အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ် အလုပ်ရုံဆွေးနွေးပွဲ
ဇူလိုင်လ၊ ၂၁ ရက်နေ့တွင် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး ” အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (National Strategic Plan for the Advancement of Women-NSPAW) ရဲ့ ကျန်ရှိတဲ့ ကလများအတွင်းလုပ်ငန်းများထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်ဖို့အတွက်ဝိုင်းဝန်းဆွေးနွေးအကြံပြုကြပါ။မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲတိုးတက်မှုတွေကို ၂၀၂၁ခုနှစ်မှာ တင်သွင်းမယ် ဆဌမအကြိမ်မြောက် CEDAW အစီရင်ခံစာမှာ မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်မှုတွေကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရေးအတွက် လုပ်ငန်းရပ်များ အကောင်အထေည်ဖေါ်ဆောင်ရွက်ရာမှာ အစိုးရဌာနဆိုင်ရာများနဲ့ အဖွဲ့အစည်းများအားလုံး ယခုထက်ပူးပေါင်း ဆောင်ရွက်ပေးကြပါ” လို့အဖွင့်အမှာ စကားတွင် ထည့်သွင်းပြောကြား ခဲ့ပါသည်။
အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ် အလုပ်ရုံဆွေးနွေးပွဲကို CEDAW မဟာမိတ်အဖွဲ့ နှင့်အတူ ညီမျှခြင်းမြန်မာအဖွဲ့တို့က အားလုံးအတွက် လူ့အခွင့်အရေး စီမံကိန်းအောက်မှ ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပါသည်။
အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ်နှင့်ပတ်သက်၍ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ် များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ လုပ်ဆောင်နေသော လုပ်ငန်းစဉ် ဆွေးနွေးနိုင်စေရန်၊ လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့ အစည်းများမှ ကြုံတွေ့ရသော အားသာချက်၊ အားနည်းချက်၊ စိန်ခေါ်မှု၊ အခက်အခဲများကို မျှဝေဆွေးနွေးနိုင်စေရန်နှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့် နည်းလမ်းများအား ရေးဆွဲနိုင်စေရန် ရည်ရွယ်ပြီး ကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်ဟု ဒေါ် အေးအေး (Advocacy Manager- Equality Myanmar) က ဆိုပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းနှင့် တနင်္သာရီတိုင်းတို့မှ အမျိုးသမီးအခွင့် အရေးဆိုင်ရာ လုပ်ဆောင်နေသော အရပ်ဘက်အဖွဲ့အစည်းများမှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ တက်ရောက်ခဲ့ပါသည်။
အားလုံးအတွက် လူ့အခွင့်အရေးစီမံကိန်းသည် ဥရောပသမဂ္ဂ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ညီမျှခြင်းမြန်မာ၊ ဖွံ့ဖြိုးရေးမဏ္ဍိုင်နှင့် DCA- NCA အဖွဲ့များ ပူးပေါင်းဆောင်ရွက်သော စီမံကိန်း ဖြစ်ပါသည်။
Leave a Reply
Want to join the discussion?Feel free to contribute!