်နေကြောင်းတို့ကို ပွင့်လင်းမြင်သားစွာ ထုတ်ပြန်ခြင်းမရှိတော့သည်ကို မိမိတို့ စိုးရိမ်မိသည်။

မိမိတို့သည် ကိုကျော်ဇင်ဝင်းအမှုနှင့် ပတ်သက်၍ အမှန်တရားဖော်ထုတ်ပြီး တာဝန်ရှိသူများကို အရေးယူနိုင် သည်အထိ ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားရန် သံဓိဌာန်ချထားသူများဖြစ်သည်။ ထို့ကြောင့် ထိုအမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲလုပ်ဆောင်ချက်များနှင့် ရလာဒ်များကို စိတ်ဝင်စားစွာစောင့်ကြည့်လေ့လာလျက်ရှိ ပါသည်။ မိမိတို့အနေဖြင့် ကိုကျော်ဇင်ဝင်းအမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုအခြေအနေများ၊ အမှန်တရား ဖော်ထုတ်မှုအခြေအနေများကို အခြားပြည်သူများနည်းတူ အချိန်နှင့် တပြေးညီ သိရှိလိုပါသည်။

ထို့အတွက်ကြောင့် Myanmar Imperial University အနေဖြင့် ကိုကျော်ဇင်ဝင်းအမှုနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းများနှင့် အရေးယူဆောင်ရွက်မှုများကို အများသိစေရန်အတွက် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန် တိုက်တွန်းလိုက်ပါသည်။ မိမိတို့အနေဖြင့် အမှုမှန်ပေါ်ပေါက်ပြီး မှန်ကန်သည့် တရားဥပဒေ ကို ဆောင်ကျဉ်းနိုင်သည့်အထိ ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းကို လေးနက်စွာ အသိပေးအပ်ပါသည်။

လေးစားစွာဖြင့်

LGBT အဖွဲ့များကိုယ်စား

အောင်မျိုးမင်း
Executive Director
Equality Myanmar
၀၉ ၄၄၈၀၁၅၃၀၆
myominburma@gmail.com

ဒေါက်တာ ပြည့်စုံဟိန်း
Executive Director
CAN Myanamar
၀၉၇၆၆၆၅၀၆၂၄
canorg.director@gmail.com

ကိုအောင်ဖြူထွဋ်
Senior Operation Officer
Myanmar Youth Stars
၀၉ ၉၆၄၇၈၉၇၉၉
aungphyuhtut90@gmail.com

ကိုလှမြတ်ထွန်း
Deputy Director
Colors Rainbow
Hlamyat.crb@gmail.com

ထုတပွှနကွှညောခကွှ
Equality Myanmar June 26, 2019
ရနကွုနွ၊ ဇှနလွ ၂၅ ရကနွေ့၊ ၂၀၁၉ ခုနှဈ
မှနမွာ အငပွီးရီးယဲလတွကကြသိုလတွှငစွာကှည့တွိုကမွှူးအဖှဈတာဝနထွမွးဆောငနွသေော မောငကွှောဇွငဝွငွးသညွ၎င်းငျးငြးငွး၏လိငစွိတခွံယူမှုအား အဓမမြဖောထွုတဖွှင့ဟွစခှငွေး၊ ထိပါးနှောင့ယွှကခွံရခှငွး နှင့ွ အနိုငကွငှ့ခွံရခှငွးတို့အပှငလွုပငွနွးခှငအွတှငွး ဆိုးရှားစှာ ခှဲခှားဆကဆွံမှုနှင့နွိုငထွကစွီးနငွးပှုမူခံရမှုတို့၏ ဒဏကွှောင့မွိမိကိုယကွိုအဆုံးစီရငသွှားကှောငွး ကှားသိရသဖှင့မွှနမွာနိုငငွံလိငဝွိသသလကေခြဏာ၊ လိငစွိတခွံယူမှုကှဲပှားသူမှား လူမှုအသိုငွးအဝိုငွးအနဖှငေ့လွှနစွှာ ဝမွးနညွးကှကှေဲမိပါသညွ။
အငြျဂလိပြ/မှနမြာ အပှညြ့အစုံရယူရနြ

Equality Myanmar May 15, 2019
ရခိုင်ပြည်နယ်မှာရှိတဲ့ မြန်မာစစ်သားများ (သြဂုတ်၊ ၂၉၊ ၂၀၁၇)

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (Myanmar National Human Rights Commission – MNHRC) အနေဖြင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ တိုင်းရင်းသားနယ်မြေများတွင် အစိုးရစစ်တပ် ကျူးလွန်သည့် ရက်စက် ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ လွတ်လပ် အမှီခိုကင်းပြီး မှန်ကန် ခိုင်မာပြတ်သားသည့် အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်ရန် မိမိတို့ အဖွဲ့အစည်းပေါင်း ၂၄ ဖွဲ့ ပါဝင်သည့် အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့ (CSO Working Group on MNHRC Reform) မှ တောင်းဆိုလိုက်ပါသည်။ စစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း ရခိုင်တိုင်းရင်းသားများ ဖြစ်ကြသည့် ရွာသားခြောက်ဦး ပစ်သတ်ခံခဲ့ရပြီး သက်သေသတင်းများအရ ယင်းသတ်ဖြတ်မှုများသည် ဥပဒေနှင့် မညီကြောင်း ထုတ်ဖော်ပြောဆိုကြသော်လည်း စစ်တပ်၏ အကြောင်းပြချက်ကို MNHRC က ကျိုးနွံစွာ လက်ခံလိုက်ခြင်းနှင့် ပတ်သက်၍ မိမိတို့မှ အထူးပင် စိတ်ပျက်မိပါသည်။

၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် စစ်တပ်က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာရှိ အသက် ၁၅ နှစ်နှင့် ၅၀ နှစ်ကြား အမျိုးသားအားလုံးကို ရက္ခိုင့်တပ်တော် (Arakan Army – AA) နှင့် ဆက်သွယ်သည်ဟူသော သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။ မေလ ၂ ရက်နေ့တွင် ထိန်းသိမ်းခံရသူများထဲမှ ခြောက်ဦး ပစ်သတ်ခံရပြီး အနည်းဆုံး ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုသို့ဖြစ်ရခြင်းသည် စစ်သားများက မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု စစ်တပ်ကပြောဆိုခဲ့ပြီး ၎င်းတို့တွင် အပြစ်မရှိကြောင်း ဖြေရှင်းချက်ပေးရန် ကြိုးစားခဲ့ပါသည်။ သို့သော်လည်း မျက်မြင် သက်သေများ၏ ထွက်ဆိုချက်များအရ ထိန်းသိမ်းခံထားရသူတစ်ဦး အော်ဟစ်ပြီး ထွက်ပြေးရန် ကြိုးစားချိန်တွင် စစ်သားများက လူအုပ်အတွင်းသို့ အရမ်းကာရောပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟုဆိုပါသည်။ ဤသည်မှာ AA ကို အပြတ်ရှင်းရန်အတွက် ကြိုးစားရာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ စစ်တပ်က ကျူးလွန်ခဲ့သည့် ရက်စက် ကြမ်းကြုတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်များထဲမှ နောက်ဆုံးရ သတင်းတစ်ခုဖြစ်ပါသည်။ ထို့အတူ ယခင်လက မြောက်ဦးမြို့နယ်ရှိ လက္ကာရွာမှ အရပ်သား ၂၇ ဦးကို AA အဖွဲ့ဝင်များ ဖြစ်သည်ဟူသော မသင်္ကာမှုဖြင့် ထိန်းသိမ်းခဲ့ရာ ရွာသား သုံးဦးမှာ ထိန်းသိမ်းခံရစဉ်အတွင်း သေဆုံးသွားခဲ့ပါသည်။ သေဆုံးရခြင်းအကြောင်းရင်းမှာ မိမိကိုယ်ကို သတ်သေခြင်း၊ နှလုံးရောဂါနှင့် မူးယစ်ဆေးပြတ်မှု တို့ကြောင့်ဖြစ်သည်ဟု စစ်တပ်ကပြောခဲ့သော်လည်း ချက်ချင်း မီးသြင်္ဂိုလ်လိုက်ခြင်းနှင့် ၎င်းတို့သေဆုံးခြင်းကို မိသားစုဝင်များအား အကြောင်းမကြားခြင်းတို့က ယင်းသေဆုံးမှုသည် ဥပဒေမဲ့သတ်ဖြတ်မှု ဖြစ်ကြောင်းကို ညွှန်းပြနေပါသည်။

ဤအခင်းအကျင်းအရ နိုင်ငံအဆင့် လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုအနေဖြင့် အဆိုပါ အရပ်သားများသေဆုံးမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ အပြည့်အဝ စုံစမ်းစစ်ဆေးရန် MNHRC တွင် တာဝန်ရှိပါသည်။ သို့သော်လည်း ၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့ နေ့စွဲပါ ကြေညာချက်တွင် MNHRC က စစ်တပ်၏ ဖြေရှင်းချက်ကိုသာ သံယောင်လိုက်ကာ “လုံခြုံရေး တပ်ဖွဲ့များသည် စစ်ဆေးမေးမြန်းရန်အတွက် သံသယရှိသူ ၂၇၅ ဦးကို ထိန်းသိမ်းထားရာ ထိန်းသိမ်းထားစဉ်အတွင်း ၂၀၁၉ ခုနှစ် မေလ ၂ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ထိန်းသိမ်းခံအချို့က စတင်အော်ဟစ်ပြီးလုံခြုံရေးတပ်ဖွဲ့ကို တိုက်ခိုက်ရန် အားထုတ် ခဲ့ကြသည်။ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့များက မိမိကိုယ်ကို ကာကွယ်နိုင်ရန်နှင့် လူစုခွဲရန် ပစ်ခတ်ခဲ့၍ လူခြောက်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရကာ၄ ဦးပျောက်ဆုံးခဲ့သည်။“ ဟု ထုတ်ပြန် ပြောဆို ခဲ့ပါသည်။ မျက်မြင်သက်သေများနှင့် အခြားထိန်းသိမ်းခံများ ပြောပြသည့် ဖြစ်ပျက်ပုံနှင့် ကွဲလွဲဆန့်ကျင်နေသော စစ်တပ်၏ပြောဆိုမှုကို အတည်ပြုနိုင်ရန် MNHRC အနေဖြင့် မည့်သည် ကြိုးပမ်းမှုမျှ လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပါ။

၂၀၁၈ ခုနှစ် မေလ တွင်လည်း MNHRC က လွှတ်တော်သို့ အလားတူထုတ်ပြန်ချက်တစ်ခု တင်သွင်းခဲ့ပါသည်။ မျက်မြင်သက်သေများ၏အဆိုအရ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ၌ ကချင်အမျိုးသားနှစ်ဦး ကျွဲကျောင်းနေစဉ် မြန်မာစစ်တပ်၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီးနောက် သတ်ဖြတ်ခံရကာ မြေမြှုပ်ထားသည်ကို တွေ့ရှိခဲ့ကြသည်။ ထိုနှစ်ဦးအနက် တစ်ဦး၏ကိုယ်ပေါ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (Kachin Independence Army – KIA) ယူနီဖောင်း တစ်ထည်ကို တင်ထားခဲ့ပါသည်။ ညှဉ်းပန်းနှိပ်စက်မှု ခံထားရနိုင်သည်ဟု ဆေးမှတ်တမ်းများက ဖော်ပြနေသော်လည်း MNHRC ကမူ ဒေသခံပြည်သူများက ၎င်းတို့သည် အရပ်သားများသာဖြစ်ပြီး ယာခင်းထဲ အလုပ်လုပ်နေစဉ် စစ်တပ်က ဖမ်းခေါ်သွားခဲ့ခြင်းဖြစ်သည်ဆိုသော သတင်းများ၊ ထွက်ဆိုချက်များနှင့် ဆန့်ကျင်စွာ ၎င်းတို့သည် KIA စစ်သားများ ဖြစ်ကြောင်းနှင့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

လက်နက်ကိုင်ပဋိပက္ခ ကာလများအတွင်း အရပ်သားပြည်သူများအပေါ် အော့နှလုံးနာဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေချိန်တွင် မြန်မာနိုင်ငံ၌ အားကောင်းသော၊ ထိရောက်မှုရှိသော လွတ်လပ်သည့် နိုင်ငံအဆင့် လူ့အခွင့်အရေး အဖွဲ့အစည်းတစ်ခု လိုအပ်ပါသည်။ အထက်တွင်ဖော်ပြခဲ့သော အမှုများ၌မူ MNHRC မှာ ဆန့်ကျင်ဘက် ဖြစ်နေပြီး ၎င်းတို့ကျူးလွန်ခဲ့သည့် မတရားမှုများကို ကြိုးစား ဖုံးကွယ်နိုင်ရန် စစ်တပ်မှ သတင်းမှားပေးခြင်း၊ ဝါဒဖြန့်ခြင်းများ ဆယ်စုနှစ်များစွာ လုပ်ခဲ့သည့်ကြားမှ စစ်တပ်၏ အကြောင်းပြချက်၊ ရှင်းလင်းချက်များအား မချွင်းမချန်လက်ခံကာ စစ်တပ်ဘက်မှ ရပ်တည် ပေးနေပါသည်။ အသက်သာဆုံးပြောရလျှင် MNHRC သည် စစ်တပ်၏ရာဇဝတ်မှုများကို ဖုံးအုပ်ကာကွယ်ပေးနေပြီး အပြင်းထန်ဆုံးပြောရလျှင်မူ ယင်းပြစ်မှုများ၌ ကြံရာပါပင် ဖြစ်ပါသည်။ ထို့ကြောင့် ကျောက်တန်းရွာ လူသတ်မှုအပေါ် ပွင့်လင်း မြင်သာစွာဖြင့် အပြည့်အဝ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် မိမိတို့အနေဖြင့် MNHRC အား တိုက်တွန်းအပ်ပါသည်။ ယင်းသို့သော စုံစမ်းစစ်ဆေးမှုကိုလည်းကောင်း၊ နောက်ဆက်တွဲပေါ်လာမည့် အကြံပြုတိုက်တွန်းချက်များ အားလုံးကိုလည်းကောင်း၊ ပြည်သူလူထု၏ တွန်းအားနှင့်အတူ သက်ဆိုင်သူအားလုံး၊ အထူးသဖြင့် စစ်တပ်အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရန် လုပ်ဆောင်ရမည်ဖြစ်သည်။ MNHRC အနေဖြင့် လူ့အခွင့်အရေးဘက်တွင် ရပ်တည်သည် သို့မဟုတ် စစ်တပ်ဘက်တွင် ရပ်တည်သည် ဆိုသည်ကို ရှင်းရှင်းလင်းလင်းပြသရန် အချိန်တန်ပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ –

၁။ ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT)

၁။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)

၂။ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)

၃။ စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့ (GPS)

၄။ စမိုင်းလ်ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Smile)

၅။ ညီမျှခြင်းမြန်မာ (EQMM)

၆။ တအာင်းအမျိုးသမီးအစည်းအရုံး (TWO)

၇။ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ (ACDD)

၈။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)

၉။ ပအိုဝ်းလူငယ်အဖွဲ့အစည်း (PYO)

၁၀။ မျိုးဆက်လှိုင်း (GW)

၁၂။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)

၁၃။ မြန်မာ့အရေးလေ့လာသူများအဖွဲ့ (BM)

၁၄။ ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့ (Yagon Watch)

၁၅။ ရှေ့ပြေးအသံအဖွဲ့ (PV)

၁၆။ လောကအလင်း (Loka Ahlinn)

၁၇။ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP)

၁၈။ လူ့အခွင့်အရေး ပညာပေးသူများကွန်ရက် (HREN)

၁၉။ အနာဂတ်အလင်းတန်းဆုံမှတ် (FLC)

၂၀။ အသံ – လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့

၂၁။ Metta Campaign – Mandalay

၂၂။ Myanmar People Alliance (Shan State)

၂၃။ The Seagull

၂၄။ Synergy (Social Harmony Organization)

