အရပ်ဖက်အဖွဲ့အစည်းများရေရှည်တည်တံ့ခိုင်မြဲမှု

မြန်မာနိုင်ငံသည် နှစ်ငါးဆယ်ကျော်မျှ အာဏာရှင်အုပ်ချုပ်မှုအောက်တွင်ရှိခဲ့ပြီးနောက်၊ ၂၀၁၁ ခုနှစ်ကတည်းက သိသိသာသာ သွင်ကူးပြောင်းလဲခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး စစ်တပ်အုပ်ချုပ်မှုအပြီး ဆယ်စုနှစ်များအတွင်း ကျင်းပနိုင်ခဲ့သော အမျိုးသားလွှတ်တော်၏ရွေးကောက်ပွဲ၊ ပြည်နယ်အဆင့်ဥပဒေပြုရေးစနစ် သစ်များအားဖန်တီးခြင်းနှင့် အရပ်ဖက်အဖွဲ့အစည်းနှင့် သတင်းမီဒီယာများအား ကန့်သတ်ထားရှိခြင်းများ ဖြည်းညှင်းစွာဖြေလျော့ခြင်းတို့အပါအဝင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကျယ်ပြန့်စွာမိတ်ဆက်လာခဲ့သည်။