အသေးစားရန်ပုံငွေထောက်ပံ့ပေးအပ်းခြင်းအခမ်းအနားနှင့် မူဝါဒဆိုင်ရာ မိတ်ဆက်ခြင်း

Equality Myanmar May 3, 2019
ရန်ကုန်မြို့၊ Hotel Grand United တွင် အသေးစား ရန်ပုံငွေထောက်ပံ့ပေးအပ်းခြင်းအခမ်းအနားနှင့် မူဝါဒဆိုင်ရာ မိတ်ဆက်ခြင်းအလုပ်ရုံဆွေးနွေးပွဲကို ဧပြီလ၊ ၂၉ရက်နေ့မှ ၃၀ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ညီမျှခြင်းမြန်မာအဖွဲ့မှ လူနည်းစု၊ အုပ်စုများအရေးလုပ်ဆောင်နေေ သာ Kings N Queens၊ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) နှင့် ပန်းတောင်းတောင်သူ လယ်သမားများသမဂ္ဂ(PDFU)တို့အား အသေးစား ရန်ပုံငွေထောက်ပံ့ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ကိုလင်း(ပန်းတောင်းတောင်သူ လယ်သမားသမဂ္ဂ) စီမံကိန်းမန်နေဂျာမှ “ကျနော်တို့အတွက်တော့ အရမ်းပဲ အကျိုးရှိပါတယ်။ ဒီနှစ်ရက်တာ အလုပ်ရုံဆွေးနွေးပွဲအတွင်း ညီမျှခြင်းမြန်မာ၏ မူဝါဒတွေကို ရှင်းရှင်း လင်းလင်း သိရှိရတယ်။ ကျနော်တို့အဖွဲ့အနေနဲ လည်း လိုအပ်နေတဲ့ အဖွဲ့အစည်းအတွင်း မူဝါဒတွေကို ရေးဆွဲနိုင်ဖို့ အထောက်အကူပြုတယ်” လို့ ဆိုပါသည်။

အရပ်ဘက်လူမှုအဖွဲ့အစည်း(၃)ဖွဲ့အား စနစ်တကျ လူ့အခွင့်အရေး လုပ်ငန်းများ ဖြေရှင်းနိုင်စေရန်၊ လူထု စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်းမှ တစ်ဆင့် စည်းရုံးရေးစွမ်းရည်နှင့် စည်းရုံးလှုံ့ဆော်မှုဆိုင်ရာ ကျွမ်းကျင်မှု တည်ဆောက်ပေးရာတွင် အထောက်အပံ့ဖြစ်စေရန် အတွက် “ထောက်ပံ့မှုပေးအပ်ခြင်း” နှင့် သဘာတူ စာချုပ်ချုပ်ဆိုခြင်း ၊ ထောက်ပံ့မှုဆိုင်ရာ သဘောတူညီမှုများ၊ ဘဏ္ဍာရေးမူဝါဒများ မိတ်ဆက်ရှင်း လင်းပေး ခဲ့သည်။

ရန်ပုံငွေရရှိသွားသည့်အဖွဲ့များလည်း EQMM ၏ မူဝါဒများကို ကောင်းမွန်စွာ သိရှိနားလည်သွားသည်။ ထို့အပြင် နှစ်ဖက်အဖွဲ့ အစည်းများမှ သက်ဆိုင်ရာ သဘောတူညီမှု စာချုပ်အား လက်မှတ်ရေးထိုး နိုင်ခဲ့သည်။

ကိုဗညား (ကရင်နီလူအခွင့်အရေးအဖွဲ့ဒါရိုက်တာ)မှ “EQMM ရဲ့သုံးနေတဲ့ Format တွေကို ကောင်းကောင်း နားလည်သွားတယ်။ ကိုယ့်အတွက် သင်ယူမှုအသစ်တွေရတယ်။ ထောက်ပံ့မှု အတွက်လည်း ကျေးဇူးတင် ပါတယ်။”

ဆက်လက်ပြီး ညီမျှခြင်းမြန်မာအဖွဲ့၏ “ကျားမရေးရာနှင့် မသန်စွမ်း သူများဆိုင်ရာ လူတိုင်းအကျုံးဝင် ပါဝင်မှုဆိုင်ရာမူဝါဒ”၊ “လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခြင်းအပေါ် မူဝါဒ”၊ “ကလေးသူငယ် ကာကွယ်ရေး မူဝါဒ”၊ “ အဂတိလိုက်စားမှု ဆန့်ကျင်သည့်မူဝါဒ” များကို စိတ်ဝင်စားကြောင်း၊ ၎င်းတို့တွေး ထင်ထားသည် ထက်ကို ပိုပြီးကောင်းမွန်ပြည့်စုံသည်ကို တွေ့ရသည်ဟု ကိုဗညားက ပြောပါသည်။

အခမ်းအနားသို့ အဆိုပါအဖွဲ့များမှ အမျိုးသား(၈)ဦး၊ အမျိုးသမီး (၁၀) ဦးတက်ရောက်လာခဲ့ကြသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *