မာတီမီဒီယာ

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ “Human Rights Defender” တွေကို အစိုးရက ရန်သူလိုသဘောထားလာတဲ့အပြင် အမြင်မတူသူတွေရဲ့ အသက်အန္တရာယ်အထိ ခြိမ်းခြောက်မှုတွေကိုပါ ခံလာရတဲ့ အခြေအနေတွေနဲ့ ကြုံတွေနေကြရပါတယ်။

ဒီ “လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ” အကြောင်းကိုတော့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဖိုရမ်က ဦးအောင်ဇော်ဦး၊ အသံ အဖွဲ့အစည်းက မောင်ဆောင်းခနှင့် လူ့အခွင့်အရေးနည်းပြကွန်ရက်က မသင်ဉ္ဇာခိုင်တို့ ဆွေးနွေးခဲ့ပါတယ်။

၇၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အကြိုအထိမ်းအမှတ်အနေဖြင့် လူ့အခွင့်အရေးဆွေးနွေးပွဲစကားဝိုင်းအစီအစဉ်ကို ညီမျှခြင်းမြန်မာနှင့် MCN သတင်းဌာနတို့က ပူးပေါင်းတင်ဆက်ပေးသွားဖို့ ၂၉ ရက်၊ နိုဝင်ဘာလ ၂၀၁၉ ခုနှစ်တွင် ရိုက်ကူးခဲ့ပါတယ်။

ယခု ၂၀၁၉ ခုနှစ်အတွက် ရွေးချယ်ထားသော ဆောင်ပုဒ်မှာ “လူသားအားလုံး အခွင့်အရေး လူငယ်များက ရပ်တည်ပေး” ၊“ Youth Standing Up for Human Rights” ဖြစ်ပါသည်။

၇၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ကို ကြိုဆိုတဲ့အနေနဲ့
“တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး” ‌ဆွေးနွေးပွဲစကားဝိုင်းအစီအစဉ်ကို ညီမျှခြင်း မြန်မာအဖွဲ့နဲ့ MCN သတင်းဌာနတို့က ပူးပေါင်း ထုတ်လွှင့်ခြင်းဖြစ်ပါတယ်။

“ တရားဥပဒေ စိုးမိုးရေး” ဆိုတာ “နိုင်ငံတွင် စိုးမိုးထားတဲ့ ဥပဒေတွေက တရားမျှတမှု ရှိရမယ်” လို့ ဆိုလိုကြောင်း၊ “ ပြည်သူလူထုအနေနဲ့ ရရှိခံစားခွင့်ရှိတဲ့ လူ့အခွင့်အရေး၊ ဥပဒေအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေကို ပြည်သူလူထုကိုယ်တိုင် သိထားရမယ်” ဆိုတဲ့အကြောင်း‌တွေနဲ့အတူ လူ့အခွင့်အရေးနဲ့ တရားစီရင်ရေးက ဘယ်လိုဆက်စပ်နေလဲ၊ လူ့အခွင့်အရေးကို လေးစားတဲ့ တရားရေးမဏ္ဍိုင်ဖြစ်အောင် ဘာတွေပြောင်းလဲသင့်လဲ၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးလေးစားတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ဘာတာဝန်တွေ လိုက်နာသင့်သလဲ စတဲ့အကြောင်းအရာတွေကို ‌ဆွေးနွေးပေးထားပါတယ်။

ဤရုပ်သံကိုထုတ်လွှင့်ရခြင်း ရည်ရွယ်ချက်မှာ ပြည်သူများ နှိပ်စက် ညှင်းပန်းခံရသူများကို အားပေးကူညီရေးနေ့ အကြောင်းသိစေရန် ဖြစ်ပါသည်။

ဒီမိုကရေစီစနစ်မှာ ရှိရမည့် ပညာရေးစံချိန်စံညွှန်းအကြောင်းကို အများပြည်သူတွေ သိရှိစေရန် ရည်ရွယ် ပြီးတော့ ရိုက်ကူး တင်းဆက်ထားပါတယ်။

လူ့အခွင့်အရေးဆိုင်ရာကြေညာစာတမ်းလူ့အခွင့်အရေးကာကွယ်စောင့် ရှောက်သူများအကြောင်း ထုတ်လွှင့်ပြသခဲ့ပါသည်။
ဆက်လက်ပြီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဆိုင်ရာ
ကြေညာစာတမ်း အကြောင်းကို ထုတ်လွှင့်ပြသ ပေးသွားမည်ဖြစ်ပါသည်။
လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဆိုင်ရာ ကြေညာစာတမ်းကို နားလည်လွယ်ကူစေရန် ဇာတ်လမ်း အဖြစ်ရိုက်ကူးတင်ဆက်ပေးထားပါသည်။

လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအကြောင်းသိရှိစေရန်ရည်ရွယ်ပြီး ထုတ်လွှင့်ပြသခြင်းဖြစ်ပါသည်။
ဇာတ်လမ်းတွင် ညီမျှခြင်းမြန်မာအဖွဲ့၏ အမှုဆောင်ဒါရိုက်တာဦးအောင်မျိုးမင်းက သူ၏တပည့်များအားရုံးခန်းသို့ခါ်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ပွဲကိုမည်ကဲ့သို့ ကျင်းပပြုလုပ်ကြမည်ကို အကြံဉာဏ်များခေါ်ယူဆွေးနွေးခဲ့သည်။

မင်္ဂလာပါ လို့လူ့အခွင့်အရေးစကားသံအစီအစဉ်မှ ကြိုဆိုနှုတ်ခွန်ဆက်သအပ်ပါသည်။
နောက်လာမည့် တပတ်တွင် “လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း” ဆိုသည့် ခေါင်းစဉ်လေးဖြင့် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါသည်။

မင်္ဂလာပါ လူ့အခွင့်အရေးစကားသံအစီအစဉ်မှ ကြိုဆိုပါသည်။
အခုထုတ်လွှင့်ပေးသွားမည့် လူ့အခွင့်အရေးစကားသံအစီအစဉ်လေးမှာ “အများပြည်သူနှင့် ဆိုင်သည့် နေရာများတွင် အမျိုးသမီးများအပေါ် ကာယိန္ဒြေ္ဒထိပါး နှောက်ယှက် ခြင်း”ဆိုသည့် အကြောင်းဖြစ်ပါသည်။

အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင် အမျိုးသမီးများ ထိပါး၊ နှောက်ယှက်ပါခံရပါက မည်သို့သော ဥပဒေပုဒ်မများဖြင့် တိုင်တန်းနိုင်ကြောင်း သိရှိစေရန် ရည်ရွယ်ပြီး ထုတ်လွှင့်ပေးခြင်း ဖြစ်ပါသည်။