လူ့အခွင့်အရေးပညာပေးသူများကွန်ယက်မှ နည်းပြများအား ပြန်လည် မွမ်းမံသင်တန်းပေး
Equality Myanmar May 6, 2017
ညီမျှခြင်းမြန်မာသည် ၂ဝဝဝ ခုနှစ်မှ စတင်၍ လူ့အခွင့်အရေးနည်းပြသင် တန်းများကို ပြုလုပ်ခဲ့ပြီး လူ့အခွင့်အရေး ပညာပေးသူများ မွေးထုတ်ပေးခဲ့ သည်။ ထိုနည်းပြများအား ပြန်လည်၍ မွမ်းမံသည့် သင်တန်းတစ်ခုကို မန္တလေး မြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည်။ ထိုသင်တန်းတွင် မြန်မာနိုင်ငံတစ်နံ့တစ်လျားမှ နည်းပြများပါဝင်တတ်ရောက်ခဲ့ကြပြီး ၎င်းတို့သည် ၂၀၀ဝ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း လူ့အခွင့်အရေးနည်းပြ သင်တန်းဆင်းများဖြစ် ကြ သည်။
၎င်းသင်တန်းတွင် လူ့အခွင့်အရေးနည်းပြများအား ပြန်လည်မွမ်းမံသည့်အနေဖြင့် လူ့အခွင့်အရေးအယူအဆများ၊ လူ့အခွင့်အရေးသမိုင်းကြောင်းများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါအပိုဒ်များ ရှင်းလင်းချက်များ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါအပိုဒ်များနှင့် ပြည်တွင်းဥပဒေများနှိုင်းယှဉ်လေ့လာခြင်း၊ လူ့အခွင့်အရေးအမျိုး အစားများ၊ လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ အစိုးရ၏ တာဝန်ရှိမှုများ စသည်ဖြင့် ဆွေးနွေးခဲ့ကြသည်။
သင်တန်းကာလတစ်လျှောက်တွင် ညီမျှခြင်းမြန်မာမှ ဆရာ
ဦးအောင်ဇော်ထွေးမှ ဦးဆောင်ဆွေးနွေးပေးခဲ့သည်။ ၎င်းသင်တန်းတွင် တတ်ရောက်လာသော သင်တန်းသားအများစုသည် ၎င်းတို့အနေဖြင့် ယခုကဲ့သို့ပြန်လည် လေ့လာခွင့်ရခဲ့သောကြောင့် လူထုအကြားပညာပေးလုပ် ငန်းများသွားရောက်လုပ်ကိုင်သည့်အခါ ပိုမိုအဆင်ပြေသွားမည်ဖြစ်ကြောင်းများကို ပြောကြားခဲ့သည်။
သင်တန်းအစီအစဉ်ကို ၂၀၁၇ ခုနှစ် ဧပရယ်လ ၂၇ ရက်နေ့မှ စတင်ပြီး မေလ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည်သွားဖြစ်ရာ ယနေ့အထိ သင်တန်းကို ကျင်းပဆဲပင်ရှိပါသည်။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
