“အမုန်းစကားဆိုင်ရာအခြေအနေများအား စောင့်ကြည့်လေ့လာခြင်းနှင့် အစီရင်ခံတင်ပြခြင်းသင်တန်း”
ဤသင်တန်းကို Tides Foundation ၏ ရန်ပုံငွေထောက်ပံ့ မှုဖြင့် ညီမျှခြင်းမြန်မာက စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် အကောင်အထည်ဖော် ဆောင်နေပါသည်။ ထိုဒေသများရှိ ဒေသဆိုင်ရာအမုန်းစကားလျှော့ချရေး ကွန်ယက် အဖွဲ့ဝင်များကို ပေးအပ်သည့် ၄ ရက်တာ သင်တန်းဖြစ်ပါသည်။
သင်တန်းရည်ရွယ်ချက်မှာ အမုန်းစကားဆိုင်ရာ အဆင့် သတ်မှတ်ချက်များကို နားလည် လာစေရန်၊ ဒေသအတွင်း အမုန်းစကားဖန်တီးမှု၊ အကြမ်းဖက်လှုံ့ဆော်မှုများ ကာကွယ် တားဆီးရာတွင် အစိုးရနှင့်ပြည်သူများ၏ အရေးပါမှုများကို သိရှိလာစေရန်နှင့် အမုန်းစကား များ တုံ့ပြန်ဆောင်ရွက်သည့် နည်းလမ်းများကို သိရှိလာစေရန် ဖြစ်ပါသည်။
“ဒီသင်တန်းကရရှိခဲ့တဲ့ အသိပညာ ဗဟုသုတတွေကို အမုန်းစကား လျှော့ချ ပပျောက်ရေး အတွက် ပြည်သူတွေ အသိပညာဖြန့်ဝေခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း လုပ်ငန်းတွေ ချိတ်ဆက် လုပ်ဆောင်သွားမယ်”လို့ မြဝတီမြို့အခြေစိုက် Phoenix အဖွဲ့၏ အတွင်းရေးမှူးShin Min Han က ပြောပါသည်။
“ရွေးကောက်ပွဲနီးလာတာနဲ့ အမျှ ကျမတို့ ပတ်၀န်းကျင်မှာ အမုန်းစကားတွေကို ပုံစံမျိုးစုံနဲ့ ပြောဆိုနေကြ ပါတယ်။ အမုန်း စကားတိုင်းကို ကန့်သတ်မယ်ဆိုရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်နိုင်ပါ တယ်။ ဒါကြောင့် ကိုယ့်ဝန်း ကျင်မှာပြောနေတဲ့ အမုန်း စကားတွေက အန္တရာယ်ရှိ၊ မရှိ ဆန်းစစ်ဖို့ လိုအပ်ပါတယ်”လို့ စည်းရုံးလှုံ့ဆော်ရေး ညှိနှိုင်းရေးမှူး ဒေါ်ဝါဝါပြုံးက ပြောပါသည်။
အပြည့်အစုံဖတ်ရန်



ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
