၂၀၁၉ခုနှစ် လူ့အခွင့်အရေးနည်းပြ(ဝန်ထမ်း)များအတွက် အရည်အချင်းမြင့်မွန်းမံသင်တန်း ကျင်းပပြုလုပ်
၂၀၁၉ ခုနှစ် လူ့အခွင့်အရေးနည်းပြ(ဝန်ထမ်း)များအတွက် အရည်အချင်းမြင့် မွန်းမံသင်တန်း( Staff Refresher Training)ကို ဆရာ ဦးအောင်မျိုးမင်းနှင့် မတိုးတိုးမြင့်တို့မှ ဦးစီးကာ ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်း နည်းပြ တဦးဖြစ်သူ မအေးအေးမော်မှ “မော်ဂျူးနှင့် ပတ်သက်လို့ သင်တန်းသားများအပေါ် မူတည်ပြီး ဘယ်လိုရေးဆွဲရမလဲ ဆိုတာ သိလာတယ်။ ဘယ်သူတွေကို ပေးချင်တာလဲ၊ ဘာရည်ရွယ်ချက်နဲ့ ပေးမှာလဲ၊ ပြင်ဆင်ရမလဲ ဆိုတာ သိလာပါတယ်” လို့ ပြောပါသည်။
ထိုသင်တန်းတွင် ၂၀၁၉ ခုနှစ်အတွင်း လုပ်ဆောင်သွားမည့် လုပ်ငန်းများကို အစီအစဉ်ရေးဆွဲခြင်း၊ သင်ရိုး(မော်ဂျူး) ပြင်ဆင်ရေး ဆွဲခြင်း၊ သင်ရိုးအသစ်များ ရေးဆွဲခြင်းနှင့် ပြန်လည်ရေးဆွဲ ထားသော သင်ရိုးများကို သင်တန်းနည်းပြများ ကိုယ်တိုင် လေ့ကျင့်ခြင်းများ လုပ်ဆောင်ခဲ့ပါသည်။
ထို့နောက် သင်တန်း နည်းပြ ကိုပိုင်ဆက်မှလည်း “ Facilitation ကို ကောင်းစွာ သိရှိလာခဲ့တယ်၊ သင်တန်းတွေမှာ ပြန်လည်အသုံး ချနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ကလေးအခွင့်အရေး သင်ရိုးပြင်ဆင် ရေးဆွဲလိုက်တဲ့အခါ ကလေးအခွင့်အရေး အခြေခံမူတွေကို သေချာ သိလိုက်ရပါတယ်” လို့ဆိုပါသည်။
နောက်ထပ် သင်တန်းနည်းပြတဦးဖြစ်သော ကိုမင်းမင်းထွန်းမှလည်း “လူအခွင့်အရေး လို့ပြောလိုက်တဲ့အခါ ဥပဒေတွေကို လေ့လာ ရတယ်၊ အဲဒီဥပဒေတွေရဲ့ သက်ဆိုင်တဲ့ ပြစ်မှု၊ ပြစ်ဒဏ်ကို သိရှိလိုက်တယ်၊ မိမိထည့်သွင်းတဲ့ ဆွေးနွေးရန်မေးခွန်းတွေကလည်း ကိုယ်မော်ဂျူး ရည်ရွယ်ချက်နဲ့ ကိုက်ညီမှု ရှိရဲ့လား ဆိုတာ နားလည်ဖို့လိုတယ်ဆိုတဲ့အသိတွေ ရရှိခဲ့ပါတယ်”။
သင်တန်းကို ဖေဖေါ်ဝါရီလ ( ၈ )ရက် မှ (၁၆) ရက်နေထိ မန္တလေးမြို့ Eastern Place ပာိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
