မာတီမီဒီယာ
ဒီရက်သတ္တပတ်မှာတော့ နေအိမ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုအခွင့်အရေး ဆိုတဲ့ဇာတ်လမ်းလေးကို တင်ပြပေးသွားမှာဖြစ်ပါတယ်။
ဇာတ်လမ်းကို လူနေအိမ်များနှင့် ရပ်ကွက်ပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးများသိရှိစေရန် ရည်ရွယ်ပြီး ညီမျှခြင်းမြန်မာအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းနှင့် ဧဒင်၊ နှင်းသီတာလှိုင်၊ လွှမ်းမိုးအောင်၊ အတူးလေးတို့က ရန်ကုန်မြို့စွန်ရှိ ရပ်ကွက်တခုသို့ သွားရောက်လည်ပတ်ရင်း ဆွေးနွေးကြပုံကို ဇာတ်လမ်းအဖြစ် ရိုက်ကူးတင်ဆက်းထားပါတယ်။
ဆရာနှင့် သူ၏တပည့်များက ရန်ကုန်မြို့စွန်ရပ်ကွက်တခုရှိ မိတ်ဆွေတဦးထံ ဝင်ရောက်လည်ပတ်ရာမှ ဖွံ့ဖြိုးမှုနောက်ကျတဲ့ ရပ်ကွက်ရဲ့ အနေအထားကိုမြင်တွေ့သွားကြပြီး၊ ထိုအကြောင်း
အရာနှင့် ဆက်နွယ် ပြီးတပည့်များက ဆရာဦးအောင်မျိုးမင်းအား သိလိုတဲ့အကြောင်းအရာတွေကို မေးမြန်းခဲ့ကြတယ်။
ဆရာမျိုးမှ နေအိမ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ အချက် ၇ ချက်ကိုရှင်းပြပေးခဲ့ပြီး နောက်ရပ်ကွက်တွင်းနေထိုင်သူတဦးကို ရပ်ကွက်အကြောင်း၊ လိုအပ်ချက်များအကြောင်း မေးမြန်းခဲ့တယ်။
ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေတွေကို နိုင်ငံတကာက စိတ်ဝင်တစား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးချက်တွေ၊ မြန်မာနိုင်ငံရဲ့ တုန့်ပြန် လုပ်ဆောင်ချက်တွေအပေါ် မူတည်ပြီး လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ထပ်ပြီး ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ ဇွန်လ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ “ညီမျှခြင်းမြန်မာ” အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကို RFA ဝိုင်းတော်သူ မခက်မာက ဆက်သွယ်မေးမြန်းထားပါတယ်။
နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ စာချုပ် လက်မှတ်ရေးထိုးရေးကမ်ပိန်းတခုကို အခြေခံပြီးရိုက်ကူးထားသည့် ပညာပေးဇာတ်လမ်းကို တင်ဆက်ပေး မှာဖြစ်ပါသည်။
နိုင်ငံတကာနိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာစာချုပ်အား နိုင်ငံတော်အစိုးရမှ ပါဝင်လက်မှတ် ရေးထိုးလာစေရန်နှင့် ပြည်သူ လူထုများလည်း နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများကို သိရှိပြီး အစိုးမှ လက်မှတ်ရေးထိုးဖို့ တောင်းဆိုလာစေရန် ရည်ရွယ်ပြီး တင်ဆက် ထားခြင်း ဖြစ်ပါသည်။
ညီမျှခြင်းမြန်မာ
ညီမျှခြင်း မြန်မာ” သည် လူ့အခွင့်အရေး ပညာပေးအစီအစဉ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မှတ်တမ်းတင်ကာ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများနှင့် ၎င်းတို့၏ မိသားစုများအတွက် အရေးပေါ် ပံ့ပိုး မှုများ ပံ့ပိုးပေးသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း တခုဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ၊ ပညာပေးသူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ လည်းပါဝင်သည်။ ကျွန်ုပ်တို့၏ အစီအစဉ်များနှင့် လှုပ်ရှားမှု များသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၌ ထိရောက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ညီမျှခြင်း မြန်မာသည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအကြပ်အတည်းကြောင့် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ခိုင်မာသော လူ့အခွင့်အရေး ယုံကြည် ချက်ဖြင့် ရပ်တည်နေခဲ့သည်။
Business Hours
Our support Hotline is available 24 Hours a day: (555) 343 456 7891
- Monday-Friday: 9am to 5pm
- Saturday: 10am to 2pm
- Sunday: Closed
