အသိပေး ကြေညာချက်

ကမ္ဘာတစ်ဝန်းပျံ့နှံ့ဖြစ်ပွားနေသည့်အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ် (Coronavirus Disease 2019 – COVID – 19) ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်သည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က မတ်လ၊ ၁၁ ရက်နေ့တွင် ကြေညာလိုက်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်နေ့ ရက်စွဲပါ ပြည်သူသို့ ပန်ကြားချက် တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။
ညီမျှခြင်းမြန်မာအဖွဲ့ကလည်း ကပ်ဘေးကြိုတင်ကာကွယ်တားဆီသည့်အနေဖြင့် အစိုးရ၏ ပန်ကြားချက် အတိုင်း လူစုလူဝေးဖြင့် ကျင်းပရသော အခမ်းအနား၊ သင်တန်း၊ အစည်းအဝေးများ အားလုံးကို ယာယီ ရပ်ဆိုင်းထားမည်။ ညီမျှခြင်းမြန်မာရုံးကို မတ်လ၊ ၂၃ ရက် မှ ဧပြီလ၊ ၃၀ ရက် အထိ ပိတ်ထား မည်ဖြစ်ပြီး၊ ဝန်ထမ်းများသည် မိမိတို့နေအိမ်ကသာ ရုံးလုပ်ငန်းများကို လုပ်ဆောင်သွားမည် ဖြစ်ပါသည်။
အစိုးရ၏ ထုတ်ပြန်ကြေညာချက်နဲ့ COVID -19 ရောဂါအခြေအနေအပေါ် မူတည်ကာ မည်သည့်အချိန် တွင် ပြန်လည်လုပ်ဆောင်သွားမည်ကို အချိန်နှင့်တပြေးညီ အကြောင်းကြားပေးသွားမည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးကြေညာအပ်ပါသည်။
ကမ္ဘာသူ၊ ကမ္ဘာသားများ ကိုရိုနာဗိုင်းရပ် ရောဂါကင်းဝေးပြီး ကျန်းမာရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။
ညီမျှခြင်းမြန်မာ


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