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (Myanmar National Human Rights Commission – MNHRC) အနေဖြင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ တိုင်းရင်းသားနယ်မြေများတွင် အစိုးရစစ်တပ် ကျူးလွန်သည့် ရက်စက် ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ လွတ်လပ် အမှီခိုကင်းပြီး မှန်ကန် ခိုင်မာပြတ်သားသည့် အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်ရန် မိမိတို့ အဖွဲ့အစည်းပေါင်း ၂၄ ဖွဲ့ ပါဝင်သည့် အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့ (CSO Working Group on MNHRC Reform) မှ တောင်းဆိုလိုက်ပါသည်။ စစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း ရခိုင်တိုင်းရင်းသားများ ဖြစ်ကြသည့် ရွာသားခြောက်ဦး ပစ်သတ်ခံခဲ့ရပြီး သက်သေသတင်းများအရ ယင်းသတ်ဖြတ်မှုများသည် ဥပဒေနှင့် မညီကြောင်း ထုတ်ဖော်ပြောဆိုကြသော်လည်း စစ်တပ်၏ အကြောင်းပြချက်ကို MNHRC က ကျိုးနွံစွာ လက်ခံလိုက်ခြင်းနှင့် ပတ်သက်၍ မိမိတို့မှ အထူးပင် စိတ်ပျက်မိပါသည်။

၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် စစ်တပ်က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာရှိ အသက် ၁၅ နှစ်နှင့် ၅၀ နှစ်ကြား အမျိုးသားအားလုံးကို ရက္ခိုင့်တပ်တော် (Arakan Army – AA) နှင့် ဆက်သွယ်သည်ဟူသော သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။ မေလ ၂ ရက်နေ့တွင် ထိန်းသိမ်းခံရသူများထဲမှ ခြောက်ဦး ပစ်သတ်ခံရပြီး အနည်းဆုံး ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုသို့ဖြစ်ရခြင်းသည် စစ်သားများက မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု စစ်တပ်ကပြောဆိုခဲ့ပြီး ၎င်းတို့တွင် အပြစ်မရှိကြောင်း ဖြေရှင်းချက်ပေးရန် ကြိုးစားခဲ့ပါသည်။ သို့သော်လည်း မျက်မြင် သက်သေများ၏ ထွက်ဆိုချက်များအရ ထိန်းသိမ်းခံထားရသူတစ်ဦး အော်ဟစ်ပြီး ထွက်ပြေးရန် ကြိုးစားချိန်တွင် စစ်သားများက လူအုပ်အတွင်းသို့ အရမ်းကာရောပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟုဆိုပါသည်။ ဤသည်မှာ AA ကို အပြတ်ရှင်းရန်အတွက် ကြိုးစားရာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ စစ်တပ်က ကျူးလွန်ခဲ့သည့် ရက်စက် ကြမ်းကြုတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်များထဲမှ နောက်ဆုံးရ သတင်းတစ်ခုဖြစ်ပါသည်။ ထို့အတူ ယခင်လက မြောက်ဦးမြို့နယ်ရှိ လက္ကာရွာမှ အရပ်သား ၂၇ ဦးကို AA အဖွဲ့ဝင်များ ဖြစ်သည်ဟူသော မသင်္ကာမှုဖြင့် ထိန်းသိမ်းခဲ့ရာ ရွာသား သုံးဦးမှာ ထိန်းသိမ်းခံရစဉ်အတွင်း သေဆုံးသွားခဲ့ပါသည်။ သေဆုံးရခြင်းအကြောင်းရင်းမှာ မိမိကိုယ်ကို သတ်သေခြင်း၊ နှလုံးရောဂါနှင့် မူးယစ်ဆေးပြတ်မှု တို့ကြောင့်ဖြစ်သည်ဟု စစ်တပ်ကပြောခဲ့သော်လည်း ချက်ချင်း မီးသြင်္ဂိုလ်လိုက်ခြင်းနှင့် ၎င်းတို့သေဆုံးခြင်းကို မိသားစုဝင်များအား အကြောင်းမကြားခြင်းတို့က ယင်းသေဆုံးမှုသည် ဥပဒေမဲ့သတ်ဖြတ်မှု ဖြစ်ကြောင်းကို ညွှန်းပြနေပါသည်။

ဤအခင်းအကျင်းအရ နိုင်ငံအဆင့် လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုအနေဖြင့် အဆိုပါ အရပ်သားများသေဆုံးမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ အပြည့်အဝ စုံစမ်းစစ်ဆေးရန် MNHRC တွင် တာဝန်ရှိပါသည်။ သို့သော်လည်း ၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့ နေ့စွဲပါ ကြေညာချက်တွင် MNHRC က စစ်တပ်၏ ဖြေရှင်းချက်ကိုသာ သံယောင်လိုက်ကာ “လုံခြုံရေး တပ်ဖွဲ့များသည် စစ်ဆေးမေးမြန်းရန်အတွက် သံသယရှိသူ ၂၇၅ ဦးကို ထိန်းသိမ်းထားရာ ထိန်းသိမ်းထားစဉ်အတွင်း ၂၀၁၉ ခုနှစ် မေလ ၂ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ထိန်းသိမ်းခံအချို့က စတင်အော်ဟစ်ပြီးလုံခြုံရေးတပ်ဖွဲ့ကို တိုက်ခိုက်ရန် အားထုတ် ခဲ့ကြသည်။ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့များက မိမိကိုယ်ကို ကာကွယ်နိုင်ရန်နှင့် လူစုခွဲရန် ပစ်ခတ်ခဲ့၍ လူခြောက်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရကာ၄ ဦးပျောက်ဆုံးခဲ့သည်။“ ဟု ထုတ်ပြန် ပြောဆို ခဲ့ပါသည်။ မျက်မြင်သက်သေများနှင့် အခြားထိန်းသိမ်းခံများ ပြောပြသည့် ဖြစ်ပျက်ပုံနှင့် ကွဲလွဲဆန့်ကျင်နေသော စစ်တပ်၏ပြောဆိုမှုကို အတည်ပြုနိုင်ရန် MNHRC အနေဖြင့် မည့်သည် ကြိုးပမ်းမှုမျှ လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပါ။

၂၀၁၈ ခုနှစ် မေလ တွင်လည်း MNHRC က လွှတ်တော်သို့ အလားတူထုတ်ပြန်ချက်တစ်ခု တင်သွင်းခဲ့ပါသည်။ မျက်မြင်သက်သေများ၏အဆိုအရ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ၌ ကချင်အမျိုးသားနှစ်ဦး ကျွဲကျောင်းနေစဉ် မြန်မာစစ်တပ်၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီးနောက် သတ်ဖြတ်ခံရကာ မြေမြှုပ်ထားသည်ကို တွေ့ရှိခဲ့ကြသည်။ ထိုနှစ်ဦးအနက် တစ်ဦး၏ကိုယ်ပေါ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (Kachin Independence Army – KIA) ယူနီဖောင်း တစ်ထည်ကို တင်ထားခဲ့ပါသည်။ ညှဉ်းပန်းနှိပ်စက်မှု ခံထားရနိုင်သည်ဟု ဆေးမှတ်တမ်းများက ဖော်ပြနေသော်လည်း MNHRC ကမူ ဒေသခံပြည်သူများက ၎င်းတို့သည် အရပ်သားများသာဖြစ်ပြီး ယာခင်းထဲ အလုပ်လုပ်နေစဉ် စစ်တပ်က ဖမ်းခေါ်သွားခဲ့ခြင်းဖြစ်သည်ဆိုသော သတင်းများ၊ ထွက်ဆိုချက်များနှင့် ဆန့်ကျင်စွာ ၎င်းတို့သည် KIA စစ်သားများ ဖြစ်ကြောင်းနှင့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

