UPR mid term report ကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဆီကို တင်ပြ
Equality Myanmar March 22, 2018
မတ်လ၊ ၂၂ရက်၊၂၀၁၈ ခုနှစ်တွင်အရပ်ဘက် အဖွဲ့အစည်းများမှ စုပေါင်းရေးသားထားသော UPR Midterm Report ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နှင့်တွေ့ဆုံးပြီး တိုင်ပင်ဆွေးနွေးသည့် အစည်းအဝေးကို မြန်မာနိုင်ငံ လူ့အခွင့် အရေး ကော်မရှင်ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ အရပ်ဘက် အဖွဲ့အစည်းများမှ စုစုပေါင်း (၁၇) ဦး တက်ရောက်ပြီး၊ လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင် ဥက္ကဌ အပါအဝင် စုစုပေါင်း(၆) ဦး တက်ရောက်ခဲ့ပါသည်။
အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင် (၉)ဦးမှ အစီရင်ခံစာတွင်းထည့်သွင်းရေးသားထားသော လက်နက်ကိုင်ပဋိပက္ခအကြား အမျိုးသမီးအခြေအနေ၊ ကျား၊ မ တန်းတူမညီမျှမှု၊ ကလေး၊ LGBT၊ အကျင့်ပျက် ချစားမှု၊ ငြိမ်းချမ်းရေး၊ လက်နက်ကိုင်ပဋိပက္ခ၊ နိုင်ငံတကာ လူ့အခွင့်အရေးယန္တရားနှင့် လူကုန်ကူးမှု စသည့်အကြောင်းအရာ (၉)ခုကို တင်ပြဆွေး နွေးခဲ့ပါသည်။
လူ့အခွင့်အရေးကော်မရှင်မှလည်း တင်ပြချက်များအပေါ် မှတ်ချက်များပေးပြီး၊ ၎င်းအစီရင်ခံစာကို အစိုးရသို့ တင်သွင်းပေးမည် ဖြစ်ကြောင်း ပြောကြားဆွေးနွေးခဲ့ကြပါသည်။


ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
