လူ့အခွင့်အရေးစကားသံ အပိုင်း(၁၃၉ ) ကလေးနှင့်အလုပ်
မင်္ဂလာပါ လူ့အခွင့်အရေးစကားသံမှ ပြန်လည်ကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်။
မြန်မာနိုင်ငံ ကလေးအလုပ်သမားတွေထဲက အိမ်အကူကလေးအလုပ်သမားတွေ အကြောင်းသိရှိစေရန် ရည်ရွယ်ပြီး“ကလေးနှင့်အလုပ်” ဇာတ်လမ်းကို DVB ရုပ်သံမှ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
ကလေးအလုပ်သမားအကြောင်းရိုက်ကူးထားတဲ့ သီချင်းလေးကို သင်တန်းတစ်ခုတွင် ပြသပေးတယ်။ သီချင်းမှာပါဝင်သရုပ်ဆောင်နေတဲ့ ကလေးအလုပ်သမားတွေ ဘဝကို ကြည့်ပြီး သင်တန်းသားတွေရဲ့ခံစားချက်နှင့် အကြောင်းအရာတွေကို ညီမျှခြင်းမြန်မာအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဆရာဦးအောင်မျိုးမင်းက မေးမြန်းဆွေးနွေးပေးထားတယ်။
ဆက်ပြီး ကလေးအလုပ်သမားတွေထဲက အိမ်အကူ ကလေးအလုပ်သမားတွေအကြောင်း အဓိက ဆွေးနွေးထားပြီး၊ ကလေးအလုပ်သမားဘာကြာင့်များပြားနေရလဲဆိုတာကို ဆရာအောင်မျိုးမင်းက အကြောင်းအရင်းလေးတွေကို တင်ပြပေးထားတဲ့ ပညာပေး ဇာတ်လမ်းလေးဖြစ်ပါတယ်။








ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
