အရပ်ဖက်အဖွဲ့အစည်းများရေရှည်တည်တံ့ခိုင်မြဲမှု
မြန်မာနိုင်ငံသည် နှစ်ငါးဆယ်ကျော်မျှ အာဏာရှင်အုပ်ချုပ်မှုအောက်တွင်ရှိခဲ့ပြီးနောက်၊ ၂၀၁၁ ခုနှစ်ကတည်းက သိသိသာသာ သွင်ကူးပြောင်းလဲခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး စစ်တပ်အုပ်ချုပ်မှုအပြီး ဆယ်စုနှစ်များအတွင်း ကျင်းပနိုင်ခဲ့သော အမျိုးသားလွှတ်တော်၏ရွေးကောက်ပွဲ၊ ပြည်နယ်အဆင့်ဥပဒေပြုရေးစနစ် သစ်များအားဖန်တီးခြင်းနှင့် အရပ်ဖက်အဖွဲ့အစည်းနှင့် သတင်းမီဒီယာများအား ကန့်သတ်ထားရှိခြင်းများ ဖြည်းညှင်းစွာဖြေလျော့ခြင်းတို့အပါအဝင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကျယ်ပြန့်စွာမိတ်ဆက်လာခဲ့သည်။



ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
