လူ့အခွင့်အရေးစကားသံ အပိုင်း(၁၁၉ ) မြန်မာနိုင်ငံကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်း (ဒုတိယပိုင်း)
ယခုအပတ်မှာတော့ မြန်မာနိုင်ငံတွင် ပြဌာန်းတော့မည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းအကြောင်းကို ပရိသတ်တို့အား ဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး ဆရာဦးအောင်မျိုးမင်း နှင့် အတူတပည့်များက တင်ပြပေးသွားမှာဖြစ်ပါသည်။
ကလေးသူငယ်အခွင့်အရေး ဥပဒေမူကြမ်းကို ရှုပ်ထွေးမှုမရှိ၊ လွယ်ကူစွာ ရှင်းလင်း နားလည် သဘာပေါက်စေရန်အတွက် သင်တန်းခန်းမအတွင်း ဆရာနှင့်တပည့်များ အပြန်အလှန်းမေးမြန်း ဆွေးနွေးသည့်ကဏ္ဍလေးဖြင့် ရိုက်ကူးတင်ဆက်ပေးထားပါသည်။
ဇာတ်လမ်းတွဲတွင် ထိုဥပဒေမူကြမ်းရေးဆွဲရာမှာ ဘယ်သူတွေနဲ့ ဘယ်လိုရေးဆွဲထားသလဲ၊ ဒုတိယ အကြိမ်ရေးဆွဲသော ဥပဒေမူကြမ်းမှာ ထပ်မံပါဝင်လာသော အခန်းကဏ္ဍာတွေက ဘာတွေလဲ၊ ကလေး၏ အသက်သတ်မှတ်ချက်အကြောင်းများနှင့် ကလေး အလုပ်သမားများအတွက် ဆိုးရွားသောအလုပ်များ အကြောင်းတို့ကို ဆွေးနွေးပေးထားသည်။







ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