လက်နက်ကိုင်ပဋိပက္ခ ကာလများအတွင်း အရပ်သားပြည်သူများအပေါ် အော့နှလုံးနာဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေချိန်တွင် မြန်မာနိုင်ငံ၌ အားကောင်းသော၊ ထိရောက်မှုရှိသော လွတ်လပ်သည့် နိုင်ငံအဆင့် လူ့အခွင့်အရေး အဖွဲ့အစည်းတစ်ခု လိုအပ်ပါသည်။ အထက်တွင်ဖော်ပြခဲ့သော အမှုများ၌မူ MNHRC မှာ ဆန့်ကျင်ဘက် ဖြစ်နေပြီး ၎င်းတို့ကျူးလွန်ခဲ့သည့် မတရားမှုများကို ကြိုးစား ဖုံးကွယ်နိုင်ရန် စစ်တပ်မှ သတင်းမှားပေးခြင်း၊ ဝါဒဖြန့်ခြင်းများ ဆယ်စုနှစ်များစွာ လုပ်ခဲ့သည့်ကြားမှ စစ်တပ်၏ အကြောင်းပြချက်၊ ရှင်းလင်းချက်များအား မချွင်းမချန်လက်ခံကာ စစ်တပ်ဘက်မှ ရပ်တည် ပေးနေပါသည်။ အသက်သာဆုံးပြောရလျှင် MNHRC သည် စစ်တပ်၏ရာဇဝတ်မှုများကို ဖုံးအုပ်ကာကွယ်ပေးနေပြီး အပြင်းထန်ဆုံးပြောရလျှင်မူ ယင်းပြစ်မှုများ၌ ကြံရာပါပင် ဖြစ်ပါသည်။ ထို့ကြောင့် ကျောက်တန်းရွာ လူသတ်မှုအပေါ် ပွင့်လင်း မြင်သာစွာဖြင့် အပြည့်အဝ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် မိမိတို့အနေဖြင့် MNHRC အား တိုက်တွန်းအပ်ပါသည်။ ယင်းသို့သော စုံစမ်းစစ်ဆေးမှုကိုလည်းကောင်း၊ နောက်ဆက်တွဲပေါ်လာမည့် အကြံပြုတိုက်တွန်းချက်များ အားလုံးကိုလည်းကောင်း၊ ပြည်သူလူထု၏ တွန်းအားနှင့်အတူ သက်ဆိုင်သူအားလုံး၊ အထူးသဖြင့် စစ်တပ်အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရန် လုပ်ဆောင်ရမည်ဖြစ်သည်။ MNHRC အနေဖြင့် လူ့အခွင့်အရေးဘက်တွင် ရပ်တည်သည် သို့မဟုတ် စစ်တပ်ဘက်တွင် ရပ်တည်သည် ဆိုသည်ကို ရှင်းရှင်းလင်းလင်းပြသရန် အချိန်တန်ပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ –

၁။ ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT)

၁။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)

၂။ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)

၃။ စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့ (GPS)

၄။ စမိုင်းလ်ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Smile)

၅။ ညီမျှခြင်းမြန်မာ (EQMM)

၆။ တအာင်းအမျိုးသမီးအစည်းအရုံး (TWO)

၇။ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ (ACDD)

၈။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)

၉။ ပအိုဝ်းလူငယ်အဖွဲ့အစည်း (PYO)

၁၀။ မျိုးဆက်လှိုင်း (GW)

၁၂။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)

၁၃။ မြန်မာ့အရေးလေ့လာသူများအဖွဲ့ (BM)

၁၄။ ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့ (Yagon Watch)

၁၅။ ရှေ့ပြေးအသံအဖွဲ့ (PV)

၁၆။ လောကအလင်း (Loka Ahlinn)

၁၇။ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP)

၁၈။ လူ့အခွင့်အရေး ပညာပေးသူများကွန်ရက် (HREN)

၁၉။ အနာဂတ်အလင်းတန်းဆုံမှတ် (FLC)

၂၀။ အသံ – လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့

၂၁။ Metta Campaign – Mandalay

၂၂။ Myanmar People Alliance (Shan State)

၂၃။ The Seagull

၂၄။ Synergy (Social Harmony Organization)

Myanmar Now အွန်လိုင်းသတင်းစာ အယ်ဒီတာဖြစ်သူ ကိုဆွေဝင်းအား အသရေဖျက်မှုဖြင့် တရားစွဲ ထားခြင်း ၂နှစ် ပြည့်ချိန်တွင် အောက်ပါလက်မှတ်ထိုးထားသည့် မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်း (၇၇) ဖွဲ့က ၎င်းအပေါ် စွဲဆိုထားသည့် စွဲဆိုချက်ကို ပယ်ဖျက်ပေးပါရန် သက်ဆိုင်ရာ အာဏာပိုင်များအား တောင်းဆိုလိုက်ပါသည်။ ၂၀၁၇ ခုနှစ် မတ်လ ၇ ရက်နေ့တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးနှိမ်ရန် ရည်ရွယ်ချက်ဖြင့် အစွန်းရောက် အမျိုးသားရေးဝါဒီများက ကိုဆွေဝင်းအား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) အရ အသရေဖျက်မှုဖြင့် လီဆယ် စွဲချက်တင်ခဲ့သည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် အသရေဖျက်မှုကို ရာဇဝတ်မှု အဖြစ် မသတ်မှတ်ရန် လည်းကောင်း၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) အား ပယ်ဖျက်ပေးရန် လည်းကောင်း၊ ယင်းဖိနှိပ်ရေးဥပဒေဖြင့် အရေးယူခံရသဖြင့် လက်ရှိ ထောင်ထဲတွင် အကျဉ်းချခံနေရသူများနှင့် တရားစွဲဆိုခံနေရသူများ စသည့် တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ အားလုံးကို ပြန်လွှတ်ပေးရန်နှင့် စွဲဆိုထားသည့် အမှုများအား ရုပ်သိမ်းပေးရန် လည်းကောင်း မြန်မာနိုင်ငံ၏ လွှတ်တော်မှ အခိုင်အမာခြေလှမ်းများဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ၏ ပုဒ်မ ၆၆(ဃ) ကို ၂၀၁၇ ခုနှစ်တွင် ပြင်ဆင်ခဲ့သော်လည်း အသရေဖျက်မှုမှာ ရာဇဝတ်မှုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး ထောင်ဒဏ် ၂ နှစ်အထိ သို့မဟုတ် ငွေဒဏ် ၁၀ သိန်းကျပ်အထိ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံးကို ကျခံရနိုင်ပါသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ပြောဆိုခွင့်ကို ချိုးနှိမ်ရန်နှင့် ဝေဖန်သူများကို နှုတ်ပိတ်ထားနိုင်ရန်အတွက် ယင်းဥပဒေကို မကြာခဏ အသုံးပြုနေဆဲ ဖြစ်ပါသည်။ ယနေ့ကာလအထိ ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲခံရသော အမှုပေါင်း ၁၇၃ မှုရှိပါသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက ကမ္ဘာ့နိုင်ငံများအားလုံးအား အသရေဖျက်မှုကို ရာဇဝတ်မှု အဖြစ်မှ ပယ်ဖျက်ရန် တောင်းဆိုခဲ့ပြီး ထိုသို့တောင်းဆိုရာတွင် အသရေဖျက်မှုကြောင့် ထောင်သွင်းအကျဉ်း ချခြင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သဟဇာတမဖြစ်သည့်အပြင် လုံးဝမသင့်လျော်သော ပြစ်ဒဏ် တစ်ခုဖြစ်ကြောင်း ရည်ညွှန်းပြောဆိုခဲ့သည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အား ကာကွယ်မြှင့်တင်ရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကလည်း အသရေဖျက်မှုကို ရာဇဝတ်မှုအဖြစ်ထက် တရားမမှုအဖြစ် လောက်သာ သတ်မှတ်သင့်သည်ဟု ပြောခဲ့သည်။ အသရေဖျက်မှုအတွက် ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခြင်းသည် နိုင်ငံရေးဆင်ဆာဖြတ်ခြင်း ယန္တရားတစ်ခုအဖြစ် မလွဲမသွေရောက်လာတတ်ကြောင်း၊ ယင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်တို့နှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း အလေးထား ထောက်ပြခဲ့ပါသည်။ ထိုမျှသာမက ပုဒ်မ ၆၆(ဃ) အမှုတွင် မြန်မာနိုင်ငံဥပဒေ၌ အသရေဖျက် ခံရသူ၏ ကိုယ်စားလှယ်အဖြစ် အခြားသူများမှ ၎င်းကိုယ်စား အသရေဖျက်မှုကို တရားစွဲဆိုခွင့်ရထားပြီး ၎င်းအသရေဖျက်ခံရသူ ကိုယ်စား တရားရုံးလုပ်ငန်းများ ဆောင်ရွက်ခွင့်ပေးထားပါသည်။ ဤသည်မှာ လက်တွေ့ အားဖြင့် အင်အားကြီး အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် ၎င်းတို့အတွက် အနှောင့်အယှက်ဟု ယူဆသူများကို ပစ်မှတ်အဖြစ် သဘောထားကာ ကိုယ်စားလှယ်များမှတစ်ဆင့် တရားစွဲရန်လုပ်ဆောင်နိုင်သည့် သဘောဖြစ်ရာ စွပ်စွဲခံရသော ပုဂ္ဂိုလ်များအတွက် ဆိုးဝါးသည့် ထိခိုက်မှုများရှိစေသည့် တရားရေးဆိုင်ရာ နှောင့်ယှက်ထိုးနှက်မှု ပုံစံတစ်မျိုး ဖြစ်နေပါသည်။

