လူ့အခွင့်အရေးစကားသံ အပိုင်း(၁၃၇) အကျဉ်းထောင်ဥပဒေနှင့် အကျဉ်းသားအခွင့်အရေး
ဒီအပတ်မှာတော့ အကျဉ်းထောင်မှာ ဘယ်လိုဥပဒေ တွေရှိပြီး၊ အကျဉ်းသားတွေမှာရော ဘယ်လိုအခွင့်အရေးတွေရှိနေသလဲဆိုတာကို ညီမျှခြင်းမြန်မာအဖွဲ့နှင့် DVB ရုပ်သံတို့ပူးပေါင်းပြီး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဒီဇာတ်လမ်းကို မြန်မာနိုင်ငံရှိ အကျဉ်းထောင်ဥပဒေ (မူကြမ်း)နှင့် အကျဉ်းသားအခွင့်အရေးကိုသိရှိစေရန် ရည်ရွယ်ပြီး ထုတ်လွှင့်ပြသခြင်းဖြစ်ပါတယ်။
လွယ်ကူရှင်းလင်း၊ နားလည်သဘောပေါက်စေဖို့ တပည့်များက ဆရာကို မေးမြန်း၊ ဆွေးနွေးရုံသာမက မြန်မာနိုင်ငံက အကျဉ်းသားအခွင့်အရေးတွေနဲ့ပတ်သက်ပြီး ကူညီလုပ်ဆောင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်းသို့ သွားရောက်လေ့လာခဲ့ကြတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၊ မှတ်တမ်းနှင့်သုတေသနတာဝန်ခံ ကိုဇော်မိုးက လွှတ်တော်မှာ တင်သွင်းထားတဲ့ အကျဉ်းထောင်ဥပဒေမူကြမ်းနဲ့ အကျဉ်းသားအခွင့်အရေးတို့ကို ရှင်းလင်းပေးခဲ့ပြီး၊ အပြန်အလှန်မေးမြန်း ဆွေးနွေးကြခဲ့တယ်။
ဆက်ပြီး ဆက်ရန်နိုင်၊ ယွန်းပိုပိုအောင်၊ လွှမ်းမိုးအောင်တို့လည်း အဲဒီအသင်းက နိုင်ငံရေးအကျဉ်းသူဖြစ်သူ မသန်းသန်းဌေးကို သူမထောင်ကျခဲ့တဲ့အဖြစ်အပျက်၊ ထောင်တွင်းမှလူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်းမေးမြန်းခွင့်လည်း ရခဲ့ကြတယ်။
ညီမျှခြင်း မြန်မာအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဆရာဦးအောင်မျိုးမင်း၊ တပည့်များဖြစ်ကြတဲ့ ဆက်ရန်နိုင်၊ ယွန်းပိုပိုအောင်၊ လွှမ်းမိုးအောင်၊ မသန်းသန်းဌေး (နိုင်ငံရေးအကျဉ်းသူဟောင်း)၊ ကိုဇော်မိုး(နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း၊ မှတ်တမ်းနှင့်သုတေသနတာဝန်ခံ)တို့က ပါဝင်သရုပ်ဆောင် ထားပါတယ်။








ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
