တနင်္သာရီမြို့တွင် လူ့အခွင့်အရေး အသိပညာ ဟောပြောပွဲ ကျင်းပ
လူ့အခွင့်အရေး အသိပညာပေးဟောပြောပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့တွင် မတ်လ၊ ၁၇ ရက် နေ့ က ကျင်းပပြုလုပ်ခဲ့ပါသည်။
ဟောပြောပွဲ တက်ရောက်လာသူ မောင်ဂျေကေထူးက “တိုင်ကြားမှု ယန္တရားပိုင်းတွင် လယ်ယာမြေများ သိမ်းဆည်းခံရမှုနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားနိုင်ဖို့အတွက် အသိပညာများ ၊ ဗဟုသုတများ ရရှိခဲ့ပါတယ်” လို့ ဆိုပါသည်။
လူ့အခွင့်အရေး အသိပညာ ဟောပြောပွဲတွင် လူ့အခွင့်အရေးအခြေခံဗဟုသုတများ သိရှိစေလာရန်နှင့် ဒေသအတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများသိရှိလာကာ တိုင်ကြားတတ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပ ခဲ့ခြင်းဖြစ်သည်။
မောင်အောင်ပြည့်စိုးက သင်းတန်းနှင့်ပတ်သက်ပြီး အခုလို “အရင်က လူ့အခွင့်အရေးအကြောင်း မသိခဲ့လို့ ကိုယ်တိုင်ချိုးဖောက်ခံရမှုတွေလည်းရှိတယ်။ နောက်လဲ အခွင့်အရေးရှိမယ်ဆိုရင်တော့ လူ့အခွင့်အရေး အကြောင်း ပိုပြီးလေ့လာချင်ပါသေးတယ်”။
ဟောပြောပွဲတွင် လူ့အခွင့်အရေး၏ အယူအဆနှင့် သဘောတရားများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အပိုဒ်များနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရပါက တိုင်ကြားနိုင်သည့် နေရာ များကို ညီမျှခြင်းမြန်မာအဖွဲ့၏ သင်တန်းနည်းပြ ဒေါ်မိုင်လေး၊ လူ့အခွင့်အရေး ပညာပေးသူများ ကွန်ယက်က နည်းပြ ဒေါ်သူဇာခိုင် နှင့် ကိုအာကာဦးတို့ အတူတကွ ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ ဟောပြောပွဲသို့ ဒေသခံ ပြည်သူ(၅၂)ဦး တက် ရောက်ခဲ့ ပါသည်။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