ကိုဆွေဝင်းမှာ Myanmar Now မှ သတင်းတစ်ပုဒ်ကို Facebook ပေါ် တင်ခဲ့သည့်အတွက် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) အရ အသရေဖျက်မှုဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထိုသတင်းထဲတွင် ဝါတော်ရ ရဟန်းတစ်ပါး၏စကားကို ကိုးကားကာ လူသိများသော အမျိုးသားရေးအစွန်းရောက် ဘုန်းကြီး ဦးဝီရသူ၏ လုပ်ရပ်များမှာ ဗုဒ္ဓတရားတော်လာ စည်းမျဉ်းများကို ချိုးဖောက်နေခြင်းဖြစ်သောကြောင့် ၎င်းအား သာသနာမှ ထုတ်ပယ်နိုင်သည်ဟု ရေးသားထားသည်။ Facebook မှတစ်ဆင့် မွတ်စလင်ဆန့်ကျင်ရေးများ လုပ်ဆောင်နေခဲ့သည့် နာမည်ဆိုးထွက်ခဲ့သော ဦးဝီရသူသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် လုပ်ကြံပစ်သတ်ခဲ့သူ၊ မကြာသေးမီက ပြစ်ဒဏ်ချမှတ်ခံရသူ ဦးကြည်လင်းအား ထောက်ခံကြောင်း နှင့် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ဖူးသူလည်း ဖြစ်ပါသည်။ ဦးကိုနီသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို နှံ့စပ် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး စစ်တပ်ကရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲနိုင်ရန် ကြိုးစားခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။ ဦးဝီရသူ၏ တပည့်ဖြစ်သူ တရားလိုက ၂၀၁၇ ခုနှစ် မတ်လတွင် ကိုဆွေဝင်းအား တရားစွဲဆိုခဲ့ပြီး တရားရုံးကြားနာမှုများကို ၂၀၁၇ ခုနှစ် ဇူလိုင်လ၌ စတင်ခဲ့သည်။

ထိုနောက်ပိုင်းတွင် ကိုဆွေဝင်းမှာ မိမိနေထိုင်သည့် ရန်ကုန်မှ တရားစွဲဆိုရာ မန္တလေးတရားရုံးသို့ အသွားအပြန် ကီလိုမီတာ ၁၂၀၀ ကျော်ရှိသည့်ခရီးကို သွားလိုက် ပြန်လိုက် ခရီးသွားနေခဲ့ရသည်။ ယခုအခါ ရုံးချိန်းပေါင်း ၅၅ ကြိမ်၊ အချိန်ကာလအရ နှစ်နှစ်နီးပါးကြာ မြင့်နေပြီ ဖြစ်သော်လည်း တရားရုံးမှာ တရားလိုဘက်ကိုသာ ကြားနာရသေးပြီး ယင်းတရားလိုဘက်ကလည်း တရားရုံး လုပ်ငန်းကို နှောင့်နှေးအောင် တောက်လျှောက် လုပ်နေခဲ့ပါသည်။ တစ်ခါတရံ ကိုဆွေဝင်းမှာ ရန်ကုန်မှ ထွက်လာခဲ့ပြီးနောက် တရားရုံးရောက်မှ တရားလိုမှာ တရားရုံးသို့လာရောက်ရန် ပျက်ကွက်သောကြောင့် ကြားနာလျှောက်လဲမှုများကို ရွှေ့ဆိုင်းလိုက်ကြောင်းသိရသည့် ဖြစ်ရပ်များလည်း ရှိခဲ့ပါသည်။ တရားလို ကိုယ်တိုင်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် အဖမ်းခံခဲ့ရပြီး ထိန်းသိမ်းခံခဲ့ရသဖြင့် တရားရုံးလုပ်ငန်း၌ အထူး နှောင့်နှေးမှုများ ဖြစ်ခဲ့ပါသည်။

ဦးဝီရသူကို တရားရုံးသို့ နှစ်ကြိမ်ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ရန်ပျက်ကွက်ခဲ့ပါသည်။ ပထမ အကြိမ်တွင် ၎င်း၏ရှေ့နေက ဦးဝီရသူသည် အလှူပွဲတစ်ခုသို့ ကြွရောက်နေသဖြင့် မလာနိုင်ကြောင်း အသိပေးခဲ့သည်။ ဒုတိယအကြိမ်တွင် ဦးဝီရသူ၏ရှေ့နေက ကြားနာမှုကို ၎င်း၏ဘုန်းကြီးကျောင်းဝင်းတွင် လုပ်ခွင့်ပေးရန် ပန်ကြားခဲ့သည်။ ယင်းပန်ကြားချက်ကို မြို့နယ်တရားရုံးက ငြင်းပယ်ခဲ့သော်လည်း ဦးဝီရသူက ထိုထက်မြင့်သော ခရိုင်တရားရုံးသို့ အယူခံဝင်ခဲ့ရာ ယခုအခါ ခရိုင်တရားရုံးမှလည်း ထိုပန်ကြားချက်ကို ပယ်ချခဲ့ပြီးဖြစ်ပါသည်။ ခရိုင်တရားရုံးက ၎င်း၏ပန်ကြားချက်ကို စဉ်းစားနေစဉ်ကာလအတွင်း မြို့နယ်တရားရုံး အနေဖြင့် မည်သည့် ကြားနာမှုကိုမျှ လုပ်ဆောင်နိုင်ခြင်းမရှိပေ။ သို့သော် ကိုဆွေဝင်းမှာမူ နောက်လာမည့် ရုံးချိန်းရက်ကို သိနိုင်ရန် မြို့နယ်တရားသူကြီးရှေ့မှောက်သို့ နှစ်ပတ်တစ်ခါ မျက်နှာသွားပြနေခဲ့ရပါသည်။ ယေဘူယျအားဖြင့် မိနစ်အနည်းငယ်မျှသာ ကြာမြင့်သော ဤလုပ်ထုံးလုပ်နည်းအတွက် ကိုဆွေဝင်းအနေဖြင့် ရန်ကုန်မြို့မှ မန္တလေး မြို့အထိ ခရီးသွားလာနေခဲ့ရပါသည်။

