ချင်းပြည်နယ်၊ တီးတိန်မြို့တွင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ

Equality MyanmarJune 28, 2019

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ဇွန်လ ၂၇ ရက်နေ့က လူ့အခွင့် အရေး အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပါသည်။

ဟောပြောပွဲသို့ တီးတိန်မြို့နေ ပြည်သူလူထုမှ တက်ရောက်ခဲ့ကြပြီး သင်တန်းသားဦးရေစုစုပေါင်း ၆၂ ဦး တက်ရောက် ဆွေးနွေးခဲ့ကြ ပါသည်။

အရင်ကသင်တန်းမတက်ဖူးတော့ ဘာမှမသိဘူးပေါ့နော်။ အခုသင်တန်း တက်လိုက်တော့ လူတိုင်းလူတိုင်းမှာ အခွင့်အရေးရှိတယ်ဆိုတယ်ကို သိလိုက်ရတယ်။ ဘယ်သူ့ကိုမှ ခိုင်လုံတဲ့ အထောက်အထားမရှိဘဲ မစွပ် စွဲရဘူး၊ အပြစ်မရှိဘူးဆိုတာကို သိလိုက်ရပါတယ်။ (ဟောက်ဒက်ဆုန်)
ထိုဟောပြောပွဲတွင် လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေညာစာတမ်း ပါအခွင့်အရေး များ ကိုဆွေးနွေးခဲ့ပြီး လူ့အခွင့် အရေးချိုးဖောက်မှုများအား တိုင်ကြားနိုင်ရန် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါသည်။

အရင်က တစ်ခုခုလုပ်ချင်တယ်ဆိုရင် ဒါလူ့အခွင့်အရေးဆိုပြီး လုပ်ချင် သလို လုပ်ဖြစ်ပါတယ်။ ဒီနေ့ emphasis ထားမိတာကတော့ လူ့အခွင့် အရေးအပိုဒ် ၂၆ မှာ လူတိုင်း ဆင်းရဲချမ်းသာမရွေး ပညာသင်ကြားခွင့် ရှိတယ်ဆိုတာ သိလိုက်တယ်။ ကိုယ့် ဘေးနားမှာ ပညာမသင်ကြားနိုင် တဲ့သူတွေကို တွေ့ရင်လည်း ဒါနဲ့ပတ်သက်ပြီး ပြောပြနိုင်မယ်လို့ ထင်ပါတယ်။ (လျန်ငိုက်နွမ်း)

အဆိုပါဟောပြောပွဲတွင် ညီမျှခြင်းမြန်မာမှ သင်တန်းနည်းပြ ဒေါ်ဝါဝါပြုံး နှင့် လူ့အခွင့်အရေး ပညာပေးသူများ ကွန်ယက် (HREN) မှ မိုင်ထွေးထွေးဝင်း တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *