အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၂
ရုပ်သံ သတင်းအချက်
ဒီနေ့မှာတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၂ ကို ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဖွေးဖွေး က ဖတ်ပေးမှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးနေ့ကို ပါဝင်ဆင်နွှဲချင်သူများအနေဖြင့် ကိုယ်နှစ်သက်ရာအပိုဒ်ကို ဗီဒီယိုရိုက်ပြီး page ကို ပေးပို့နိုင်ပါတယ်။ အခု အပိုဒ် ၁၂ ကို ဖတ်ရှုချင်ပါက အောက်မှာ ရေးပေးထားမယ်။ ဖတ်ပြီး ဗီဒီယိုရိုက်ကာ page ရဲ့ message box လေးကို ပေးပို့ပေးနိုင်ပါတယ်။ page တွင် ပြန်လည် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
