အခြေခံလူ့အခွင့်အရေးအမြင်ဖွင့်သင်တန်း မင်းတပ်၊ ချင်းပြည်နယ်တွင် ကျင်းပပြီးစီး

Equality Myanmar April 27, 2017
Equality Myanmar မန္တလေးရုံးနှင့် လူ့အခွင့်အရေးပညာပေးသူများ ကွန်ယက်တို့ှ ပူးပေါင်းကာ လူ့အခွင့်အရေး အမြင်အဖွင့် သင်တန်းကို ကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုသင်တန်းကို၂၀၁၇ ခုနှစ်ဧပရယ် ၃ ရက်နေ့ မှ ၇ ရက်နေ့ အထိ မင်းတပ်မြို့၊ ချင်းပြည်နယ်တွင် (၅)ရက်တိုင်တိုင်ကျင်းပပြု လုပ်ခဲ့ပါသည်။ထိုသင်တန်းတွင် အမျိုးသမီး (၁၈)ဦး၊ အမျိုးသား(၇)ဦး ၊ စုစုပေါင်း (၂၅) ဦးတက်ရောက်ခဲ့သည်။ သင်တန်းသားထဲတွင် အသက်အရွယ်(၁၆) နှစ်မှ စတင်ကာ(၄၈)နှစ်အထိ ပါဝင်သဖြင့် အသက်အရွယ်အားဖြင့်Diversity ဖြစ်သည့် သင်တန်းတစ်ခုဖြစ်သည်။ သင်တန်းကာလအတွင်း နည်းပြများဖြစ်သည့် မဝါဝါပြုံးနှင့် ကိုမာန်အောင် တို့မှ လူ့အခွင့်အရေး အယူအဆနှင့် အဓိပ္ပါယ်၊ လူ့အခွင့်အရေးနှင့် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးအယူအဆများ ပေါ်ပေါက်လာပုံ သမိုင်းကြောင်း၊ လူ့အခွင့်အချက်အလက် များကို အသေးစိတ် ဆွေးနွေးမှု များ၊ မြန်မာနိုင်ငံ၏၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၈)နှင့် လူ့အခွင့် အရေး အချက်များ နှိုင်းယှဉ်ခြင်း၊လူူ့အခွင့်အရေးအမျိုးအစားများ၊ အုပ်စု လိုက်အခွင့်အရေးပေါ်ပေါက်လာပုံများနှင့် မြန်မာနိုင်ငံ အနေဖြင့် မည်သည့် စာချုပ်များကိုလက်မှတ်ရေးထိုး ထားကြောင်း၊အစိုးရ၏ တာဝန်ရှိမှုများ၊ လူ့အခွင့်အရေး လုပ်ငန်းစဉ်များနှင့် လူ့အခွင့်အရေးချိုးဖေါက် ခံရပါက တိုင်ကြားနိုင်သည့်ယန္တယားများကို ဆွေးနွေးခဲ့ကြသည်။


လူ့အခွင့်အရေးအယူအဆနှင့်အဓိပ္ပါယ်များကို သိရှိနားလည်လာကြသည့် အပြင် သင်တန်းကာလအတွင်း တစ်ဦး နှင့်တစ်ဦးခွဲခြားဆက်ဆံမှုများ လျော့နည်းလာကြသည်ကိုတွေ့ရပါသည်။ ထို့အပြင် အမျိုးသမီး အရေး လှုပ်ရှားသူများပါဝင်သဖြင့် အမျိုးသမီးအခွင့်အရေးနှင့် ပတ်သက်၍ တက်ကြွစွာပါဝင်ဆွေးနွေးခဲ့ကြ သည်များကို တွေ့ရပါသည်။ ထို့အပြင် သင်တန်းကာလတွင်း သိရှိခဲ့ရသည့် အကြောင်းအရာများကိုလည်း မိမိတို့ ပတ်ဝန်းကျင်တွင် ပြန်လည် မျှဝေသွားကြမည် ဖြစ်ကြောင်းပြောကြား ထားသည်များလည်းရှိပါသည်။
သင်တန်းကြောင့်အတွေးအခေါ်များ၊ထင်မြင်ယူဆချက်များကွဲပြားသွားပါသည်။ လူ့အခွင့်အရေးကို လိုက်နာ၍ သူတစ်ပါးအားပြောဆိုဆက်ဆံရန်၊ မိမိအားလူ့အခွင့်အရေး၊ ချိုးဖောက်မှုများပြုလုပ်လာပါကလည်း ဥပဒေကို အကူအညီယူကာ ဖြေရှင်းရမည်ဟုထင်မြင်လာပါသည်။ မိမိပတ်ဝန်းကျင်ရှိလူများအားလည်း လူအခွင့်အရေး အကြောင်းပြောပြမည် ဟုလည်း ထင်မြင်မိပါသည်။ (မောင်ဟာထန်းဟာ)
ICCPR ICESCR စာချုပ်အကြောင်းလည်းသိရှိ သဘောပေါက်လာပါ တယ် ။အစိုးရမှ တာဝန်ယူဖြည့်ဆည်းလုပ် ဆောင်ပေးရမည့်အခန်း ကဏ္ဍများနှင့် ပြည်သူလူထု၏ လိုလားမှု၊ အသံ၊ပါဝင်မှု၊ လုပ်ဆောင်ရမည့် ကဏ္ဍများကို ပိုင်းခြားနားလည်သိရှိလာပါသည်။ (ဒေါ်ယောပိုင်)
လူ့အခွင့်အရေးအပိုဒ်များးကို သေချာစွာသိရှိလားနားလည် သဘောပေါက် လာပါသည်။ အခြားသင်ခန်းစာများ ကို နားလည်လက်ခံလာပါတယ်။ လက်တွေ့ဘဝမှာလည်း ပတ်ဝန်းကျင်မှာ လူ့အခွင့်အရေးအယူအဆများကို ကျင့်သုံးသွားမှာဖြစ်ပါတယ်။ (တန်စိမ်ဟိန်း)