အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ပပျောက်ဖို့ ဆိုးရွားတဲ့ ဖိုဝါဒတွေ လျှော့ချကြဖို့လို
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ပပျောက်ဖို့ ဆိုးရွားတဲ့ အမျိုးသားဖိုဝါဒတွေ လျှော့ချကြဖို့လိုတယ်လို့ အမျိုးသမီးအခွင့်အရေးဆောင်ရွက်နေသူတွေက တိုက်တွန်းလိုက်ပါတယ်။
၇၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထူးအစီအစဉ်မှာ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး” ဆိုင်ရာ အကြောင်းအရာတွေအပေါ် Equality Myanmar ရဲ့ Founder နဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်၊ Triangle Women’s Support Group ရဲ့ အမှုဆောင် ဒါရိုက်တာ ဒေါ်ခင်လေးနဲ့အတူ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးသံတမန် တေးသံရှင် ရေဗက္ကာဝင်းတို့က ပါဝင်ဆွေးနွေးတင်ဆက်ပေးထားကြပါတယ်။
အပြည့်အစုံကိုတော့ MCN ရုပ်/သံ သတင်းဌာနနဲ့ Equality Myanmar တို့ ပူးပေါင်းစီစဉ်တင်ဆက်ပြီး Mizzima ရုပ်/သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ (၇၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထူးအစီအစဉ်မှာ ရှုစားနိုင်ကြမှာဖြစ်ပါတယ်။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