ဤအမှု၏ မဆီလျော်မှုအများအပြားက မြန်မာနိုင်ငံတရားစီရင်ရေးစနစ်၏ လွတ်လပ်မှုကင်းမဲ့နေပုံကို မီးမောင်း ထိုးပြနေသည်။ အာဏာပိုင်များသည် ဆိုးဝါးသည့်ပြစ်မှုများကို ကျူးလွန်သူတို့အား အရေးယူ ရမည့်အစား ၎င်းတို့အား စိတ်အနှောင့်အယှက်ဖြစ်စေမည့် အမှန်တရားများနှင့် ပြစ်မှုများကို ဖော်ထုတ်ရန် ကြိုးစားနေသူများအား ပစ်မှတ်ထားရန် ဆုံးဖြတ်ထားပုံရပါသည်။ အန္တရာယ်ရှိသောစကား ဖြန့်ချိခြင်းနှင့် အကြမ်းဖက်မှု လှုံ့ဆော်ခြင်းတို့ကို လုပ်ဆောင်ခြင်းအတွက် တာဝန်ရှိသူများမှာ မည်သည့်ပြဿနာမှ မရင်ဆိုင်ရသော်လည်း ယင်းကဲ့သို့ အန္တရာယ်ရှိသောလုပ်ရပ်များကို ဝေဖန်ရှုတ်ချသူများမှာမူ တရားစွဲခံ နေရဆဲဖြစ်သည်။ အလားတူ မကြာသေးမီက အမှုတစ်ခုတွင်လည်း မမှန်ကန်သော လုပ်ထုံးလုပ်နည်း များဖြင့် Reuters သတင်းထောက် နှစ်ဦးဖြစ်သည့် ဝလုံးနှင့် ကျော်စိုးဦး တို့ကို ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ်ချမှတ် ခဲ့သည်။ ထိုသတင်းထောက် နှစ်ဦးသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာစစ်တပ်မှ ရိုဟင်ဂျာလူမျိုး များအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ဖော်ထုတ်ခဲ့ခြင်းကြောင့် ပြစ်ဒဏ်ချခံရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုများ၊ လူမဆန်သည့်ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်သည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက စွပ်စွဲထားသော ရာထူးကြီး စစ်ခေါင်းဆောင်များမှာ လွတ်မြောက်နေဆဲဖြစ်ပြီး အမှန်တရားဖွင့်ချသူ၊ နိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို သတင်းပို့သူ သတင်းထောက်များမှာမူ ဖိနှိပ်ရေးဥပဒေများဖြင့် တရားစွဲခံနေကြရပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ ပန်းတိုင်ဆီသို့ ဆက်လက်လျှောက်လှမ်းမည်ဆိုပါက ယင်းသို့ ပြောင်းပြန်ဖြစ်နေသည့် တရားစီရင်ရေးကို အဆုံးသတ်ရန် လိုအပ်ပါသည်။

ပုဒ်မ ၆၆(ဃ) တည်ရှိနေသရွေ့ မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများ အထူးသဖြင့် အင်အားကြီး လူပုဂ္ဂိုလ်များ၊ အရာရှိများနှင့် အစိုးရမူဝါဒများကို အွန်လိုင်းတွင် ဝေဖန်သူများသည် ၎င်းတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ငြိမ်းချမ်းစွာကျင့်သုံးခြင်းကြောင့် ထောင်ဒဏ်ကျခံရမည့်အန္တရာယ် ရှိနေမည်ဖြစ်သည်။

အထက်ဖော်ပြပါအချက်များအရ မိမိတို့မှ မြန်မာအစိုးရနှင့် သက်ဆိုင်ရာအာဏာပိုင်များကို အောက်ပါ အတိုင်း တိုက်တွန်းလိုက်ပါသည်

ကိုဆွေဝင်းနှင့် အခြားတက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအပေါ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အသရေဖျက်မှုစွဲချက်များအား ရုပ်သိမ်းပေးရန်နှင့် ယင်းဖိနှိပ်ရေးဥပဒေဖြင့် အရေးယူခံရကာ လတ်တလော ထောင်ကျနေသူများအား လွှတ်ပေးရန်၊
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ကို ဖျက်သိမ်းရန် သို့မဟုတ် အနိမ့်ဆုံးအားဖြင့် ပြင်ဆင်ခြင်းဖြင့် ယခုကဲ့သို့အာမခံစေရန်-
“အသရေဖျက်ခြင်း” ဟု ရည်ညွှန်းချက်နှင့်၊ “နှောင့်ယှက်ခြင်း”၊ “မလျော်သြဇာသုံးခြင်း” အပါအဝင် ဝေဝါးသောစကားရပ်များအား ပယ်ဖျက်ခြင်းဖြင့် အသရေဖျက်မှုကို ရာဇဝတ်ပြစ်မှု မမြောက်စေရန်၊
အစိုးရ၏ တရားစွဲအရာရှိများကသာ ပုဒ်မ ၆၆(ဃ) အရ ရာဇဝတ်မှုဖြင့် တရာစွဲဆိုခွင့်ရှိရေး၊
ဥပဒေတွင်”ခြောက်လှန့်တောင်းယူခြင်း” နှင့် “ခြိမ်းခြောက်ခြင်း” ကဲ့သို့ သိသာထင်ရှားသော ရာဇဝတ်မှုလုပ်ရပ်များ ဖြစ်ပေါ်လာပါက နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့်အညီ ရှင်းလင်း တိကျစွာ အဓိပ္ပါယ်ဖွင့်ဆို၍ ငြိမ်းချမ်းစွာ သဘောထားအမြင် ထုတ်ဖော်ခြင်းများအား ရာဇဝတ်မှု အဖြစ် အသုံးမချရေး အာမခံစေရန်။
ထောက်ခံလက်မှတ်ရေးထိုးသော အဖွဲ့များ –

Progressive Voice
Athan – Freedom of Expression Activist Organization
Swedish Burma Committee
Protection Committee for Myanmar Journalists
Youth Circle
Halcyon
Burma Monitor
Southeast Asian Press Alliance (SEAPA)
Citizen Action For Transparency
The Seagull: Human Rights, Peace & Development
Association of Human Rights Defenders and Promoters
Human Rights Foundation of Monland
ASEAN Parliamentarians for Human Rights
Info Birmanie
PEN America
Myanmar Cultural Research Society
Minhla Youth Centre
Burma Human Rights Network
Karen Human Rights Group
The Swedish Rohingya Association
Odhikar
Front Line Defenders
SYNERGY (Social Harmony Organization)
Civil Rights Defenders
Society for Threatened Peoples – Germany
Equality Myanmar
Assistance Association for Political Prisoners
Generation Wave
Oway Education and Youths Institute
Yangon Youth Network
Future Light Center
Nyan Lynn Thit Analytica
အလင်းစေတမန်
Karen Student Network Group
Asian Forum for Human Rights and Development (FORUM-ASIA)
Fortify Rights
International Commission of Jurists
Karenni Human Rights Group
Action Committee for Democracy Development
ရေ့ွှခြံမြေကွန်ရက်၊ ကွမ်းခြံကုန်း ၊ ရန်ကုန်တိုင်းဒေသကြီး။
လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးကွန်ရက်၊ ချောက်မြို့နယ်၊ မကွေးတိုင်းဒေသကြီး။
အလုပ်သမားအဖွဲ့ဖွဲ့စည်းပေါ်ပေါက်ရေးနှင့် အမျိုးသမီးအခွင့်အရေးအသိပညာပေးရေး ပဲခူးကွန်ရက်၊ ပဲခူးတိုင်းဒေသကြီး။
တောင်သူလယ်သမားများနှင့် ရေလုပ်သားများ အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးကွန်ရက်၊ မြစ်ကျိုးတိုက်နယ်၊ ပဲခူးတိုင်းဒေသကြီး။
ဥသျှစ်ပင် လူငယ်ကွန်ရက်၊ ဥသျှစ်ပင်မြို့၊ ပန်းတောင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။
တောင်သူလယ်သမားများဥပဒေအထောက်အကူပြု ကွန်ရက်၊ မြောက်ဦးမြို့နယ်၊ ရခိုင်ပြည်နယ်။
မွန်လူငယ်ကွန်ရက်၊ ရေးလမိုင်း၊ မွန်ပြည်နယ်။
လူမူဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကွန်ရက်၊ ပေါင်မြို့နယ်၊ မွန်ပြည်နယ်။
Ramkhye – ရမ်းခေး မြစ်ကြီးနား ကွန်ရက်၊ မြစ်ကြီးနား၊ ကချင်ပြည်နယ်။
Justice Drum ကွန်ရက်၊ ရှမ်းပြည်နယ်တောင်ပိုင်း။
ရပ်ရွာငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့၊ ကလေး မြို့နယ်၊ ကလေး ခရိုင်၊ စစ်ကိုင်းတိုင်း။
ဒို့လယ်ယာကွန်ရက်၊ အင်္ဂပူမြို့နယ်၊ ဟင်္သာတခရိုင်၊ ဧရာဝတီတိုင်း။
Free Expression Myanmar
Olive Organization
Myanmar Media Lawyers’ Network
The Students’ Era
Metta Development Foundation
Paung Ku
COMREG
University Teachers’ Association
Dawei Development Association
Burmese Women’s Union
Cambodia Center for Independent Media
National Union of Journalists in the Philippines
Philippines Center for Investigative Journalism
Women Peace Network
Public Legal Aid Network
The International Women’s Partnership for Peace and Justice
Myanmar People Alliance (Shan State)
Yangon Watch
Human Rights Educators Network
Burma Campaign UK
Human Rights Watch
Olof Palme International Center
Swedish Peace and Arbitration Society
The National Council of Swedish Youth Organisations
The Swedish Foundation for Human Rights
Christian Solidarity Worldwide

