အရပ်ဘက်အဖွဲ့အစည်းများ ရေရှည်တည်တံ့ခိုင်မြဲမှု

မြန်မာနိုင်ငံသည် နှစ်ငါးဆယ်ကျော်မျှ အာဏာရှင်အုပ်ချုပ်မှုစနစ်အောက်တွင်ရှိခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်ကတည်းက သိသိသာသာ အသွင်ကူးပြောင်းလဲခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထမဆုံး စစ် ဘက်အုပ်ချုပ်မှုအပြီး ဆယ်စုနှစ်များအတွင်းကျင်းပနိုင်ခဲ့သော အမျိုးသားလွှတ်တော်၏ ရွေးကောက်ပွဲ၊ ပြည်နယ်အဆင့်ဥပဒေပြုရေးစနစ်သစ်များအား ဖန်တီးခြင်းနှင့် အရပ်ဘက်အဖွဲ့အစည်းနှင့် သတင်းမီဒီယာများအား ကန့်သတ်ထားရှိချက်များ ဖြည်းညင်းစွာ ဖြေလျှော့ခြင်းတို့အပါအဝင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကျယ်ပြန့်စွာ မိတ်ဆက်လာခဲ့သည်။ ၂၀၁၅တွင်ကျင်းပခဲ့သော ဒီမိုကရေစီ ဆန်ရွေးကောက်ပွဲကြီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)၏ အရပ်သားအစိုးရမှ ၂၀၁၆ ခုနှစ်တွင် အာဏာရမည့်အနေအထားသို့ ဦးတည်လာခဲ့သည်။ ရွေးကောက်ခံအစိုးရသည် နိုင်ငံရေးအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများ သဘောတူပဋိညာဉ်စာချုပ် (အိုင်စီအီးအက်စ်စီအာ) အား လက်မှတ်ရေးထိုးခြင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် နှင့် စုဝေးခွင့်အပေါ် သက်ရောက်နေသော ဥပဒေများအား ပြုပြင်ပြောင်းလဲခြင်းစသည့် အပြုသဘောဆောင်သော ဖွံ့ဖြိုးတိုးတက်မှုများကို အစပျိုး ဆောင်ရွက်လာခဲ့သည်။ သို့သော်လည်း ရွေးကောက်ခံအစိုးရသည် ကန့်သတ်သောဥပဒေများ အထူးသဖြင့် သတင်းဆက်သွယ်ရေးဥပဒေဖြင့် အာဏာပိုင်အစိုးရများအားဝေဖန်ခြင်းကို ဖိနှိပ်ရန် ရာဇဝတ်မှုကျူးလွန်သူအား ရှုတ်ချရန်ရည်ရွယ်ချက်ရှိရှိဖြင့် ဆက်လက်အသုံးပြုနေဆဲဖြစ်သည်။

အပြည့်အစုံရယူရန်