ပူးတွဲထုတ်ပြန်ချက်ကို မြန်မာဘာသာဖြင့် ဤနေရာ၌ ရယူပါ။

ပူးတွဲထုတ်ပြန်ချက်ကို အင်္ဂလိပ်ဘာသာဖြင့် ဤနေရာ၌ ရယူပါ

(Bangkok, 12 October 2018) – The Asian Forum for Human Rights and Development (FORUM-ASIA), Equality Myanmar and Progressive Voice condemn the recent arrests of three journalists from Eleven Media – Nayi Min, Kyaw Zaw Linn and Phyo Wai Win. It is a worrying deterioration of press freedom and freedom of expression in Myanmar. Human rights groups call on the Government of Myanmar to immediately release the three journalists and urge the authorities to refrain from further suppression of press freedom.

The three journalists were arrested after Aung Kyaw Khine, a Director in the Yangon Regional Government, filed a complaint with police over the alleged violation of Section 505(b) of the Penal Code which penalises ‘whoever makes, publishes or circulates any statement, rumor or report with intent to cause (…) fear or alarm to the public or to any section of the public whereby any person may be induced to commit an offense against the state or against the public tranquility.’ If found guilty, they could face up to two years’ imprisonment.

The complaint was filed over an article published on 8 October by Phyo Wai Win criticising Yangon Regional Government’s business ventures, including a public private partnership which involves Regional Ministers as shareholders. This is not the first time that Eleven Media, the largest private newspaper in the country, is facing such attack. U Than Htut Aung, its Executive Director and U Wai Phyo, its Senior Editor were arrested in late 2016 for an alleged violation of Section 66(d) of the Telecommunications Law over an editorial that implied corrupt dealings involving a Chief Minister.[1]

This is only the latest in a long series of cases brought against the media under vague and outdated laws in an attempt to muffle criticism against the Government. Myanmar has been sliding in the World Press Freedom Index, ranking 137th out of 180 countries in 2018.[2] It enforces repressive laws that have been used to target human rights defenders, journalists and critics. Last month, Reuters journalists Wa Lone and Kyaw Soe Oo were sentenced to seven years’ imprisonment under the Official Secrets Act for investigating a massacre in Rakhine State.[3]

Human rights groups FORUM-ASIA, Equality Myanmar and Progressive Voice urge the Myanmar Government to immediately release Nayi Min, Kyaw Zaw Linn and Phyo Wai Win and drop all charges against them. Myanmar must abide by international human rights standards on the upholding of freedom of expression and revoke repressive laws used to target defenders, journalists and critics. Myanmar’s transition from the military regime to the quasi-civilian Government raised hopes of a new democratic rule in the country – hopes that have remained unfulfilled. Human rights groups call on the regional and the international community to hold Myanmar and its leaders accountable to this vision of Myanmar, where fundamental freedoms prevail, and the rights of all are respected.

For further information, please contact:

***

For a PDF version of this joint statement, click here

***

[1] Eleven Media Team Granted Bail as Defamation Case Continues

[2] World Press Freedom in Myanmar

[3] Myanmar: Government fails to protect Press Freedom

(Bangkok, 10 October 2018) – The Asian Forum for Human Rights and Development (FORUM-ASIA) and 28 civil society organisations in Asia condemn the recent imposition of the death penalty by the Singaporean authorities on Abdul Wahid Bin Ismail, Mohsen Bin Na’im, and Zainudin bin Mohamed. All three were convicted of drug-related offences and were executed on 5 October 2018. As a network of human rights organisations, FORUM-ASIA sees the death penalty as a grave violation of the right to life – the most fundamental and essential human right for other rights to be realised. It serves no purpose to the State and its people in their pursuit of justice. We therefore call on the Government of Singapore, and other Governments in Asia that retain the death penalty to immediately impose a moratorium to the death penalty, as the first step towards its abolition.

The use of the death penalty has seen a global decline in recent years, signifying a movement towards more effective ways of deterring crimes.[1] Despite this global trend, several Governments in Asia continue to use the death penalty. Just this year, India expanded the scope of crimes covered by the death penalty. The numbers of those sentenced to capital punishment in Bangladesh yearly remains unabated. The region has also seen an increased tendency to use the death penalty for drug-related offences. Indonesia has been executing primarily those convicted of drug trafficking in recent years. It is estimated that China executes hundreds to thousands yearly for drug trafficking or murder, although exact figures are hard to find. The Sri Lankan Cabinet recently approved the President’s proposal to take steps towards implementing the capital punishment to those sentenced to death for drug offences and who continue to operate ‘drug rackets’ while in prison. In the Philippines, several State officials continue to push for the revival of the death penalty, despite having previously committed itself to its abolition.

Governments continue to retain the death penalty despite troubling concerns. There is no convincing evidence to support that the death penalty deters crime. In Mongolia, the death penalty was abolished after it was recognised that the threat of execution did not have a deterrent effect.[2]  Arguments for its use are based more on public opinion rather than on solid scientific evidence. The effect of the death penalty disproportionately affects those who are often the poor and the most marginalised, as they have limited access to resource and power. Judicial systems worldwide are all susceptible to abuse. In Vietnam, the cases of Ho Duy Hai and Le Van Manh, who were sentenced to death despite gaps in evidence and allegations of police impunity, cast strong doubts on the credibility of the judicial system. Capital punishment is irreversible; it violates the right to life and the right to live free from cruel, inhuman and degrading treatment – fundamental rights of all human beings. It goes against our goals of promoting rehabilitation for the convicted, and the values and standards of universal human rights we all stand for.

On the World Day against the Death Penalty, we express our grave concern on the continuing use of the death penalty in Asia. We call on all Governments to work for the abolition of the death penalty and to create a justice system that can respect human rights for all, including the perpetrators and the victims.  Only when we respect the right to life and dignity of all can we move towards a global humane society.

The statement is endorsed by:

  1. Banglar Manabadhikar Suraksha Mancha (MASUM), India
  2. Bytes for All, Pakistan
  3. Cambodian Human Rights and Development Association (ADHOC), Cambodia
  4. Commission for the Disappeared and Victims of Violence – Komisi untuk Orang Hilang dan Korban Tindak Kekerasan (KontraS), Indonesia
  5. Community Resource Centre, Thailand
  6. Community Self Reliance Centre (CSRC), Nepal
  7. Equality Myanmar, Myanmar
  8. Human Rights Commission of Pakistan, Pakistan
  9. Human Rights Alert, India
  10. INFORM, Sri Lanka
  11. Law & Society Trust, Sri Lanka
  12. National (Catholic) Commission for Justice and Peace
  13. Madaripur Legal Aid Association (MLAA), Bangladesh
  14. Maldivian Democracy Network, the Maldives
  15. National (Catholic) Commission for Justice and Peace, Pakistan
  16. Odhikar, Bangladesh
  17. People’s Watch, India
  18. People’s Solidarity for Participatory Democracy (PSPD), South Korea
  19. People’s Vigilance Committee on Human Rights (PVCHR), India
  20. Philippine Alliance of Human Rights Advocates (PAHRA), the Philippines
  21. Refugee and Migratory Movements Research Unit (RMMRU), University of Dhaka, Bangladesh
  22. South India Cell for Human Rights Education and Monitoring (SICHREM), India
  23. Suara Rakyat Malaysia, Malaysia
  24. Taiwan Association for Human Rights, Taiwan
  25. Task Force Detainees of the Philippines (TFDP), the Philippines
  26. Think Centre, Singapore
  27. Vietnamese Women for Human Rights, Vietnam
  28. Yayasan Lembaga Bantuan Hukum Indonesia/ Indonesia Legal Aid Foundation (YLBH), Indonesia

[1] http://www.worldcoalition.org/worldwide-database.html

[2] https://www.amnesty.org/en/latest/nbv  ews/2015/12/mongolia-historic-vote-abolishes-death-penalty/

FORUM-ASIA

UN Human Rights Council creates a mechanism on Myanmar to gather evidence and prepare files for prosecution of Mass Atrocity Crimes

(Geneva 27 September 2018) Asian Forum for Human Rights and Development (FORUM-ASIA), Equality Myanmar, Progressive Voice, Women’s Peace Network-Arakan, Kachin Women’s Association Thailand, and Rohingya Women Welfare Society welcome the UN Human Rights Council’s resolution today on Myanmar as an important landmark in the quest for justice and accountability. The resolution creates a new mechanism to collect and preserve evidence, and prepare case files on perpetrators of mass atrocities for use in future criminal proceedings. The resolution follows a report by the Council’s Fact Finding Mission on Myanmar, which calls for the investigation and prosecution of the Myanmar military for genocide, crimes against humanity and war crimes.

“The establishment of a UN body to prepare files for prosecution and to collect evidence of mass atrocity crimes is a ray of hope for victims and survivors of horrific atrocities in Myanmar,” said Wai Wai Nu of Women’s Peace Network-Arakan. This is will ensure that these crimes and perpetrators are not forgotten and strengthen the hope for actual trial and prosecutions in the near future,” she added.

The resolution condemns gross violations and recalls the authority of the Security Council to refer Myanmar to the International Criminal Court (ICC) and takes note of the ICC decision that it may exercise jurisdiction on the deportation of Rohingyas from Myanmar to Bangladesh. “Now the logical next step is for the UN Security Council to take the cue from the Human Rights Council and urgently refer Myanmar to the International Criminal Court so that it could examine the full spectrum of mass atrocity crimes committed in Myanmar,” said Khin Ohmar of Progressive Voice. “The longer the Security Council waits, the longer justice will be denied,” she added.

The resolution’s calls for accountability addresses gross violations all over Myanmar including in Rakhine, Kachin and Shan states. “The resolution’s inclusive call that covers egregious violations in Kachin and Shan states comes at a time when these regions face ongoing armed conflict amidst failing peace talks and atrocities on civilians by the Myanmar military,” said Stella Naw, a Kachin woman activist. “There is an urgent need for the international community to act towards ending conflict and taking steps to hold those accountable,” she added.

The resolution also encourages the UN to independently inquire into its own involvement in Myanmar since 2011. This follows the Fact-Finding Mission’s observation that UN actors in Myanmar prioritised development and quiet diplomacy while ignoring human rights concerns when mass atrocities took place. “UN Secretary General Antonio Guterres’ silence on this observation is deafening. He must act immediately to set up an inquiry to review and rectify the UN’s system-wide engagement in Myanmar,” said R. Iniyan Ilango of FORUM-ASIA. “This is not the first time this has been said about the UN’s role in situations of mass atrocities. The same observation was made six years ago on Sri Lanka by a UN internal inquiry. The Human Rights Upfront Action Plan was created following this and was meant to be operational in Myanmar when gross violations unfolded. Clearly something is very wrong within the UN system,” he added.

The resolution also appeals to all states and stakeholders to assist victims including through a possible trust fund. “This is key and the UN General Assembly should act on this appeal and set up a trust fund to provide livelihood and psychosocial support to victims,” said Wai Wai Nu. “In addition to such support, the General Assembly should also stipulate that refugees are not returned unless their citizenship rights, safety and equality are fully guaranteed and security upon their return is supervised by UN Human Rights bodies,” she added.

The resolution also calls on all business enterprises to cooperate with the new mechanism it creates. The Fact-Finding Mission’s findings highlighted the impact of social media on the mass atrocities that took place in Myanmar. It particularly focused on Facebook’s role as a medium for the spread of hate speech. “Facebook should fully commit to handing over all evidence it holds on incitement to atrocities to the new mechanism and it should take immediate steps to prevent the spread of hate speech on its platforms,” said John Samuel of FORUM-ASIA.

ENDS

For more information contact:

• R. Iniyan Ilango, UN Advocacy Programme Manager, FORUM‐ ASIA: iniyan@forum‐asia.org

• Khin Ohmar, Chairperson, Advisory Board, Progressive Voice: khinohmar@progressive-voice.org

သဘောထားထုတ်ပြန်ချက်

ရက်စွဲ – ၁၄.၅.၂၀၁၈

ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်(ကေအိုင်အေ)တို့၏ တိုက်ပွဲများအကြား ပိတ်မိနေသည့် စစ်ဘေးသင့် ဒုက္ခသည်ပြည်သူများအား လွတ်လပ်စွာကူညီထောက်ပံ့ခွင့် ရရှိရေးနှင့် နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော စစ်ပွဲများရပ်တန့်ရေးတို့အတွက် ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ များသည် ၁၂.၅.၂၀၁၈ ညနေ ၅ နာရီအချိန်တွင် တာမွေမြို့နယ် Ocean Center ရှေ့၌ စုပေါင်းဆန္ဒထုက်ဖော်ပွဲ တစ်ခုကို ပြုလုပ်ခဲ့ကြပါသည်။

ငြိမ်းချမ်းစွာ ဆန္ဒထုက်ဖော်နေသည့် တက်ကြွလှုပ်ရှားသူများနှင့် ဦးဆောင်သူများ သည် ဆန္ဒထုက်ဖော်မှုအပြီး လူစုခွဲနေသည့်အချိန်တွင် ရဲတပ်ဖွဲ့နှင့်အတူ အရပ်ဝတ်လူများမှ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးထိန်းသိမ်းပြီး ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ (၁၇) ဦးကိုလည်း ဗဟန်းမြို့နယ်ရဲစခန်းမှ ငြိမ်းစုစီပုဒ်မ(၂၀)ဖြင့် တရားစွဲဆိုထားသည်ဟု သိရှိရပါသည်။

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဖိုရမ်(Human Rights Defenders Forum)အနေဖြင့် လူ့အခွင့်အရေး အခြေခံစံနှုန်းများဖြစ်သည့် လွတ်လပ်စွာ စုရုံးခွင့်(Freedom of Assembly)နှင့် လွတ်လပ်စွာ ဆန္ဒထုက်ဖော်ခွင့်(Freedom of Expression)တို့အရ စစ်ပွဲများရပ်တန့်ရန် ဆန္ဒထုက်ဖော်ပွဲပြုလုပ်ခဲ့ကြသည့် တက်ကြွလှုပ်ရှားသူ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို ရဲတပ်ဖွဲ့နှင့် အမည်မသိ အရပ်ဝတ်များမှ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး အောက်ပါအချက်များကို ခြွင်းချက်မရှိ ဆောင်ရွက်ပေးရန် ပြည်ထောင်စု သမ္မတနိုင်ငံတော် အစိုးရအား တောင်းဆိုတိုက်တွန်းအပ်ပါသည်။

(က) ငြိမ်းစုစီပုဒ်မ(၂၀)ဖြင့် တရားစွဲဆိုမှုအား ပြန်လည်ရုတ်သိမ်းရန်

(ခ) ဖြစ်စဉ်အတွင်း လိုအပ်သည်ထက်ပိုမို၍ အကြမ်းဖက်ဖြိုခွင်းသည့် တပ်ဖွဲ့ဝင်များနှင့် အမည်မသိ အရပ်ဝတ်များအား စုံစမ်းဖော်ထုက် အရေးယူပေးရန်

(ဂ) ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအား ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုပေးရန်

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဖိုရမ်(HRDF)